Tuesday, April 24, 2012

ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ (၁)

ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ (၁) by Kyawzwar Winmg on Monday, 23 April 2012 at 16:16 · ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ ၁၉၉၂ ခုနှစ် မေလ ၂၆ ရက်နေ့က ညနှောင်းပိုင်း လွယ်ဂျယ် (ဗန်းမော် ဒေသ) စခန်းမှာ လက်နက်ချပြီးတော့ ဂျွန်လ ၁ ရက် နေ့ နဲ့ ၃ ရက် နေ့တွေမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ဆုံမေူမြန်းခန်းပြီးကတည်းက စိတ်နာလွန်းလို့ ဒီအကြောင်း တွေကို ဘာမှ မပြောဖြစ်ခဲ့ဘူး။ ပြန်ရောက်ခါစက အိမ်တိုင်ရာရောက် လာပြီးလှောင်ပြောင်ခဲ့တဲ့သူတွေ ၊ ရိရိသဲ့သဲ့လုပ်တာတွေကို ရှောင်ရှားချင်လို့ နယ်မြေရပ်ခြားမှာ ခြောက်နှစ်လောက် သွားနေခဲ့သေးတယ်။ ဒါပေမယ့် သံချောင်း ကိစ္စကြီးပေါ်လာတော့ ငါ့ ရင်တွေ ဗလောင်ဆူ လာတယ်။ သံချောင်းကို Hero ကြိး တစ်ယောက်လိုတောင် တစ်ချို့က ပြောကြတယ်။ အစိုးရက ဖမ်းလိုက်တာနဲ့ အစိုးရမကောင်းပြောလိုက်တာနဲ့ ချက်ချင်း ဟီးရိုးတံဆိပ် တပ်ပေးလိုက်ကြတယ်လို့ ထင်တယ်။ မြောက်ပိုင်းလို့ ဒို့ခေါ်တဲ့ ဗမာပြည်မြောက်ပိုင်း ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကာယကံရှင်တွေက လွဲလို့ ဟိုမျိုးဆက် ဒီမျိုးဆက် ဘယ်မျိုးဆက်ကမှ တိတိကျကျ မသိနိုင်ခဲ့ကြဘူး။ မသ်နိုင်တဲ့ အကြောင်းကလည်း ဒီလောက် လူမဆန်တဲ့ ယုတ်မာရိုင်းစိုင်းတဲ့ အကြောင်းအရာတွေကို ကာယကံရှင်တွေကလည်း ရေးချင်တဲ့ စိတ်၊ ပြောချင်တဲ့ စိတ် ရှိကို မရှိခဲ့ကြဘူး ။ အခုတော့ ပြောစရာ အကြောင်းတွေ ရှိလာပြီ ပြောရင် အတော်ရှည်တယ်။ ငါတို့ကို သတ္တိမရှိလို့ ပြန်ပြေးလာတဲ့ကောင်တွေ အလကား ကောင်တွေလို့ စွတ်စွဲတယ်။ ထောင်ကျဘူးမှ နိုင်ငံရေးသမား စစ်စစ်ကွ ဆိုပြီး အချောင်တိုက်ခိုက်တဲ့ ထောင်ထွက် အချို့လည်း ရှိခဲ့တယ်။ သဘောတရား ရှင်းရှင်းလေး တစ်ခုကနေ ငါ စပြောမယ် ။ ထောင်ထဲမှာ ထမင်းတော့ မငတ်ပါဘူးကွာ... မီးမွေးလို့ မရလို့ ဆန်ကို ရေစိမ်ပြီး ဝါးခဲ့ရတာတွေ.. စားစရာ ဘာမှ မရှိလို့ အငတ်ခံရတဲ့နေ့တွေ အများကြီး ငါတို့ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် အဲဒီ ဒုက္ခတွေ ကြောင့် ငါတို့ (၅၅)ယောက် အုပ်စု ပြန်လာတာ မဟုတ်ဘူး ။ မင်းတို့ ထောင်ထွက်တွေထဲ ပြန်ကြည့်ပါဦး ဝန်ခံချက်တွေ လက်မှတ်တွေ ထိုးပြီးထွက်လာတဲ့သူတွေ အများကြီးပါ။ ခုမှ အသံကောင်း ဟစ်နေတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ ဒု နဲ့ ဒေးပါ ။ အချင်းချင်းပြန်သတ်တဲ့ထုံးစံတွေက လက်နက်ကိုင် လမ်းစဉ်မှာ ရိုးနေပါပြီ။ ဒါပေမယ့် “ ကျောင်းသူ မိန်းမပျိုလေး တစ်ယောက် ကို လက်ပြန်ကြိုးတုတ် ကိုယ်တုံးလုံးချွတ်ပြီး လူသတ်ကုန်းကို ခေါ်သွားကြတာ ထိုင်ကြည့်နေရတဲ့ ငါတို့ ဘယ်လိုဘယ်လောက်ခံစားခဲ့ရမလဲ... ငါတို့ ကိုယ်တိုင်လည်း လက်ပြန်ကြိုးတွေ သံခြေခြင်းတွေနဲ့ အသတ်ခံရမယ့် နောက်အသုတ်အတွက် စောင့်ဆိုင်းနေရတဲ့အချိန်.. ဘယ်သူ..ဘယ်သူမှ မကူနိုင်ကြဘူး။ ဥဒေါင်းမင်း ဂါထာကို အပါက် အလမ်း မတည့်စွာ ရွတ်နေကြရတဲ့ အချိန်၊ အဲဒီအချိန်မှာ ကြားလိုက်ရတဲ့ အသံတွေက “ ကျွန်မကို သတ်ချင်ရင်လည်းသတ်ကြပါရှင်.. ဒီလိုတော့ မလုပ်ကြပါနဲ့.. တောင်းပန်ပါတယ်လို့ ပြောသံ...” “ ငါ့ ရဲပေါ်တွေ Full ကား မကြည့်ရတာကြာပြီ.. မရဘူးလုပ်မှာပဲ ” လို့ ပြန်ပြောတာတွေ မင်းတို့ ဆိုရင်ကော နှမချင်းစာနာစွာနဲ့ ဒီအသံတွေကို နားခံနိုင်မလား..။ အဲဒီနေ့က ၁၂-၂-၉၂ နေ့ ။ မှတ်မှတ်ရရ အသတ်ခံရတာ(၁၅)ယောက်၊ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်)ဥက္ကဌ ကိုထွန်းအောင်ကျော် ၊ တပ်မှူးကြီးသာဓု ၊ ဒေါ်ချိုချိုကျော်ငြိမ်းရဲ့ သား မောင်မောင်ကြွယ်တို့လည်း အဲဒီ အထဲ ပါတယ်။ ( အဲ ထူးထူးခြားခြား မောင်မောင်ကြွယ် က အသတ်မခံရခင် မှာ နာနာကြည်းကြည်း နဲ့ အော်ဟစ် ရယ်မောပြီး အသတ်ခံသွားခဲ့တယ်)။ သတ်တဲ့လူတွေတောင် အမူးပြေသွားတဲ့ အထိ ညဘက်တွေမှာ အဲဒီရယ်သံကြီး ပြန်ပြန်ကြားနေရတယ် ဆိုပြီး သွေးပျက်နေခဲ့ကြသေးတယ်။ တောင်းပန်လို့ မရတဲ့ မိန်းမပျိုလေးက “ အားလုံးကို ကန်တော့ခဲ့ပါတယ်.. ဘဝဆက်တိုင်း ဒီအဖြစ်ဆိုးမှ ကင်းလွတ်ရပါလို၏ ဘုရား” ဆိုပြီး အသတ်ခံသွားခဲ့တယ်...။ အဲဒီ လူသတ် သဘင်ပွဲကြီးကို ဦးဆောင်ခဲ့တာ ဘယ်သူလဲ သိလား...။ ဆက်လက်ဖော်ပြပါမည်။ ကျော်စွာဝင်းမောင် ၁၄-၆-၀၇ ၁၂-၂-၉၂ by Kyawzwar Winmg on Saturday, 21 April 2012 at 11:35 · ၁၂-၂-၉၂ အကြောင်းအမျိုးမျိုးကြောင့် အခြေအနေ အထွေထွေကြောင့် ခင်ရွှေလှိုင် နဲ့ ပတ်သက်လို့ ကျွန်တော့် ကို အမျိုးမျိုး ချောင်ပိတ်မေးနေကြသူတွေကို ကျွန်တော်ပြောပြမယ်။ “ ၄၀၁ က ကျွန်မရဲ့ ရဲဘော်တွေ ဆိုတာ ” သူက မင်းတို့ ရဲ့ ဗိုလ်ကြီး မမ လား ဆိုတဲ့ မေးခွန်းမှာ မဟုတ်ပါ ။ဲပြည့်စိုးနိုင်(ခ)မျီုးနိုင် A/5881 ကျော်စွာဝင်းမောင် A/5882 ခင်ရွှေလှိုင် A/5883 အေဘီ(ဗဟို)မှ တရားဝင်ထုတ်ပေးသော ကိုယ်ပိုင် နံပါတ် တွေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် မရွှေ ဟာ ကျွန်တော့်ရဲ့ အချစ်ဆုံး ရဲဘော်ရဲဘက် တစ်ဦးပါ။ I never count male or female ဒါပေမယ့် ၁၂-၂-၉၂ ဆိုတဲ့ ခေါင်းစဉ် နဲ့ Punk သီချင်း တစ်ပုဒ်ကိုတော့ အောင်နိုင် ၊ နိုင်အောင် နဲ့ ကျူးလွန်ခဲ့တဲ့သူတွေ ရော ခံခဲ့ရတဲ့သူတွေ အတွက်ရော ရည်ညွှန်းလိုက်ပါတယ် ။ ၁၂-၂-၉၂ (သီချင်း) Punk Beat တိမ်တွေ ပြိုနေပြီ.... ငါ့ရဲ့ အခန်းထဲမှာ ဆေးသားပန်းချီ ပြယ်လွင့်သွား... အိပ်မက်များ .. စာတန်တွေရယ်... မြူးတူးကခုန် သလား ... ပျောက်ဆုံးသွားတဲ့ မျှော်လင့် တံခါးများ...။ နေရောင်မကယ်နီုင်ပြီ.... အတ္တ အမှောင်ထုကြီးကို... ပင့်ကုမျှင်နဲ့ အကျဉ်းချထား... ပိုးဟတ်များ.. နောင်တတွေနဲ့... အရှုံးပေးရမှာလား.... ကြေမွသွားတဲ့ ပန်းငယ်ရိုင်းများ..။ ကျိန်စာ ဝင်နေတဲ့ ... ည ဦးဏှောက်ကို ဖောက်စား ဆယ့်နှစ်ကြိုးတပ် ကဝေမရဲ့ ရေရွတ်သံများ ... အာဆံမြေရဲ့ တေးသွားများက နားထဲ မချိုလည်း လေလွင့်သွားတဲ့ မီးခိုးငွေ့များထဲ....။ Cho; အချိုမြိန်ဆုံး နမိတ် တစ်ခု ငါကြားခဲ့ရပြီ ဟေ့ အမှောင်ယံထဲမှာ လွတ်မြောက် သွားမဲ့ ငါ့ရဲ့ အတ္တ နှလုံးသား .... ... ရည်ညွှန်း (၁၂-၂-၂၀၁၂) ========================== ငါ့ အမ မငယ်လဲ ကျွန်တော် ဆီ စာရေးပါဦး.....။ ကျော်စွာဝင်းမောင် ၂၁-၄-၁၂ Kyawzwar Wingmg facebook မှကူးယူဖော်ပြသည်။

Sunday, April 15, 2012

နန်းအောင်ထွေးကြည် ၏ နလုံးသားပဲ့ တင်သံ

သမိုင်းအဖျက်ခံရသူများ ၏ ..စိမ်ခေါ်သံ http://2.bp.blogspot.com/-u9LjLm39NWA/Tz2Kx9-PSgI/AAAAAAAABQI/1g05Ja6Id6w/s400/3.jpg ကြောက်စရာမလို ပုန်းစရာလဲမလို ပြေးစရာမလို ရှောင်စရာလဲမလို မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့ အားလုံးကိုယ်စား ……. ငါကမင်းကို စိမ်ခေါ်တယ်၊ အနှစ် ၂၀ လုံးစကားတွေ ဖေါင်ဖွဲ. သူလျှိုမို.လို. သတ်ရပါသည် စပိုင်မို.လို. အပြစ်ပေးရပါသည် ရင်နဲ.မမျှ နာကျင်ခဲ့ရ အချိန်မတန်သေး၍ ရေငုံ နှုတ်ဆိတ်နေခဲ့ရသည်။ ငါ့လက်ထဲမှာ သေနတ်မရှိ ခုတ်ဖြတ်ဖို.လဲ ဒါးမရှိပါ လက်ဖြတ်ပစ်ဖို. မိုင်းမရှိ ရက်စက်ဖို.လဲ ကားစင်မရှိပါ ကွန်ပြူတာ ခလုပ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို မင်းကဘာလို. ကြောက်နေလဲ …….. အချိန်မဆွဲနဲ. ရှောင်မပြေးနဲ. ယောင်္ကျားဆိုတာ မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့ အားလုံးကိုယ်စား ……. ငါကမင်းကို စိမ်ခေါ်တယ်။ ဟိုးတစ်ချိန်က မနောမြေမှာ ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ် ကျောင်းသားစစ်တစ်ယေါက် မှားပါခဲ့ရင် ကိုယ့်စိတ်နဲ.ကိုယ် ကြိုးစင်တက်မတဲ့ ………. ကြောက်နေပြီလား အယောက် ၁၀၀ ဟာ ကျောင်းသားတွေပါ မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း အားလုံးကိုယ်စား …… ငါကမင်းကို စိမ်ခေါ်တယ်။ ရထားတဲ့ စစ်ချက်များ တင်ပြလိုက်စမ်း ရိုက်ထားတဲ့ကား ချပြလိုက်စမ်း မင်းသား မင်းသမီး တင်ကာထားသမို. ကြည့်လိုက်ခြင်းသည် ငါကဒါမေး မင်းကဒါဖြေ ဇတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ မရှိတဲ့အဆိပ် လုပ်ယူပြသ ဓါတ်ခဲထဲမှ အမှုံ.များနဲ. လိမ်ညာကေါက်ကျစ် ဒါလားကျောင်းသား မင်းမပြောနဲ. မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း အားလုံးကိုယ်စား …………ငါကမင်းကို စိမ်ခေါ်တယ်။ ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ ဒေါင်းယေါင်ဆောင်တဲ့ ကျီးလို လူတစ်စု အုပ်ချုပ်ခဲ့လို. ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့ ကမ္ဘာမကြေ မြန်မာပြည် ခွတ်ဒေါင်းတို.ရဲ. စိမ်ခေါ်သံတွေ ပျံ.နှံ.နေပြီ နားထောင်လိုက်စမ်း ကြောက်နေပြီလား မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း အားလုံးကိုယ်စား..... ငါကမင်းကို စိမ်ခေါ်တယ်။ လူမသတ်ခဲ့သော ကျောင်းသားလက်များ မိဘပြည်သူ ကြည်ဖြူလိမ့်မယ် ကျောင်းသားဆိုတာ ဖြူစင်ရတယ် သွေးညှီနံ.နဲ. ကင်းဝေးရတယ် ရှေ.ဆက်မပြောနဲ. ကျောင်းသားပါလို. မကဒတ က ကျောင်းသားတပ်မတော် မင်းတို.တတွေက ကျောင်းသားသတ်မတော် မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း အားလုံးကိုယ်စား….. ငါကမင်းကို စိမ်ခေါ်တယ်။ မင်းတို.တတွေရဲ. သမိုင်းကြွေး မင်းတို.ပြန်ပေး AB ကိုဖြူစင်အောင်လုပ် ပြည်သူတွေကြား ရွံအောင်မလုပ်နဲ. မင်းတို.တတွေကို ကျောင်းသားသမိုင်းမှာ ကဗျည်းတင်လိုက်မယ် စစ်အာဏာရှင် ဖက်ဆစ်များနဲ. တဂိုဏ်းထဲလို. ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ အားလုံးကိုယ်စား …… ငါက မင်းကို စိမ်ခေါ်တယ် ငါတို.သမိုင်းစစ် ပေါ်ထွန်းနေပြီ မင်းတို.သမိုင်းညစ် အများသိပြီ ငါ့မိဘရင် ငါပြန်ရဲတယ် ငါ့ပြည်သူ.ရင် ငါခိုလှုံရဲတယ် ငါတို.တတွေမှာ အပြစ်မရှိပါ ……. မင်းတို.မှာသာ အပြစ်က အနှစ် ၁၀၀ …….. ငါ့လိုမင်းတို. ပြည်ပြန်ရဲလား ပြည်သူ.ရှေ.မှောက် လျောက်လှမ်းရဲလား သံဃာမြတ်ကို ဖူးမျှော်ရဲလား ၈၈ မျိုးဆက်အပေါင်းနဲ. ပြန်ပေါင်းရဲလား မျိုးဆက်သစ်များနဲ. တွေ.ဆုံရဲလား မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း အားလုံးကိုယ်စား …. ငါကမင်းကိုစိမ်ခေါ်တယ်။ နန်းအောင်ထွေးကြည် (၁၉၉၁ မှ ၁၉၉၂ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင်နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သော။ တာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို.အား ရည်စူးပါသည်၊)

Thursday, April 12, 2012

 ” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း”

အမှတ်တရ ကဏ္ဍ  ” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း” (ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး) apr10,12 ကျနော့်ကို ၁၉၉၁ခု-နိုဝင်ဘာလလယ်မှာ SIO ထောက်လှမ်းရေးက-သံလိုင်ကတောင် (လိုင်စင်နဲ့ တဂိတ်ကျော်)လမ်းမှာ- ကျော်ထင်ဦ၊းမောင်ထွေး၊ဖိုးနှောင်း၊သက်နှင်းတို့ က မူးမူးနဲ့ -အတင်း ၀င်ဖမ်းပါတယ်။ကျော်ထင်ဦး အဓိကပါ။ လက်သီးနဲ့ ထိုး -လက်မ လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ လိုင်စင် စခန်းဂိတ်တဲ အရောက် မီးပုံက ထင်းမီးစနဲ့ မျက်နှာကို ရိုက် ...မီးစနဲ့ ထိုးပြီး- လမ်းတောက်လျှောက် ဆဲဆိုရိုက်နှက်လာပါတယ်။စခန်းမှူး အောင်ရဲစိုး(အရာခံဗိုလ်)က လှမ်းဟောက်လိုက်ပါတယ်။နောက် ထောက်လှမ်းရေးတဲကို အရောက်မှာ-သရေနံပါတ်ဒုတ်နဲ့ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့ ကို ရိုက်ပြီး-မင်အိုး ၂အိုးနဲ့ရိုက်ခွဲပါတယ်။ ကျနော့ တကိုယ်လုံး မင်တွေကော-သွေးတွေကော ရောကုန်ပါတယ်၊။ နောက် စစ်ရုံး အခန်းထဲ ခေါ်သွားပြီး လက်နောက်ပြန်ကြိုးတုပ်ပြီး-ကြသောင်းဝါးအချောင်း ၂၀လောက် ပုံထားပြီး-ခြေထောက်၂ချောင်းကို မေးလိုက် ရိုက်လိုက်-လုပ်လိုက်တာ ၀ါးချောင်းတွေဟာ ယင်လှန့် တဲ့ ယပ်လို ဖြစ်သွားပါတယ်။ ကျနော်က ထောက်လှမ်းရေးလို့ ဝန် မခံပါ၊။ခန္ဓာကိုယ်တခုလုံးက စုတ်ပြတ်နေပါပြီ။ ”နောက်ထပ် စစ်မယ်”ပြောပြီး-အချုပ်ဆောင်ကို ခေါ်သွားပါတယ်။ အချုပ် အဆောင်ဝမှာ လုံခြုံရေးတပ်စိတ်က ”လကော်”လို့ ခေါ်တဲ့ အ၀တ်လှော်ဒုတ်ထက် ၅ဆလောက်ကြီးတဲ့ဒုတ်တွေနဲ့ဆီးရိုက်ကြပါတယ်။ဘယ်နှစ်ချက်မှန်း မသိပါ။ ”အဲ့ဒါ အချုပ်ဝင်ကြေး...” တဲ့။ အချုပ်အဆောင်ထဲရောက်တော့-တန်းစီး ဘာဘူ(ခ)၀င်းမြင့် အပါအ၀င် ၅ယောက်က ထောင် စည်းကမ်း တွေ ပြောလိုက်-ရိုက်လိုက်ပါပဲ။ (အဲ့ဒါက-မျိုးဝင်းတို့ သင်ပေးတဲ့ လုပ်ခိုင်းတဲ့-န၀တ ထောင်ပုံစံပေါ့။) အချုပ်သားချင်း စိတ်မပါဘဲ ရိုက်တာဆိုပေမယ့် .. ကျနော်ကတော့ ပြီးရင် နာပေါ့။ (ဘာဘူ(ခ)၀င်းမြင့် ဆိုတဲ့ကောင်ကတော့ စိတ်ပါပုံ ရတယ် ။မျိုးဝင်းတို့ ကြိုက်ရင် သူ အနေချောင်မယ် ယူဆသလားတော့ မသိပါ။ ) ကျနော့် ပါးစပ် နဲ့ မျက်နှာတ၀ိုက်-ခန္ဓာကိုယ်အနှံ့  ဒဏ်ရာတွေနဲ့ ဆိုတော့ မငယ်(နန်းအောင်ထွေးကြည်)က ”ထမင်းစားနိုင်မှာ မဟုတ်ဘူး-။ဆန်ပြုတ်တိုက်ဖို့ လုပ်ရအောင် ” ဆိုပြီး ဆန်ပြုတ် ကျို ပါတယ်။ ကျနော်လည်း တပတ်လောက် ဆန်ပြုတ်သောက်ပြီး-ဒဏ်ရာ သက်သာသွားပါတယ်။ စောင်ပါးလေးတထည်ရပြီး ထိပ်တုံးခတ်ထားပါတယ်၊။လက်ကို ကြိုးတုပ်ပြီး-မျက်နှာကို အ၀တ်စီးပါတယ်။ (နေ့ စဉ် ရေခဲတဲ့ ဒေသမှာ စောင်တထည် ရတာဆိုတော့ စဉ်းစားသာကြည့်ပါ။) နှစ်ပတ်အကြာမှာတော့-နောက်တကြိမ် လာခေါ်ပါတယ် ။ SIO ရုံးကို တန်းခေါ်သွားပြီး- တုတ်တွေနဲ့ ရိုက်ပေမယ့်-ကျနော်က ”ထောက်လှမ်းရေး”လို့ မပြောလို့ -အဲ့ဒီရုံးအနားမှာရှိတဲ့ ကွင်းလေးထဲက-လက်ဝါးကပ်တိုင်မှာ ချည်ပြီး- သားရေဒုတ်နဲ့ ရိုက်လိုက် ..ပြန်သွားလိုက်.. လုပ်ပါတယ်။ မနက်-၁၁နာရီလောက်က စချည်တာပါ။ (အဲ့ဒါကို ယေရှုခရစ်နဲ့ တွေ့ တယ်လို့ ခေါ်ပါတယ်။) နေလှန်းပြီး ..မျက်နှာကို နေကို ကြည့်ခိုင်းပါတယ်။ တနေကုန် လှန်းထားပြီး ညနေ-၅နာရီ ကြိုးဖြေတဲ့အချိန်မှာ ကျနော်လည်း ပျော့ခွေလဲပြိုသွားပြီး-ပါးစပ်က အမြှုပ်တွေ ထွက်တာကို- သတိမလစ် တလစ်နဲ့ သိနေပါတယ်။ (လက်တွေကို သံနဲ့ မရိုက်တာကိုပဲ ကျေးဇူးတင်မိနေတယ်။) (ကိုထွန်းအောင်ကျော် ညီလေး ကိုချိုကြီးတုန်းက လက်ဝါးကို သံချောင်းတွေ ရိုက်တာပါ။) "လက် မေးထောက်ထားသူမှာ သန်းဇော်(ယခု ပြည်တွင်း)" ပြီးတာနဲ့ ကျနော့်ကို သန်းဇော်(ယခု ပြည်တွင်း)က ဆွဲခေါ်သွားပြီး-အိုင်အိုတဲထဲမှာ မီးလှုံခိုင်းထားပါတယ်၊။ မိနစ်၂၀လောက်အကြာမှာ တယ်လီဖုန်း ၀ိုင်ယာကြိုးစကို-ပါးစပ်ထဲ လှည့်ပြီး၊ သွားနဲ့ ကိုက်ခိုင်းပြီး-လက်ကိုင်ကို ဆွဲလှည့်တော့ ကျနော့်ခေါင်း တခုလုံး ကျင်တက်သွားပြီး-ခါထွက်သွားပါတယ်။ ကျနော်က ဆွဲဖြုတ်ပစ်လိုက်ပါတယ်။ကျနော့ကို ဒုတ်နဲ့ ထပ်ရိုက်ပြီး ..”ဒီတခါ ဆွဲဖြုတ်ရင်-ပလာစတာကပ်ထားမယ်-မင်းကို အများကြီးညှာထားတယ်” လို့ သန်းဇော်က ပြောပါတယ်။ (သူ.. ညှာတာက လူကို ၀ိုင်ယာရှော့ ရိုက်ပြီး-ရာဘာဒုတ်နဲ့ ရိုက်တာပါ။) တတိယအကြိမ်မြောက် ၀ိုင်ယာကြိုးကို ပါးစပ်ထဲ ပြန်ထိုးထည့်ပြီး သွားနဲ့ ကိုက်ရပါတယ်-။ ပိုပိုပြီး ပြင်းလာတော့ ကျနော် မခံနိုင်တော့ပါဘူး-။ဆွဲဖြုတ်ပြီး-”ပြောမယ်”လို့ ပြောလိုက်ပါတယ်။ ” ခဏ စဉ်းစားဦးမယ် ”ဆိုပြီး ကျနော်စဉ်းစားပါတယ်။”ဘယ်လိုပြောရင် ကောင်းမလဲ-။” ”ယုတ္တိ မတန်တာကို-ပြောမယ်”ဆိုပြီး--- "ဘိုဘို(ခ)မိုးကျော်သူ " ”ဒီပြဿနာမှာ အသက်(၁၈)နှစ်နဲ့ စစ်ထောက်လှမ်းရေး- တပ်ကြပ်ကြီး ရာထူးပေးထားတဲ့-ဘိုဘို(ခ)မိုးကျော်သူဟာ ကျနော့်အထက် အရာရှိ-။ကျနော်က ရဲဘော်ပါ-။” လို့ ပြောလိုက်တာကိုလည်း သူတို့ လက်ခံသွားပါတယ်-။ ”ဘာတွေလုပ်ခိုင်းသလဲ” တဲ့-။ ”အထက်အောက် မကျေနပ်မှုတွေပေါ် မူတည်ပြီး ၀င်ပါ ပေးရတယ်။” လို့။ ဒီလိုနဲ့ -သူတို့သတ်မှတ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်သွားပါတယ်။ ကျနော့်ထက်ရာထူးကြီးတဲ့-ဘိုဘိုက-၁၉၇၃ခုမွေးပြီး-အသက် ၁၈နှစ်နဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီး-။ ဒုတ်တွေနဲ့ ရိုက်-၊လက်ဝါးကပ်တိုင်ချည်-နေလှန်း၊လျှပ်စစ်ရှော့ရိုက်မှတော့-”ကျနော်လည်း အသက်၂၀နဲ့ စစ်ထောက်လှမ်းရေးပါ..”လို့ ပြောလိုက်ရပါတယ်။ မပြောဘဲ ပေခံနေရင်-ကိုယ့်ရှေ့ မှာ-လက်ဖြတ်ခံရတာတွေ- စစ်ကြောရင်းနဲ့ အသက်ပေးလိုက်ရတာတွေက ရှိနေတယ်လေ။ ဟုတ်ကဲ့-ကျနော် စစ်ထောက်လှမ်းရေး ဖြစ်သွားပါတယ်။ ၀န်ခံတာ မဟုတ်ဘူးနော်-။ နှိပ်စက်တာ မခံနိုင်လို့ -ပြောလိုက်တာ။ (၀န်ခံတယ်ဆိုတာ ဟုတ်တာကို လက်ခံတာ။) ” ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး။” ------------------------------------------- ဓါတ်ပုံများကို google search မှ ရယူပါသည်။(ဟစ်တိုင်) ------------------------------------------------------------------------------- မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။ ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။ ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။ မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။ စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။ ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။ လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်-- အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့် အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း  ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ , www.hittaing.org www.hittai.org www.hittai.net

Sunday, April 8, 2012

အေဘီ မြောက်ပိုင်း လူစာရင်း

Wall Photos Back to Album · Myatphone's Photos · Myatphone's Profile Previous · Next Myatphone Linn ABSDF (North) Massacre 20th Anniversary " အေဘီမြောက်ပိုင်း လုပ်ကြံမှု အနှစ် ၂၀ပြည့် ပထမဦးဆုံးအကြိမ် စုပေါင်းကောင်းမှုကုသိုလ်ပြု ဆွမ်းကျွေးပွဲ " မိုးမခရွာဆော်ကြီး၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၂ လက်ခံရရှိတဲ့ ဖိတ်စာများမှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီး ၂ မြို့လုံးမှာ ပြုလုပ်မယ်လို့ ရေးသားထားပါတယ်။ အေဘီမြောက်ပိုင်းတွင် လုပ်ကြံခံရသူ ကျောင်းသား၊ လူငယ်များ ရည်စူးသည့် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်းတိုက် ဆွမ်းကျွေးပွဲဖိတ်စာ ရှစ်လေးလုံးနောက်ပိုင်း ကျောင်းသားသမိုင်းမှာ သဏ္ဍာန်မျိုးစုံနဲ ဖြတ်သန်းခဲ့ကြတဲ့ … မသေအသက် ဆက်ခဲ့သူများ … သေဖော်ရဲဖက် လက်တွဲဖက်များ … တာဝန်တွေတွက် လျှို့ဝှက်ခဲ့သူများ … စာနာစိတ်ထား လုပ်ဖော်ဖက်များ … စုစည်းတွေ့ ဆုံလို့  ….. ရက်ရက်စက်စက် အသက်ကိုစွန့် ခဲ့ကြတဲ့ ကျောင်းသားတို့ရဲ့ သူရဲကောင်းသရုပ်ကို အမှန်တရားနဲ့ ဖော်ဆိုကြမယ် ကုသိုလ်မျှဝေ ကျွတ်လွတ်စေကြမယ် မှတ်တမ်းပြုချီ ထိမ်းမှတ်တည်စေကြမယ် တည်ကြည်လေးနက် ခံစားချက်နဲ့ အားလုံးပါဝင်စေဖို့ ဆန္ဒပြုဖိတ်ခေါ် ပါရစေ … မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ နေ့ ရက်- ၁၂.၂.၂၀၁၂။ အချိန်- နံနက် (၁၀)နာရီ ဆွမ်းကပ်၊ နေ့လည် (၁)နာရီ ။ ဂုဏ်ပြု အခမ်းအနား။ နေရာ- မြဝတီမင်းကြီးကျောင်းတိုက်၊ ဘုံပျံတောရ၊ အမှတ်(၆၂)၊ ပန်းခြံလမ်း၊ စက်မှု(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး … ။ သေတွင်းကို ချဉ်းနင်းသူချင်း အချင်းချင်း ဂုဏ်ပြုလိုတယ်။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ … တစ်ဦးချင်းတွေရဲ့ ဖြတ်သန်းမှု၊ မြင့်မြတ်ရဲရင့်မှုတို့ အတွက် အဓိပ္ပါယ်နက်တဲ့ဆုံဆည်းမှု အခုပြုကြမယ် နှစ်(၂၀)တိုင် စိတ်ခိုင်ခိုင်နဲ့  သေသူများရဲ့ ကိုယ်စား ရှင်သူများဖြစ်ခဲ့ ကျန်ရစ်တဲ့သူများကို ဖိတ်ခေါ်လိုတယ်။ ဒို့ အထဲမှာနေ သေတာက … (၁) စည်သူ (စမ်းချောင်း) (၂) စမ်းမြင့်ကိုကို(ပျဉ်ပုံကြီး) (၃) အောင်ဝင်း(မြစ်ကြီးနား) (၄) သိန်းနိုင်ချို(မန္တလေး) (၅) ကျော်ကျော်ဦး(မုံရွာ) (၆) စံလွင်လေး(အမရပူရ) ထောင်မှလွတ်ပြီး မကြာခင်သေဆုံး (၇) ရာပြည့်(ခ) ခင်မောင်ထွန်း အိုးဘိုထောင်အတွင်းသေဆုံး အဝေးရောက်သွား ရေမြေခြားက- (ပြည်ပ) (၁) မငယ်(ခ)နန်းအောင်ထွေးကြည် (ကမာရွတ်၊ရန်ကုန်) (၂) ထင်လင်းအောင် (သထုံ) (၃) ထိန်လင်း (အင်္ဂပူ/ဧရာဝတီတိုင်း) (၄)ဖိုးကျော်(ခ)ကျော်ဝင်းဆွေ (စမ်းချောင်း၊ရန်ကုန်) (၅)နန်စော (ဗန်းမော်) ကျန်နေသူများ က (ပြည်တွင်း) ရင်း(၄၀၁)မှ (၁) ကျော်စွာဝင်းမောင် (ရန်ကုန်) (၂) တိုးကြည် (ဒေါပုံ၊ရန်ကုန်) (၃) ဝဏ္ဏဇော် (ရန်ကုန်) (၄) ပိပိ(ခ)တင်လွှမ်းမိုး(ရန်ကုန်) (၅) ဇော်မိုး (ရန်ကုန်) ရင်း(၅၀၁)မှ (၆) သိန်းထွန်း (ကျောင်းကုန်း/ရန်ကုန်) (၇) ကျော်မျိုး (သထုံ) (၈) နိုင်လင်း (သထုံ) (၉) လှဝေ (သထုံ) (၁၀) မောင်မောငေ (ဒလ) (၁၁) အောင်နိုင် (သနပ်ပင်) ရင်း(၇၀၁)မှ (၁၂) ညီညီကျော် (မန္တလေး) (၁၃) ညီညီ (မန္တလေး) (၁၄) ဂျိုးဖြူ(ခ)နိုင်ဝင်းအောင်(မန္တလေး) (၁၅) ခိုဖြူ(ခ)ခင်မောင်ဇော် (မန္တလး) (၁၆) ကိုဇင်(ခ)ကျော်ဆန်းဦး (မန္တလေး) (၁၇) မန္တလာထိန်လင်း(ခ)လွင်မင်းသန့်  (မန္တလေး) (၁၈) စိုးလွင် (မန္တလေး) (၁၉) ရဲလင်း (ရန်ကုန်) (၂၀) ဘိုဘို(ခ)မိုးကျော်သူ (စမ်းချောင်း၊ရန်ကုန်) (၂၁) မိုးကြီး(ခ)မိုးဇော်ထွန်း (ရန်ကုန်) (၂၂) မြင့်ဇော်ဝင်း (ရန်ကုန်) (၂၃) သင်းသင်းညီ (ရန်ကုန်) (၂၄) ကိုကြောင်(ခ)ကျော်နိုင်ဦး (သာယာဝတီ) (၂၅) ရိုဇာ(ခ)ညီညီအောင်( ပဲခူး) (၂၆) ကျော်ဦး(ခ)အောင်ကျော်ဦး (ရန်ကုန်/ပဲခူး) (၂၇) ဒဿ(ခ)မောင်မောင်ခင် (ကသာ/ဘုတလင်) (၂၈) ကျော်ဇင်ထွန်း (ကသာ) (၂၉) ဖိုးဆန်း(ခ)ဆန်းဝင်း (ကသာ) (၃၀) သက်တင် (ဗန်းမော်/ရန်ကုန်) (၃၁) ဂမ်မလီ (ဗန်းမော်) (၃၂) စိုးကြိုင် (ကျွန်းကြီး၊ဗန်းမော်) (၃၃) ဥတည်ဘွား(ခ)ကျော်သိန်း (ကျွန်းကြီး၊ဗန်းမော်) (၃၄) စိုးလေး(ခ)စိုးဝင်းထွန်း (အင်းတော်/ပွင့်ဖြူ) (၃၅) ဘိုတောက်(ခ)ထွန်လင်းစိုး (အင်းတော်/ ) (၃၆) စံမျိုးအောင် (အင်းတော်) (၃၇) နိုင်အောင်(ခ)ဌေးမြင့်သိန်း (မိုးကုတ်) (၃၈) မတူးတူး (မိုးညှင်း) (၃၉) ရုက္ခစိုး(ခ)စိုးမိုး (မိုးညှင်း/ ) (၄၀) အီနွတ်(ခ)သန့် ဇင်မိုး (မိုးညှင်း) (၄၁) ကိုမျိုး (နမ့်ဆော်လော်/နမ္မား) (၄၂) ဝင်းနိုင်စိုး (နမ္မား) (၄၃) အောင်အောင် (နမ္မား) (၄၄) တာကော(ခ)ထွန်းဇံ (မြစ်ကြီးနား) (၄၅) ပေါ်ဦး (မုံရွာ) (၄၆) မြင့်ဇော် (မုံရွာ) (၄၇) အောင်မွန် (မုံရွာ) (၄ဂ) စိန်ဂေါ်လီ(ခ)မျိုးဇော်အောင် (ကန့် ဘလူ) (၄၉) စွေစောင်း(ခ)ဝင်းမြင့် (ထန်းတပင်၊ဇီးကုန်း) (၅၀) ဘောတလုံး(ခ)ကျော်ကျော်နိုင် (ကာဘိုး) (၅၁) OK(ခ)အုန်းကြိုင် (မန္တလေး/ဇီးကုန်း) (၅၂) ခင်မောင်ကြည် (အထက်မင်းလှ) (၅၃) ကံမြင့်ဦး (လယ်ဝေး) (၅၄) ထွန်းဦးခိုင် (ရွှေဘို) (၅၅) ဇော်ထွန်း (ကျောက်မြောင်း) ရင်း(၇၀၂)မှ- (၅၆) မြင့်သိန်း(ဘာဘူ) (ကသာ/မန္တလေး) (၅၇) ညီညီနိုင် (ဂန့် ဂေါ) (၅ဂ) ဟန်ဝင်းအောင် (ကာဘိုး/မန္တလေး) ABSDF(ဗဟို)မှ လွတ်မြောက် (၅၉)စိုးလင်း (မန္တလေး) အားလုံး စုံစေချင်ပါတယ်၊ ဆက်သွယ်ပါ။ ညီညီကျော်(ဖုန်း-၀၉၉၁၀၁၈၇၅၃)နဲ့ နီးစပ်ရာသူငယ်ချင်းများကိုပေါ့။ အေဘီမြောက်ပိုင်းတွင် လုပ်ကြံခံရသူ ကျောင်းသား၊ လူငယ်များ ရည်စူးသည့် ရန်ကုန်မြို့၊ ပဏ္ဏိတာရာမ ရွှေတောင်ကုန်းရိပ်သာ ဆွမ်းကျွေးပွဲဖိတ်စာ ABSDF မြောက်ပိုင်းမှာ တပ်ဖွဲ့ဝင် အချင်းချင်း မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသား ကိုထွန်းအောင်ကျော် (Mandalay)နှင့်တကွ အကြွေစောခဲ့ရှာသော ကျောင်းသားအားလုံးကို ရည်စူးပြီး ရေစက်ချ ကုသိုလ်ပွဲကို February 13, 2012 မှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊ အမှတ်- ၈၀(က) သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်၊ ကျဆုံးသွားသူတို့အတွက် ထိုက်တန်တဲ့ ကုသိုလ်ပြု အမျှပေး ဆုတောင်းပွဲ ဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေများကြောင့် ABSDF (north camp ) မှာ ၁၉၉၂ ခုနှစ်က ကျဆုံး (မတရား စွပ်စွဲ သတ်ဖြတ်ခံရ) သွားသူတို့အတွက် သူတို့၏ မိဘများဆွေမျိုးများသည် သူတို့၏သားသမီးများအတွက် လွတ်လပ်စွာ အမျှဝေ ကုသိုလ်လုပ်ခွင့် မရခဲ့ရှာပါ။ ဗုဒ္ဓဘာသာ အစဉ်အလာအရ ကျဆုံးသွားသော သူများကို စိတ်ဝယ်ထားပြီး အမျှဝေ ကုသိုလ်ကေါင်းမှု ပြုလုပ်ခြင်းသည် မွန်မြတ်သောအလုပ် ဖြစ်ပါသည်။ ကျဆုံးသွားသော ကျောင်းသားများသည် နှစ် ၂၀ ကြာခဲ့ပြီဖြစ်သော်လည်း သူတို့၏ သတ္တိ၊ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာတို့ အတွက် ထိုက်တန်စွာ ဂုဏ်ပြုနိုင်ရန် အလို့ငှာ (၀ိပဿနာတရားကို နေ့နေ့ညည ကျင့်ကြံအားထုတ်နေသော သူတော်စင် ယောဂိများ၏ တရားစခန်းတွင်) ကျဆုံးသွားသူများအား ရည်ရွယ်၍ ဆွမ်းကျွေးအမျှဝေ ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ Date: ဖေဖေါ်ဝါရီလ ၁၃ ရက်၊ တနင်္လာနေ့ မနက် ၁၁ နာရီ၊ Time: 11 AM ဆွမ်းကျွေး၊ 12:15 PM အမျှဝေ Place: ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ (ရွေတောင်ကြား)၊ အမှတ်-၈၀ (က)၊ သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်: တရားစခန်း (+၉၅၁) ၅၃၅ ၄၄၈။ မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း … Contact: Ma April Oo(+951) 579538 မဧပရယ်ဦး (ရန်ကုန်)။ မိုးအောင် (၆၅၁) ၂၆၁ ၉၂၉၂ USA။ ဒေါ်အေး (347) 393-0848 USA။ ကိုကျော်စွာ (ရန်ကုန်) (၀) ၉၇၃၀၅၃၁၄၀။ http://moemaka.com/

Tuesday, April 3, 2012

ရွေးကောက်ပွဲ






After half has English version





လက်တွေ့ အကောင်အထည်ဖေါ်ရတော့မယ် ။
ရှေ့ ဆက်ရမဲ့ ခရီးလမ်းမှာ ဆူးကြမ်းဆိုတဲ့  အချုပ်အခြာခိုင်မြဲရေး အသံလွင့်
လူကြမ်းစိတ်ကြမ်း သေနပ်ကိုင် ဥိးခေါင်းအခွံတွေနဲ့ လူတွေ 
ဝိုင်းဝန်း ကူညီကြဖို့ ပြင်ဆင်ထားကြပါ






ကော့မှုးမြို့ နယ် ကြံ့ ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုးမင်း( ဒုဗိုလ်မှုးကြီးဟောင်း) က လူထုက ပြောင်းလဲခြင်း( ???? ) ကို လိုလားနေတယ် ။ ကြံ့ ဖွတ်အနေဖြင့် အချုပ်အခြာအာဏာတည်မြဲရေးကို( တရုပ်လိုချင်သမျှ ရတဲ့ဈေးနဲ့ ရောင်း ။ ကုလားကြိုက်တာတွေ တလခါးဖွင့်ပေးထား ။ လူငသယ်လူရွယ် ၂ သန်းလောက် ထိုင်းမှာ ကျွန်လုပ်ခိုင်း စတဲ့ အိမ်နီးခြင်းပြေလည်ရေးမူး ) ကာတာကိုး ။ လူထုက စီးပွားရေး ပြသနာကို ဖြေရှင်းနေပုံရတယ် ။( ၁၉၆၂ ကထဲက ဓါးပြ အသွင်ပြောင်းတွေကို စောင့်နေတာ ) We are soldier. We don't beleived any one. တစက္ကန့် အတွင်း ရန်သူဖြစ်နိုင်သလို မိတ်ဆွေလည်းဖြစ်နိုင်တယ် ။( ကြံ့ ဖွတ်တဲ့ ခိုင်မာတဲ့ ယုံကြည်ချက် ) ။ ပြည်သူလူထုဆိုတာ တပ်မတော်က အကာအကွယ်ပေးနေရတဲ့ သနားစရာ သတ္တဝါ အဖြစ် ကြံ့ ဖွတ်တွေက မြင်နေပါတယ် ။တရုပ် ကုလား နိုင်ငံသားတွေ ယူထားတဲ့ မြန်မာပြည်ထဲက ဈေးကွက်ကို အနောက်နိုင်ငံသားတွေ စီးပွားရေးက တဆင့်နေရာ ဝင်လာရင် တချိန်မှာ နိုင်ငံတော် အာဏာ အုပ်ချုပ်ရေးကို ထိပါးလာမယ် ။ ကုလသမဂ္ဂမှာ မဲခွဲရင် တရုပ်က လက်ပိုက်ကြည့်နေမဲ့  ပြသနာတွေ ဖြစ်လာမယ် ။ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသူ ၅ သောင်း ၆ထောင် ရှိနေပြီး ၂ လကျော် လူထု အတွက် လိုအပ်တာတွေ ဖြည့်စည်းပေးခဲ့တဲ့ ဒေါက်တာ စိုးမင်း( ဒုဗိုလ်မှုးကြီးဟောင်း) က ၉ထောင်ကျော်ဘဲ ရပါတယ် ။( ရွာတန်းရှည်နဲ့ သမိန်ရွာ မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရှုံးနှိမ့်ခဲ့ပါတယ်) ။ ကော့မှုးအမည်ရ ဆင်းရဲလှတဲ့ သမီးပျိုလေး သူယုံကြည် စိတ်ချရတဲ့ သူနဲ့ အိမ်ထောင်ပြုသွားပါတယ် ။ ဒေါက်တာ စိုးမင်း( ဒုဗိုလ်မှုးကြီးဟောင်း) က သူ့ ရဲ့  သမီးပျိုလေးကို စိတ်ချမ်းသာအောင် ထားပါတဲ့ ( NLD တွေ ကော့မှုးက ကြံ့ ဖွတ် အဖေကြီးကတော့ သမီးလေးကို ဗန်းပြပြီး ဆော်တော့မယ့် အသံတွေထွက်လာပြီ ။)(၃ ဧပြီလ နံနက်ပိုင်း ၁၅း၃၃ မှစနားထောင်ပါ )
 http://www.bbc.co.uk/burmese/includes/1024/screen/audio_console.shtml?programme=dawn
ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲက တပ်မတော်သားဟောင်းများနဲ့  
လက်ရှိ တပ်မတော်သားတွေ အနေဖြင့် တိုင်းပြည် ကာကွယ်ရေး တာဝန်ကို
 ကျေပြွန်စေရန် လိုလားကြောင်း ဆန္ဒပြသလိုက်သည် ။
 လူထု စားဝတ်နေရေးနှင့် လူထု ပိုင်ဆိုင်သော
 ဥစ္စာဓန ရေမြေတောတောင် သယံဇာတ များကို လူထုကိုယ်စားလှယ်များမှ
 တဆင့် စီမံခန့် ခွဲလိုသော ဆန္ဒရှိနေသည် ။
 တိုင်းရင်းသား ပြည်သူလူထု၏ နေ့ စဉ်ဘဝများနှင့် ဘိုးဘွား ပိုင်ဆိုင်မှုများကို
 နေပြည်တော်က လက်တစုတ်စာ တပ်မတော် အကြီးအကဲများ၏ 
စီမံမှုအတိုင်း လုက်နာနေသော တပ်မတော်သည်
 တိုင်းရင်းသား လုပ်သားပြည်သူများ၏ ဘိုးဘွားပိုင်များကို
 ခြိမ်းခြောက် လုယက် နေသော ဒါးပြများ ဖြစ်တော့မည် ။ 

သင်တို့ ၏ သားစဉ်မြေးဆက် ချမ်းသာရေးအစီအစဉ်သည် 
လူထု၏ တံထွေးခွက်ထဲ ပက်လက်မျောတော့မည် ။

ရွေးကောက်ပွဲမှ လူထု ဆန္ဒ အစစ်အမှန်ဖြင့် တက်လာမည့် 
လုထု ကိုယ်စားလှယ် ၄၄ ဦးကို ဦးဆောင်နေရာမှ ထားရှိပြီး 
၂၀၁၅ တွင် လူထု ကိုယ်စားများစစ်စစ် အားလုံးပါဝင်နိုင်သော 
လွတ်တော်ကြီး ဖြစ်လာအောင် တပ်မတော်ကိုယ်စားလှယ်များ ကြိုးစားသင့်သည် ။