Sunday, February 26, 2012

သူ့ကြွေးရှိက ဆပ်ရမည်။ (၆) တောင်ပိုင်း အေဘီ

သူ့ကြွေးရှိက ဆပ်ရမည်။ (၆) from Soe Lynn's Facebook Notes by Soe Lynn ကျွန်တော့်ကိုဖမ်းပြီး သံလွင်စခန်းမှာ ချုပ်ထားရာက စစ်ရေးအခြေအနေကြောင့် ထိုင်းဘက်ကမ်းကိုပြောင်းထားပါတယ်။ အောက်ဖက် မှာ အေဘီဗဟိုရုံးရှိပြီး တောင်ဘက်မှာ တပ်ရင်း ၂၀၉ (သံလွင်စခန်း)ရှိပါတယ်။ ဘယ်သူနဲ့မှ စကားမပြောရပေမယ့် ဗဟိုပြန်ကြားရေးက အကျယ်ကြီးဖွင့်တဲ့ သတင်းတွေကိုတော့ ညတိုင်းကြားနေရပါတယ်။ တစ်ရက်မှာတော့ မြောက်ပိုင်းမှာ အစ်ကိုကြီးအပါအ၀င် လူ ၁၅ ဦးကို သတ်လိုက်တဲ့အကြောင်း ဘီဘီစီနဲ့ ကိုအောင်ထူးရဲ့အင်တာဗျူးကိုနားထောင်လိုက်ရပါတယ်။ကျွန်တော့်အထင် နောက်တစ်လကျော်လောက် အကြာမှာပဲ တပ်ရင်း ၂၁၀ အ ပေါ်ကုန်းမှာရှိတဲ့ ကျောင်းသားစစ်ကြောရေးစခန်းကို ညဘက်ကြီးမှာ ပြောင်းရပါတယ်။ စားဖိုဆောင်နားက ခွေးအိမ်လေးမှာ ကျွန်တော့်ကိုထားပါတယ်။ အဲဒီစခန်းမှာ ကိုလှဌေး၊ ကျော်ကျော်(ကချင်)၊ ခင်မောင်ဆွေ (တပ်ရင်း ၂၁၆)နဲ့ ကိုဖိုးထောင်ဦးဆောင်တဲ့ တပ်ရင်း ၃၀၃ က ရဲဘော်တွေရှိပါတယ်။ သူတို့က ကိုနိုင်အောင်ပြန်ရောက် နေပြီ မင်းညာဖို့မကြိုးစားနဲ့တော့ဆိုပြီး စစ်ကြောရေးစ၀င်ပါတယ်။ ကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်း အတန်တန်ပြောပါတယ်။ စိတ်ရော ရုပ်ရောပင်ပန်းရပါတယ်။ ဒီကောင် well trained ကွ။ သေချာရအောင်စစ်ဆိုတဲ့ အသံတွေလည်းကြားနေရပါတယ်။ ကျွန်တော်မခံနိုင်တော့ပါဘူး။ သက်သာအောင်ဝန်ခံလိုက်ဖို့ဆိုတာလည်း စစ်ထောက်လှမ်းရေးဖွဲ့စည်းပုံ၊ ကိုယ်ပိုင်နံပါတ်ဘယ်နှလုံးဆိုတာ ကအစမသိတော့ အတော်ဒုက္ခရောက်ပါတယ်။ နောက်ဆုံးတော့လည်း မခံနိုင်ပါဘူး။ အဲဒီလိုကြီး မဟုတ်ဘဲနဲ့သေသွားမှာ ကျွန်တော်ကြောက်ပါတယ်။ ၀န်ခံပါ့မယ်။ ၂ ရက်လောက် စဉ်းစားခွင့်တောင်းရပါ တယ်။ သူတို့လိုက်စုံစမ်းလို့မရနိုင်တဲ့(ကျွန်တော့်အတွေးပေါ့)စစ်တပ်ကအထူးလေ့ကျင့်ပေးထားတဲ့ ကျောင်းသားထောက်လှမ်းရေးလုပ်ဇာတ် တစ်ခု ခင်းရပါတယ်။ ကိုယ်ပိုင်နံပါတ်အတွက် ဗိုလ်ချုပ်အောင်ဆန်းစီးတဲ့ ကားနံပါတ်ကို နည်းနည်းပြောင်းပေးလိုက်ပါတယ်။ RC-2874 ။ RCကိုစဉ်းစားရင် ဒေသကောလိပ်နဲ့ ရိုမန်ကတ်သလစ်ပဲ ထွက်နေလို့ pc (particular cell) လုပ်လိုက်ပါတယ်။ ဒုတိယနှစ် ရူပဗေဒသင် တုန်းက ကြားဖူးတဲ့ particular ပါ။ pc ၂၈၇၄ ပေါ့။ သင်တန်းအမှတ် ၂/၈၇ က သင်တန်းသားနံပါတ် ၄ စသည်ဖြင့်ပေါ့။ ကိုယ်ပြောထား တာတွေ မမေ့အောင် ပြန်ကျက်နေရတာလည်း တစ်ဒုက္ခပါပဲ။ (ကျွန်တော်ဝန်ခံပြီး သိပ်မကြာခင်ပဲ ကိုနိုင်အောင်ကို တစ်ခေါက်တွေ့လိုက်ရတယ်။ နောက်ပိုင်းမှာ ကိုမျိုးဝင်း(မင်းသမီး)လည်း အဲဒီစခန်းကို ရောက်လာတတ်ပါတယ်) ကြိုတွေးထားတာတွေ သူတို့မေးရင် အဆင်ပြေပေမယ့် မထင်တာတွေ မေးရင်လည်းအိုးနင်းခွက်နင်းပါ။ အဲဒီကျရင် တော့ ခံလိုက်ဦးပေါ့။ စိတ်အဆင်းရဲရဆုံး မေးခွန်းက ဗဟိုမှာ မင်းတို့လူတွေ မရှိဘဲ ဒီကို မင်းလာမှာ မဟုတ်ဘူးတဲ့။ ကျွန်တော် ငိုရပါတယ်။ ဘယ်လိုမှ ရှောင်လို့ မရတော့ပါဘူး။ ဆရာ နေ၀င်းအောင် နာမည် ပြောမိပါတယ်။ (ခွင့်လွှတ်ပါ ဆရာ၊ သူတို့ လမ်းကြောင်းပေးတာလို့ ကိုယ်လွတ်မရုန်းချင်ဘူး) မိုးသီးဘက်မှာလည်း မင်းတို့ လူရှိရမယ် ဆိုပြန်ရော။ အန္တာရယ်မဖြစ်လောက်ဘူး ထင်လို့ ကိုဋ္ဌေးနိုင်ကို ပြောမိပါတယ်။ (ကျွန်တော် တောင်းပန်ပါတယ် ကိုဋ္ဌေးတင့်) ဆရာ့ကို ဖမ်းပြီး စစ်မေးသံတွေ ကျွန်တော်ကြားလာရပါတယ်။ မင်း ချန်ထားသေးတယ်။ ငါတို့အပေါ် မရိုးသားဘူး ဆိုပြီး ထပ်မေးလာပြန်ပါ တယ်။ တစ်ယောက်ပြော တစ်ယောက်ဖမ်းဆိုရင် မကောင်းတော့ဘူး တွေးပြီး ဒုဥက္ကဋ္ဌ ကျော်ကျော်(မင်းသမီး) က စလို့ ကိုဒီ၊ အောင်သူ တို့အထိ လူ ၂၀ နီးပါး ပြောလိုက်တယ်။ နောက်ပိုင်းမှာ ကိုဋ္ဌေးနိုင်၊ အောင်သူတို့တွေ အကြောင်း ကြားရတော့ ကျွန်တော် နင့်နေအောင် ခံစားရပါတယ်။ အဲဒီ အမှန်တရား အတွက် ကျွန်တော် ဆက်လက်တိုက်ပွဲ ၀င်သွားမှာ ဖြစ်တယ်။ မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်လို့ မေးရင်တော့ အစပိုင်း ရမ်းပြောနေရတယ်။ တစ်ရက်တော့ တပ်ရင်း ၂၁၀ မှာ မြောက်ပိုင်းကိစ္စ ဗီဒီယိုခွေကို အကျယ်ကြီးဖွင့်တာ ကျွန်တော် ကြားရပါတယ်။ အဲဒီအချိန်က ၂၁၀ ရဲဘော်တွေကို ပြန်မေးကြည့်နိုင်ပါတယ်။ အဲဒီနောက်ပိုင်းတော့ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောရလွယ်သွားပါတယ်။ နန်းအောင်ထွေးကြည် ပြောတဲ့ ရေလှိုင်းစစ်ဆင်ရေး ဆိုတဲ့စကားကိုလည်း ပြန်ပြီး ဖောက်သည်ချနိုင် ခဲ့ပါတယ်။ သူက ဒုဗိုလ်ဆိုတော့ ကျွန်တော် ဗိုလ်စိုးလင်း လုပ်လိုက်ရပါတယ်။ (ပြည်တွင်း ပြန်ရောက်တော့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့နီးတဲ့ သူငယ်ချင်း ၀န်ထမ်းတစ်ဦးက ပြောမှ ထောက်လှမ်းရေးမှာ ဒုဗိုလ်နဲ့ ဗိုလ် ရာထူးတွေ မရှိမှန်း သိရပါတယ်) ကိုဖိုးထောင်ဦးဆောင်တဲ့ ၃၀၃ က ရဲဘော်တွေကိုလည်း ကျွန်တော် စိတ်မနာပါဘူး။ ရိုးရိုးသားသားနဲ့ အမိန့်အတိုင်း သူတို့လုပ်ခဲ့ကြတာပါ။ ဖိလစ်၊ ဖလမ်း၊ အောင်ငှဲ၊ ကျူးကျူ၊ ရွှေဘ၊ ချယ်ရီ၊ ကျော်မင်း၊ မောင်မိုး၊ နတားလယ် အားလုံးက ဖြူစင်တဲ့ တိုင်းရင်းသား ကျောင်းသားရဲဘော်လေးတွေပါ။ တစ်ခါတစ်လေကျ နာမည်တွေကအစ မှတ်မိနေပေမယ့် ကျွန်တော် မေ့ကျန်နေတဲ့ မစဉ်းစားမိတဲ့ ကိစ္စတွေလည်း ရှိဦးမှာပါ။ အတတ်နိုင်ဆုံး တိတိကျကျဖြစ်အောင်တော့ ကျွန်တော် ကြိုးစားရေးသားသွားမှာပါ။ အခုဆိုရင် ဖေဖော်ဝါရီ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန် ကြေညာ ချက်ကို အားလုံးဖတ်ပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က သမိုင်းအမှန်တရား တစ်ခု ဖော်ထုတ်ပေးဖို့ ရိုးရိုးသားသား တောင်းဆိုနေတာပါ။ မကဒတဟာ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိဆဲပါ။ မကဒတရဲ့ ရည်ရွယ်ချက်လေးခုကို ကျွန်တော်အခုထိ မမေ့သေးပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်း တွေ အရေးနဲ့ပတ်သက်လို့လည်း တတ်နိုင်သလောက် လုပ်နေတုန်းပါ။ မန္တလေးအိုးဘိုထောင်ထဲမှာ ရောက်နေတဲ့ ကယန်းပြည်သစ်ပါတီက ကိုစောလွင် (ကိုဋ္ဌေးအောင် ယခင် အေဘီ) ပြန်မလွတ်လာခင်အထိ ကျွန်တော်၊ မြင်းခြံက အောင်မြင့်ဟန်(ယခင် သေဘောဘိုး)၊ ရန်ကုန်က နုနုအောင် (ယခင် လူ့ ဘောင်သစ်) တို့ မန္တလေးက ဒေါ်သွယ်သွယ်စန်းနဲ့အတူ အပြင်ကနေ တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ ၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း ( နိုဝင်ဘာ ၁၅မှာ ကျွန်တော့် အမေဆုံးသွားပါတယ်) ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ကုန်က နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မန္တလေးက ဘ၀အလင်းပရဟိတအသင်းတွေနဲ့ လိုက်သွားရင်း ဘ၀အလင်း အခမဲ့ဆေးပေးခန်းမှာ တိုင်းရင်းသား ဒုက္ခသည်တွေကို ကျွန်တော်တို့ မိသားစု ဆေး ကုသပေးခဲ့ကြပါတယ်။ ကျွန်တော်က အမှတ်စဉ်နဲ့ လူနာအမည်ခေါ်၊ အမျိုးသမီးနဲ့ အခြားဆရာဝန်နှစ်ဦးက ဆေးကုပေး၊ သားက ဆေးပုလင်းတွေ သူသိသလောက် လိုက်ရှာပေးနဲ့ပေါ့။ (ကျွန်တော့် အမျိုးသမီးက ဒေါက်တာနီလာဝင်းပါ၊ ရွှေပြည်ဦးဘတင်ရဲ့ မြေး၊ ကလိ ဦးတင်ဝင်းရဲ့ သမီး၊ ဦးဝင်းဖေ (ယခု VOA ) ရဲ့ တူမပါ)ကျွန်တော့် အမျိုးသမီးရဲ့အစ်ကို ကိုစည်သူဆိုရင် မြောက်ပိုင်းယူဂျီကိစ္စနဲ့ ထောင်ကျခဲ့ရပြီး အပြင်ပြန်ရောက်မှ ကွယ်လွန်သွားခဲ့ရတာပါ။ ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရည်ရွယ်တိုက်ခိုက်တာမျိုး မလုပ်ချင်ပါဘူး။ တာဝန်ရှိသူတွေက ၀န်မခံသေးလို့ သမိုင်း အမှန်တရားအတွက် မလွဲမရှောင်သာ အမည်တပ် ရေးသားနေရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၂ မတိုင်မီ ကိုနိုင်အောင် မြောက်ပိုင်း ရောက်နေတယ်ဆိုတာက မြောက်ပိုင်းပြန် ရဲဘော်တစ်ချို့ အခိုင်အမာ ပြောလို့ ကျွန်တော် ရေးခဲ့တာပါ။ ကိုနိုင်အောင်ဘက်ကတောင် ကျွန်တော့်ကို ထောက်လှမ်းရေးလို့ ယုံ ကြည်ပြီး စစ်ကြောရေးဝင်ခိုင်းခဲ့တာ ကျွန်တော်က ကျွန်တော့်ကိုဖမ်းတုန်းက ကိုနိုင်အောင်ပြောတဲ့ စကားနဲ့ ပြန်လာပြီး စစ်ကြောရေးဝင်တဲ့ ကာလကို စဉ်းစားပြီး ကိုနိုင်အောင် မြောက်ပိုင်း ရောက်တယ် ရေးခဲ့တာ။ (ကျွန်တော့်မှာရော အဲလို ရေးခွင့် မရှိဘူးလား) မဟုတ်ဘူးဆိုရင် ကိုနိုင်အောင် ရှင်းပြနိုင် ရမယ်။ ဖေဖော်ဝါရီ ၁၄ရက်RFA အင်တာဗျူးမှာ ကိုနိုင်အောင် ပြောပါတယ်။ မြောက်ပိုင်းကို မပိုင်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး။ အဲဒီစကားက ဖြစ် နိုင်ချေရှိပါတယ်။ အားလုံးစဉ်းစားကြည့်ဖို့ အချက်လေးတွေ ကျွန်တော် ပြောကြည့်ချင်တယ်။ ကျွန်တော့်ကို ဖမ်းပြီး သုံးလကျော်အကြာမှာ မြောက်ပိုင်းလူသတ်ပွဲ ဖြစ်ပါတယ်။ ၉၂ ဖေဖော်ဝါရီ ၁၂ လူသတ်ပွဲကို ၉၂ မတ်လ ၁ရက်မှာ ဗဟိုကော်မတီ အတွင်းရေးမှူး ၁ က စာထုတ်ပါတယ်။ ကြားထဲမှာ ၁၇ရက်ပဲ ခြားပါတယ်။ နောက် မေလ ၃၁ရက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်က ရှင်းလင်းစာ ထုတ်ပါတယ်။ မြောက်ပိုင်းနဲ့ ဆက်သွယ်ရတာ ဘယ်လောက် ခက်ခဲတယ်ဆို တာ ကျွန်တော် အသိဆုံးပါ။ ၁၇ရက်လေး အတွင်းမှာ ဗဟိုကော်မတီက စာထုတ်နိုင်လောက်အောင် မြောက်ပိုင်းကပဲ ဗဟိုကော်မတီကို ပိုင်သလား။ ဒါမှ မဟုတ် အမိန့်ပေးလို့ရသလား။ စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် မြောက်ပိုင်းရဲ့ စစ်ကြောရေးပြင်းထန်တာ၊ ခေါင်းဖြတ်ပြီး ရက်ရက်စက်စက် သတ်တာကို မသိခဲ့ပါဘူး။ အဲဒီအချိန်က ဗဟိုကော်မတီဝင် အများစုလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ။ ကိုအောင်ထူး ကိုယ်တိုင်တောင် သေသေချာချာ သိခဲ့ရဲ့လား။ သိခဲ့ရင်ကော အဲဒီလိုစာမျိုး လက်မှတ်ထိုးပြီး ထုတ်မှာလား။ အမြန်ဆုံး စာထုတ်ရလောက်အောင် ဘယ်လိုအရာမျိုး ဘယ်လိုလူ မျိုးက တွန်းအားပေးခဲ့တာလဲ။ ဒီအချိန်မှာတော့ အဖြေထွက်သင့်ပါပြီ။ ကျွန်တော်ဖတ်ဖူးတဲ့ လူထုဦးလှရဲ့ ထောင်စာအုပ်တွေထဲက စာသားလေးတစ်ပိုဒ်ကို မျှဝေပါဦးမယ်။ အပြစ်ရှိတဲ့ ရာဇ၀တ်သား ဆယ်ယောက် လွတ်ချင် လွတ်သွားပါစေ။ အပြစ်မဲ့တဲ့ လူတစ်ယောက် အပြစ်ဒဏ် မခံရစေနဲ့ တဲ့။ ကိုနိုင်အောင် မြောက်ပိုင်း သွား မသွားကို ခဏဘေးဖယ်ထားလိုက်ပါ။ RFAမှာ သူပြောသွားတဲ့ ဒီလောက်များတဲ့ လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတဲ့ စကား။ ဒါက ခေါင်းဆောင်မပီသတဲ့ စကားပါ။ ကျွန်တော် အဲလို မရိုးသားတာမျိုးကို အမုန်းဆုံးပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ သူဒီလို အတွေးမျိုးရှိခဲ့ရင် အေဘီဗဟိုမှာ ရင်နာစရာတွေ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ရော ဆရာနေ၀င်းအောင်ရော အိပ်မက်ဆိုးတွေ မက်ခဲ့ရမှာ မဟုတ်ပါဘူး။ ကိုဋ္ဌေးနိုင်ရော၊ အောင်သူရော ကြွေလွင့်ခဲ့ကြရမှာ မဟုတ်ပါဘူး။ မြောက်ပိုင်းမီးစ တောင်ပိုင်းကို ကျခဲ့မှာ မဟုတ်ပါဘူး။ (နောက် အပိုင်းမှာ ကျွန်တော်တို့ကို ကျောင်းသားစစ်ကြောရေးစခန်း (ဒါးခွင်) ပြောင်းပြီး ရုံးထုတ် ထောင်ချခဲ့တာတွေကို ရေးသွားပါဦးမယ်)

""(မျိုးဝင်းကသူ့ ဒေါသတွေကို ထုတ်ပြပါတော့တယ်။

""(မျိုးဝင်းကသူ့ ဒေါသတွေကို ထုတ်ပြပါတော့တယ်။ မင်းလက်ရှေ့ ထုတ်လိုက်စမ်း။ မင်းလက်ရှေ့ ထုတ်လိုက်စမ်း။ ချိုကြီးကဒီအမိန့် ကိုဂရုမစိုက်ဘူး။ အစောင့်တွေရိုက်နှက်ထားတာ လည်း မွနေပြီ။ ငါအမိန့် ပေးနေတယ်။ ခု မင်းလက်ရှေ့ ဆန့် လိုက်စမ်း။ ချိုကြီး သူ့ ဘယ်ဖက်လက်ရှေ့ ဆန့် ထုတ်လိုက်တော့  မျိုးဝင်းက သူ့ ဓားနဲ့  လက်ကောက်ဝတ်က ခုတ်ဖြတ် လိုက်ပါတယ်။ ပြီးတော့ လက်ပြတ်ကို ဓားဦးနဲ့ ထိုးပြီး မြှောက်လိုက်တယ်။ ထွန်းအောင်ကျော် ကိုက်ထားစမ်း။ အဲဒီသွေးတွေမျိုချ။ အေး။ ငါ -ိုး။ ထွေးမထုတ် နဲ့ ။ ထွေးထုတ်ပစ်တာနဲ့  မင်းဇက်အပြတ်ပဲ။ ကဲ။အကုန် ထောင်ထဲပြန်ပို့ လိုက်။ ချိုကြီးကိုဆေးခန်းပို့ လိုက်။ ငါသူ့ ကို သွေး လွန်ပြီးမသေစေချင်သေးဘူး။ အကုန်လုံးကို ခေါင်းဖြတ်သတ်ပစ်ဖို့ ဆန္ဒရှိတယ်။)

Monday, February 20, 2012

ဇတ်သိမ်းခမ်းကိုကောင်းစေချင်တယ်၊ ABSDF ကောက်ကြောင်းများ(1)

ဇတ်သိမ်းခမ်းကိုကောင်းစေချင်တယ်၊ ABSDF ကောက်ကြောင်းများ(1) ကိုကိုဦး 19th Febuary, 2012 ရှစ်ဆယ့်ရှစ်အရေးအခင်းအပြီး၊အတောက်အပြောင်ဆုံးသောတော်လှန်ရေးအဖွဲ့အစည်းဆိုရင် ABSDF ဟာနံပတ်တစ်ဖြစ်ခဲ့တယ်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲအမတ်မင်းများ၏စင်ပြိုင်အစိုးရ ပေါ်လာပြီးသည့်နောက်ပိုင်း၊ ABSDF ဟာ၊အနာဂတ်နိုင်ငံရေးကိုမျှော်ကိုးသောနိုင်ငံရေးသမား များ၊တကိုယ်တော်ကိုယ်ကျိုးစီးပွါးကိုဦးစားပေးသောသူတို့၏ချနင်းသွားသောလှေကားထစ် များဖြစ်ခဲ့ရတယ်၊ အုပ်စုလိုက်တိုက်ပွဲတွေကြားမှာ အမှန်တရားကိုချစ်မြတ်နိုးသူတွေနေရာမရခဲ့သလို၊ ချေမှုန်းခံ ခဲ့ရသည့်သာဓကတွေ့နဲ့အလံတော်ကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရတယ်၊ယနေ့ထက်ထိပင် အမှန်တရားကိုလိုလားသူနဲ့ဖုံးကွယ်လိုသူတွေ အားပြိုင်ဆဲပဲဆိုတာဘယ်သူမှငြင်းနိုင်မယ်မထင် ပါဘူး၊ ဒီအပြင်အဖွဲ့အစည်းကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ယူကြုံးမရဖြစ်နေရသူတွေလည်းရှိတယ်၊ ဒါကြောင့်မြောက်ပိုင်းလူသတ်မှုကိစ္စနဲ့ပတ်သက်ပြီး၊အတွေးအဖုံဖုံ၊ခံစားချက်အဖုံဖုံရှိနေကြသူ များ၊ချစ်ခြင်းမုန်တီးခြင်းစသည်တို့ကိုရင်ဝယ်ပိုက်ထားသူများအနေနဲ့၊ကြမ်းတမ်းလှသောအဖွဲ့ ၏သမိုင်းကြောင်း၊ထုထည်ကြီးမားလှသောအညတရရဲဘော်များ၏ပေးဆပ်မှု၊တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်တို့၏မှားယွင်းမှုများ၊တာဝန်ရှိခေါင်းဆောင်တစ်ဦးချင်းစီ၏မှားယွင်းမှုများကိုအတိ အကျဖေါ်ထုတ်ကာလေ့လာရန်လိုအပ်လာပါပြီ၊မှားသောသူများကခေါင်းမာစွာငြင်းဆန်နေ ပေမဲ့အမှန်ကိုသိသောသူများက၊လူထုကိုရိုးသားစွာရှင်းလင်းချပြရမဲ့တာဝန်ရှိနေပါတယ်၊ ဒီမိုကရေစီဆိုသည့်အမှန်တရားနဲ့ရိုးသားပွင့်လင်းမှုကိုကျနော်တို့မြတ်နိုးကြောင်းပြသရပါလိမ့် မယ်၊လူညီရင်ဤကိုကျွှဲဖတ်ခဲ့ကြသောသူတွေကြောင့်အုပ်စုလိုက်အားပြိုင်မှုတွေတွေ့ခဲ့ရသလို၊ နိုင်ငံရေးအတွေးအခေါ်အားနည်းသောစစ်ဝါဒီသမားသက်သက်ကိုလည်းတွေ့ခဲ့ရပါတယ်၊ အဲဒီလိုစစ်ဝါဒီအာဏာရှင်လက်သစ်တို့ရဲ့ခေါင်းဆောင်ဖြစ်ချင်လွန်းသောရှုးသွတ်မှုတွေကြောင့် အလွန်တရာအရုပ်ဆိုးအကျဉ်းတန်သောသမိုင်းကို ကျနော်ဒီမိုကရက်တစ် အင်အားစုတွေ အားလုံးခါးစည်းခံခဲ့ရပေပြီ၊ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြုံနေခဲ့သော ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်မှုကြီး ဘွားကနဲပေါ်လာတဲ့အခါမှာတော့ ပြည်ပနိုင်ငံရေးလောကမှာမေးမှိန်နေခဲ့တဲ့ABSDFဟာဗြုန်း ကနဲဆိုတောက်ပြောင်လာပါတော့တယ်၊ ဒီတစ်ခါတောင်ပြောင်လာပုံတော့သိပ်မကောင်းလှပါ နာမည်ကျော်လူသတ်မှုကြီးဆိုပါတော့၊ဒီတော့ဒီလိုမျိုးတော်လှန်ရေးကိုအသက်စွန့်ပြီးလုပ်ခဲ့ပြီး ကာမှ နာမည်ပျက်ရကိန်းဆိုက်တော့တာမို့ တပ်ဖွဲ့ဝင်တိုင်းကာကြိတ်မနိုင်ခဲမရငိုချင်းချခဲ့ရသူ အများကြီးရှိမယ်ဆိုတာအလွန်ကိုသေချာပါတယ်၊ဒါကြောင့်ဒါဟာသာမန်နိုင်ငံရေးကိစ္စမဟုတ် အသေးစိတ်ကိုလေ့လာဆန်းစစ်ခွဲခြမ်းစိတ်ဖျာရတော့မယ်အနေအထားကိုရောက်လာရပါတယ် ပြည်တွင်းပြည်ပနိုင်ငံရေး၊လက်တွဲဖေါ်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၊ရှစ်လေးလုံးမျိုးဆက်များ အတွင်း၊အမှန်တကယ်နားလည်မှုရအောင်ပြန်လည်တည်ဆောက်ရမှာဖြစ်သလို၊အပြစ်ရှိသူ များကိုလည်းဘက်မလိုက်ပဲ၊ ရဲရဲဝံ့ဝံ့ဖေါ်ထုတ်သွားရမဲ့အခြေအနေကိုရောက်နေပါပြီ၊ တကယ်တော့ABSDFဟာ၊ပေးဆပ်မှုများစွာနဲ့ပြည့်နှက်နေတဲ့အဖွဲ့အစည်းတစ်ခုပါ၊ အမိတိုင်း ပြည်လွတ်မြောက်ရေးအတွက်အဘက်ဘက်ကပေးဆပ်ရင်းဆက်လက်ချီတက်ခဲ့ရတာပါ၊ လက်နက်ကိုင်တော်လှန်ရေး၏နေရာကိုပါတီနိုင်ငံရေးများ၊လက်ဝေခံအင်ဂျီအိုနိုင်ငံရေးများ၊ စာရင်းရှင်းရန်ခက်ခဲသောယူဂျီနိုင်ငံရေးများ၊မှိုလိုပေါပေါ်လာချိန်မှာတော့ABSDFဟာ၊ရိက္ခာ ပြတ်အထောက်အကူအားလုံးအဖြတ်ခံခဲ့ရပြီးမှစနစ်တကျဖြိုခွဲခံခဲ့ရပါတယ်၊နောက်ဆုံးငါ့တို့ ရိက္ခာကျည်ဆံငါတို့ရှာမယ်ဆိုပြီး၊အန္တရယ်ထူပြောလှတဲ့ပင်လယ်ပြင်ကြီးထဲအရဲစွန့်ကာ ဘ၀များစွာကိုပေးပြီးရည်မှန်းချက်ကိုရောက်အောင်ကြိုးစားခဲ့ကြရတယ်၊တော်လှန်ရေးယုံ ကြည်ချက်နဲ့အတူပင်လယ်ပြင်မှာအသက်ပေါင်းများစွာကိုပေးဆပ်ရင်းတော်လှန်ရေးကိုအ သက်ဆက်ခဲ့ကြရတယ်၊ သို့သော်တော်လှန်ရေးဆိုသည်မှာဗလာကျည်ဆံဖြစ်တိုက်လို့မရသည်မို့အားလုံးတစစီဖြစ်ခဲ့ရတာကိုတော့ငြင်းကွယ်လို့မရနိုင်ပေ၊သေချာတာတစ်ခုကတော့အားလုံးဟာသူတို့ခွဲခွါခဲ့ရသော ကျောင်းသားတပ်မတော်ကိုအမုန်းတရားမရှိဆက်လက်ချစ်ခင်နေဆဲပင်ဖြစ်ပါတယ်၊တတိယ နိုင်ငံများသို့ရိုးရိုးသားသားထွက်ခွါသွားသူများရှိသလို၊လက်ဝေခံအင်ဂျီအိုအဖွဲ့များတွင်လူဖြူ တွေပြောသမျှကိုဟုတ်ကဲ့လုပ်ပြီးနိုင်ငံရေးဘ၀သစ်ထူထောင်သူများလည်းရှိလာခဲ့ပါတယ်၊ ဖြစ်ချင်တော့လက်ဝေခံအင်ဂျီအိုအဖွဲ့တွေမှာ နိုင်ငံရေးဘ၀သစ်ကိုထူထောင်ကြသူတွေအထဲမှာ ရော်နယ်လ်အောင်နိုင်ကဲ့သို့သော၊နိုင်ငံရေးအရေခြုံရာဇ၀တ်သားများပါလာတယ်၊ သူရဲ့နောက် ကြောင်းကိုသိရဲ့သားနဲ့ မကဒတဗဟိုရဲ့အရေးပါလှတဲ့သုသေသနဌါနာမှာ၊ ဌါနမှုးအထိတာဝန် ပေးခဲ့တဲ့အထိဖြစ်ခဲ့တာ၊ ဒါဟာနိုင်ငံရေးပုလင်းတူဗူးဆို့များကအကာအကွယ်ပေးလူရာသွင်း ထားတာကိုသက်သေပြတဲ့အချက်တွေပါပဲ၊ အရင်ကသူတို့ဖုံးဖိထားကြခဲ့သည့်လူသတ်မှုကြီးကမထင်မှတ်လောက်အောင်ကြီးကျယ်ရက် စက်နေတာကိုသိလိုက်ရတော့ အမှန်ကိုလိုလားသောရဲဘော်များကလူ့ဂုဏ်သိက္ခာ၊အဖွဲ့အစည်း ဂုဏ်သိက္ခာအတွက် အမှန်တရားကိုဖေါ်ထုတ်တောင်းဆိုလာကြတာပဲဖြစ်တယ်၊မိမိတို့အားလုံး ရိုးသားစွာပေးဆပ်မှုတွေကိုတာဝန်ရှိသူတစ်ချို့ကတာဝန်မဲ့စွာအာဏာကိုအလွှဲသုံးစားလုပ်ခဲ့ကြမှန်းသိလာခဲ့ကြတယ်၊ တစ်ချို့ကလည်းဒီလိုဖေါ်ထုတ်တဲ့လုပ်ရပ်ဟာ မကဒတရဲ့စွန့်လွတ်မှုဂုဏ်သိက္ခာကိုထိခိုက်စေ သည့်အပြင် တော်လှန်သောအစုအဖွဲ့အားလုံးကိုထိခိုက်စေနိုင်တာမို့ ဒီအချိန်မှာမပြောကြသေး ရင်ကောင်းမယ်၊ အချိန်မတန်သေးဘူးဆိုပြီးယူဆပြောဆိုနေကြတာကိုလည်းတွေ့နေရပါတယ်၊ အချိန်တန်ခြင်းမတန်ခြင်းဆိုတာကိုကျနော်တို့ဆုံးဖြတ်လို့မရ၊အဖြစ်အပျက်တွေကသာပေါ်လာချိန်တန်ရင်ပေါ်လာပြီး ပျောက်ချင်ရင်ပျောက်သွားတတ်တဲ့သဘာဝကိုသာအထူးနားလည်ကြ ရမှာပါ၊ဖေါ်ချင်တိုင်းလည်းဖေါ်လို့မရ၊ဖျောက်ချင်တိုင်းလည်းဖျောက်လို့မရ၊ဒါဟာအဖြစ်အပျက်တွေ့ရဲ့လောကနိယမအတိုင်းလက်ခံရယူရန်သာရှိပါတယ်၊ တကယ်ဆိုရင် ကျနော်တို့အားလုံးဟာ စစ်အာဏာရှင်စနစ်ကိုရွံမုန်းသူတွေဖြစ်ပြီး တော်လှန် ရေးချစ်မြတ်နိုးကြသူတွေပါ၊မိမိတို့ကျင်လည်ဖြတ်သန်းရာနီးစပ်ရာ တံငါနားနီးတံငါဆိုသလို ဖြစ်ခဲ့ရသူတွေကြီးမို့ မိမိသိခဲ့တာအမှန်ကြီးပဲလို့ဇွတ်ပေငြင်းဆန်မဲ့အစား အပြန်အလှန်လေး စားမှုနဲ့အတူ မိမိသိသောအချက်အလက်များကိုရိုးသားစွာဝေငှပေးခြင်းကသာလျှင် အကောင်း ဆုံးဖြစ်ပါလိမ့်မယ်၊အပြုသဘောဆန်ဆန်ဆွေးနွေးရင်း အဖြေမှန်ကိုရလာသည့်အခါမိမိတို့အား လုံး၏ညီညွတ်ရေးကိုလည်းမထိခိုက်သည့်အပြင် ပိုမိုကျစ်လစ်စွာတည်ဆောက်ပြီးသားဖြစ်ပါ လိမ့်မယ်၊ ကျနော်တို့အားလုံး ပုဂ္ဂိုလ်ရေးခင်မင်မှုတွေကိုဘေးချိတ်ပြီးဆွေးနွေးကြရအောင်၊ ABSDF ကိုရိုးရိုးသားသားချစ်ခဲ့ကြသောရဲဘော်များနဲ့ဒီမိုကရက်တစ်အင်အားစုများအကြား၊ အထင်မှားအမြင်မှားဖြစ်အောင်လုပ်ခဲ့ကြတယ်၊ သူတို့ရဲ့တာဝန်ရှိမှုကိုသတ္တိရှိရှိမဖြေရှင်းပဲ ရဲဘော်ရဲဘက်တွေအချင်းချင်းနောက်ထပ်ညီညွတ်မှုကိုထိခိုက်စေခဲ့ပါတယ်၊ ဒီလိုတာဝန်ယူ မှုမရှိတဲ့အတွက် မလိုလားအပ်တဲ့အနှောက်အယှက်တွေ၊ဘေးထွက်ဆိုးကျိုးကိုအားလုံးခံစား ခံစားခဲ့ရပါတယ်၊ ဒီအကျိုးသက်ရောက်မှုတွေအားလုံးဟာ တာဝန်ရှိသူတွေ့ရဲ့တာဝန်မဲ့မှုတွေကြောင့်ပဲဆိုတာကို မမြင်ပဲ အချင်းချင်းပြန်လည်တုံ့ပြန်တိုက်ခိုက်နေကြတယ်၊ ဒီတော့ ရန်သူအားရအောင်လုပ်နေ ကြတဲ့တရားခံအစစ်ကဘယ်သူဖြစ်မှာလည်းစဉ်းစားကြည့်ကြပါ၊ တကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးအတွက်အားကြိုးမာန်တက်လုပ်နေချိန်မှာမလိုလားအပ်တဲ့အနှောက်အယှက်အတားအဆီးတွေဝင်လာသယောင်ယောင်၊ရန်သူအလိုကျလုပ်နေသယောင် ယောင်လေသံပြစ်ခဲ့ကြတယ်၊ ဒါဟာလုံးဝမရိုးသားမှု၊ လိမ်လည်မှု၊ဖုံးကွယ်မှု၊ကိုယ်ကျိုးစီးပွါး ကာကွယ်မှု၊ လူထုအပေါ်သစ္စာဖေါက်မှုတွေအားလုံးကို တပြိုင်နက်တည်းကျူးလွန်ပြသနေတာ ဖြစ်တယ်။ တစ်ယောက်ကပြောတော့..ရန်သူအားရအောင်လုပ်နေတာတဲ့ဗျာ..နောက်တစ်ယောက်က တော့…. ပြည်သူတွေကိုထောင်နဲ့သောင်းနဲ့ချီ သတ်ဖြတ်ညင်းပန်းခဲ့တဲ့ စစ်အုပ်စုကိုတော့ ခုထိတရားစွဲဆိုဖို့ မကြိုးစားပဲနဲ့ မြောက်ပိုင်းမှာတာဝန်ရှိတဲ့သူတွေကိုတရားစွဲဆိုဖို့လုပ်နေ တာတော့တော်တော်အံ့သြတယ်။…ရော်နယ်လ်အောင်နိုင်ကပြောတာကတော့… ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ်တဲ့ဗျာ။ ကျနော်တို့အားလုံးဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ရိုးသားစွာတိုက်ပွဲဝင်ခဲ့ကြတယ်၊လူ့အ ခွင့်အရေးကိုလူ့အခွင့်အရေးပေတံနဲ့တိုင်းတာရမှာဖြစ်သလို၊နိုင်ငံရေးကိုနိုင်ငံရေးပေတံဖြင့် သာတိုင်းတာရပါလိမ့်မယ်၊ ဒီနေရာမှာနိုင်ငံရေးပါးဝနေကြသူတွေဟာသူတို့၏မှားယွင်းခဲ့သော လူ့အခွင့်အရေးဖေါက်ဖျက်ကျူးလွန်မှုတွေကိုနိုင်ငံရေးကွက်ဖြင့်လှည့်စားပြီးဆက်လက်လိမ်ညာဘို့ကြိုးစားနေတာကိုတွေ့နေရပါတယ်။ တော်တော်ကိုရယ်စရာကောင်းတဲ့သူတွေပဲ၊တကယ်တော့ဒါတွေအာလုံးဟာမိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာတာထက်သူတို့ရဲ့အကြောက်လွန်နေတဲ့စိုးရိမ်မှုကိုဖေါ်ပြနေပါတယ်၊လူအခွင့်အရေးဖေါက်ဖျက်မှုကိုနိုင်ငံရေးနဲ့ဖုံးလွမ်းပြစ်ချင်တဲ့မရိုးသားတဲ့စိတ်တွေကိုမြင်တွေ့နေရပါတယ်။ စစ်အာဏာရှင်တွေရဲ့အတုအယောင်ပြန်လည်ရင်ကြားစေ့ရေးကိုပဲ တကယ်နိုင်ငံရေးအရေး ပါမှုအဖြင့်ဖေါ်ပြလိုကြပြီး ကျနော်တို့အစဉ်အဆက်တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့ လူ့အခွင့် အရေးချိုးဖေါက်မှုတွေ မိမိတို့အတွင်းမှာပေါ်လာတဲ့အခါကျတော့ ပိတ်ပင်တားဆီးလိုတဲ့ မူမမှန်တဲ့သူတွေရဲ့စိတ်ဓါတ်ကိုလည်း နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ တကယ်ဆိုရင် ငါတို့မှာတာဝန်ရှိနေပါလား၊ ငါတို့အဖွဲ့အစည်း၏ဂုဏ်သိက္ခာအတွက်ဖြေရှင်းပေး ရမည့်တာဝန်ရှိနေပါလားဆိုတဲ့ အသိစိတ်၊ တာဝန်ယူလိုစိတ်ကိုပြသရမည့်အစား ဖြေရှင်းပေး ရန်တောင်းဆိုနေကြသူတွေကို မလိုမုန်းထားရှိနေတာကလည်း မူမမှန်ဆိုတာထင်ရှားလှပါ တယ်၊ ကျနော်သူတို့ကိုပြောလိုက်ချင်တာက..ဒီနေ့ဟာအိုင်တီ(IT)ခေတ်ကိုရောက်နေပြီ၊ဘယ်အရာမှ ဖုံးကွယ်ထားလို့မရတဲ့ပွင့်လင်းတဲ့(Globalization)ခေတ်ကြီးကိုရောက်နေပါပြီဗျာ၊တကယ်လို့သူတို့ABSDFကိုချစ်ရင်၊ ပေးဆပ်ခဲ့ပြီးသောသူတို့၏သမိုင်းကိုတန်ဖိုးထားလျှင် တာဝန်ရှိ သူတွေ ကို တာဝန်ယူဘို့ပူးပေါင်းပြီးပြောစေချင်တယ်ဗျာ၊ စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေ ရေးမဟုတ်ဘူး၊ ဒါပေမဲ့လှစ်လျှူရှုခြင်းလဲမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊ အမှန်တရားကို ထာဝရဆုပ်ကိုင်ခြင်းမည်၏၊ ပထမဦးဆုံးကျနော်ရှင်းပြချင်တာကABSDFရဲ့အသက်သွေးကြောဖြစ်တဲ့ဖွဲ့စည်းပုံစည်းမျည်း (သို့)အခြေခံဥပဒေကိစ္စပါပဲ၊ ဖွဲ့စည်းပုံအခြေခံစည်းမျည်းထဲမှာသေဒဏ်နဲ့ပတ်သက်တဲ့အချက် ကိုပဲအရှင်းဆုံးကောက်နှုတ်ဖေါ်ပြရင် ဗဟိုကော်မီဥက္ကဌတစ်ဦးကပင်သေဒဏ်ကိုပေးပိုင်ခွင့်မရှိ သလို အမိန့်ပေးပိုင်ခွင့်လည်းမရှိခဲ့ပါ၊ဗဟိုကော်မီတီမျက်နှာစုံညီအစည်းအဝေးကဆုံးဖြတ်ချက် ချထားရင်တောင် ညီလာခံအထိအယူခံပိုင်ခွင့်ရှိနေပါတယ်၊ ဗဟိုကော်မီတီနဲ့ညီလာခံအကြား မှာတောင် ဥက္ကဌကအသနားခံပိုင်ခွင့်ကိုပေးနိုင်ခွင့်ရှိနေပါသေးတယ်၊(ABSDFတောင်ပိုင်းတွင် ဖြစ်ခဲ့သောကိုဝင်းနိုင်ငြိမ်းအမှုတွင်ကိုဝင်းနိုင်ငြိမ်းသေဒဏ်မှလွတ်ငြိမ်းခွင့်ရခဲ့သည်ကိုABSDF ဗဟိုကော်မီတီသုသေသနဌါနတွင်မှတ်တမ်းရှိပါသည်)၊ ဒါကြောင့်မြောက်ပိုင်းကိစ္စမှာတာဝန်ရှိသူတွေလုပ်ပိုင်ခွင့်အလွဲသုံးစားပြုပြီး၊လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခဲ့မှန်းသိသာနေပါတယ်၊ဦးနှောက်အလွန်နည်းတဲ့မြောက်ပိုင်း မျိုးဝင်းရဲ့လူမိုက်ဆန်သောလုပ်ရပ်တွေကိုအမျှော်အမြင်ညာဏ်နည်းခဲ့ကြတဲ့၊သံချောင်းနှင့်ရော် နယ်အောင်နိုင်တို့ကထပ်ဆင့်ပူးပေါင်းကာမှားခဲ့ကြတယ်၊ ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ် ဆိုတဲ့ရော်နယ်အောင်နိုင်ဟာABSDF ရဲ့ဖွဲ့စည်းပုံကိုလုံးဝမျက်ကွယ်ပြုခဲ့တာထင်ရှားတယ်၊ မြောက်ပိုင်း(၁၅)ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိစ္စကိုဖြစ်ပြီးတော့မှ တောင်ပိုင်းဗဟိုက၊ လူသတ်မှုကိုထပ်ဆင့်ထောက်ခံမှုပေးခြင်းဟာ သမိုင်းတွင်ခဲ့သည့်မဟာအမှားပဲဆိုတာအားလုံး နားလည်လိုက်ပေမဲ့ အလွန်တရာနောက်ကျခဲ့ပါတယ်၊ ဘာကြောင့်မြောက်ပိုင်းအမှားကိုဗဟို ကထပ်ဆင့်ထောက်ခံခဲ့တာလဲ? ဒါဆိုဘယ်သူတွေကမှားခဲ့ကြသလဲ ? ဘယ်နေရာမှာမှားခဲ့ကြသလဲ ?၊ တစ်ခုချင်းပြောကြရအောင်။ နိုင်ငံရေးပရောဂါကြောင့်လို့ပြောရင် စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့် ဒီအဖြစ်ဆိုးတွေကြုံရ တာပါလို့ပြောရင်၊ သိပ်ကိုအလှမ်းဝေးသွားမှာဖြစ်ပြီး၊လူသတ်မှုဆိုတဲ့ရာဇ၀တ်မှုဟာ ပျောက် သွားလိမ့်မယ်၊ တချိန်တည်းမှာပဲကျနော်တို့ဟာ လူသတ်မှုဆိုတဲ့လူ့အခွင့်အရေးချိုးဖေါက်မှု ကိုအမှန်အတိုင်းဖေါ်ထုတ်ရမှာဖြစ်သလို နိုင်ငံရေးအရတာဝန်ရှိမှုတွေကိုလည်း တစ်စစီ ဖေါ်ထုတ်ရမဲ့တာဝန်လည်းရှိနေပါတယ်။ မြောက်ပိုင်းဗဟိုကော်မီတီဟာ လူသတ်မှုအတွက်လုံးဝတာဝန်ရှိတယ်ဆိုတာဘယ်သူမှငြင်း မယ်မထင်ပါဘူး၊ သူတို့အားလုံးဟာ အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် လုံးဝတာဝန်ရှိ သူတွေဖြစ်နေတဲ့အတွက် သူတို့ကတော့တရားဥပဒေကို မုချရင်ဆိုင်ရမှာပါ၊ တောင်ပိုင်းဗဟို ကော်မီတီကရော ဘယ်လိုဘယ်အတိုင်းအတာထိပါဝင်ပတ်သက်ခဲ့သလည်းဆိုတာကို အား လုံးကစိတ်ဝင်တရားလေ့လာအဖြေရှာနေကြဆဲပါပဲ။ ထင်ထင်ရှားရှားထွက်ပေါ်နေတာကတော့ မြောက်ပိုင်းလူသတ်မှုအမှားကြီးကိုတောင်ပိုင်း ဗဟိုကနေတာဝန်ယူခဲ့တဲ့ကိစ္စ၊ တာဝန်ယူခဲ့တဲ့ပုံစံကိုလုံးဝသဘောမတွေ့ခဲ့ကြတဲ့ကိစ္စတွေပါပဲ၊ ကိုင်တွယ်ပုံကိုင်တွယ်နည်းလုံးဝမှားခဲ့သည့်အတွက်ကြောင့် အဖွဲ့အစည်း၏ဂုဏ်သိက္ခာကျဆင်း ခဲ့ရသည်သာမက တော်လှန်ရေး၏ဂုဏ်သိက္ခာကိုပါထပ်ဆင့်ထိခိုက်နစ်နာခဲ့ရပြန်ပါတယ်၊ ဒီအတွက်ဘယ်သူ့မှာတာဝန်အရှိဆုံးဆိုတာ ဖေါ်ထုတ်ပြီးတာဝန်ယူခိုင်းရမှာဖြစ်ပါတယ်၊ I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process. အထက်ပါစာသားကတော့ ဗဟိုကော်မီတီဥက္ကဌတစ်ဦးရဲ့ ဗဟိုကော်မီတီကိုယ်စားတာဝန် ရှိမှုကိုတာဝန်ခံခဲ့တာဖြစ်တယ်၊ ဒါဟာအမှန်တရားကိုစနစ်တကျဖြေရှင်းတာလား(ဒါမှမဟုတ်) တော်လှန်ရေးကိုဦးချိုးခံခဲ့ရတာလားဆိုတာငြင်းစရာကျန်ခဲ့ပေမဲ့၊ တာဝန်ရှိမှုအတွက်ကိုတော့ ၀န်ခံထားပြီးသားမို့ပြောစရာလိုမယ်မထင်တော့ပါဘူး။ မည်သို့သောအခြေအနေတွင်ဖြစ်ပါစေ၊စပိုင်လို့စွပ်စွဲခံရသူတွေအတွက်မှာတော့ABSDFဖွဲ့စည်းပုံအရသူတို့အသက်၊သူတို့သိက္ခာကိုကာကွယ်ပိုင်ခွင့်မရခဲ့သွားရှာပဲ၊ရက်ရက်စက်စက်အသတ်ခံခဲ့ကြရတယ်၊ဒါဟာလုံးဝငြင်းပယ်လို့မရတဲ့အဓိကသက်တွေတွေပဲဆိုတာဘယ်သူမှငြင်းလို့မရဘူး။ ရော်နယ်လ်အောင်နိုင်ရဲ့သွေးရှုးသွေးတန်းနဲ့ပြောနေတဲ့၊စပိုင်ဆိုရင်သတ်ခွင့်ပေးထားပါတယ်ဆိုတဲ့စကားဟာ ABSDF ရဲ့ဖွဲ့စည်းပုံကိုဗြောင်စော်ကားနေတဲ့ စကားလုံးတွေပဲဖြစ်တယ်၊ ဒီလိုလူ တွေရဲ့လက် လွတ် စ ပယ် ပြောကြားချက်တွေကြောင့်ABSDF ရဲ့ဂုဏ်သိက္ခာကိုထိခိုက်ရ သလို၊ တိုက်ပွဲအသီးသီး မှာကျဆုံးခဲ့ရသောရဲဘော်ရဲဘက်တွေရဲ့သမိုင်းကြောင်းကိုလည်း စော်ကား လိုက်တာဖြစ်တယ်။ ကိုအောင်ထူးကဘာတွေထုတ်ပြန်ခဲ့သလဲကြည့်ကြရအောင်၊ ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့ စွပ်စွဲခံရသူတွေဟာ ခုခံ ကာကွယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ရန်သူ့သူလျှိုတွေရဲ့အမှုကိုတရားရုံးမှာ ကြားနာခဲ့ပါတယ်။ အပြစ်မရှိတဲ့သူတွေကိုအညိုးအတေးထားပြီး၊လက်နက်အားကိုးလူမိုက်အားကိုးဖမ်းဆီးပြီး သွေးအေးအေးနဲ့ရက်ရက်စက်စက်သတ်နေကြတာကိုခင်ဗျားသိနေရက်သားနဲ့၊ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့လို့ပြောရက်ဆိုရက်တဲ့ စိတ်ဓါတ်မျိုး နဲ့ရှေ့နေဖြစ်လာကိုသိပ်ကိုအံ့သြစရာကောင်းပါတယ်။ ကိုအောင်ထူးခင်ဗျား၊မိမိတို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ဥပဒေကို၊ကိုယ်ကိုယ်တိုင်ကျူးလွန်ဖေါက်ဖျက်လို့ကတော့၊မသိလို့နားမလည်လို့ဖေါက်ဖျက်မိတာပါလို့ပြောလို့မရတော့ဘူး၊သိသိကြီးနဲ့ကျူး လွန်ခဲ့တာကိုထောက်ခံပေးလိုက်တာဖြစ်တယ်၊အဲဒါခင်ဗျားတို့ရဲ့မဟာအမှားကြီး၊သိသိကြီးနဲ့မှားတဲ့မဟာအမှားကြီး၊နိုင်ငံရေးလောဘကြီးသူတွေရဲ့မဟာအမှားကြီးတွေပဲဆိုတာထင်ရှားတယ်၊အဲဒီခင်ဗျားတို့ရဲ့မဟာအမှားကြီးတွေအောက်မှာABSDFသာမက၊ပြည်တွင်းပြည်ပဒီမိုကရေစီ အင်အားစုတွေအားလုံးကိုထိခိုက်ခဲ့ရတယ်ဆိုတာ၊ဒီနေ့ဒီအချိန်မှာခင်ဗျားတို့သိနေပါပြီ။ ဒါပေမဲ့ဒီကိစ္စမှာတစ်ဦးချင်းတာဝန်ရှိသူတွေဟာ၊အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုငဲ့ညှာခြင်းမရှိပဲ၊အကြောက်တရားကြီးစွာဆက်လက်ငြင်းဆိုနေဆဲ၊တာဝန်မဲ့သောစကားများကိုပြောဆိုနေဆဲပဲ တွေ့ရလို့၊အပြစ်မဲ့သောတပ်ဖွဲ့ဝင်များအတွက်အတော်ကိုရင်ထုမနာဖြစ်ရပါတယ်၊အခုတော့ခင် ဗျားတို့ရေးသားခဲ့ကြတဲ့သမိုင်းလိမ်သမိုင်းအမှားကြီးတွေအတွက်၊ခင်ဗျားတို့အားလုံးရှေ့ထွက်ပြီးရဲရဲဝံ့ဝံ့ဖြေရှင်းဖို့လိုနေပါပြီ။ နောက်ဆုံးကုန်ကုန်ပြောရရင်ဖြစ်ပြီးတဲ့ကိစ္စအတွက် ကိုယ့်နဲ့ဆိုင်ရာဆိုင်ရာ ပတ်သက်ရာ ပတ်သက်ရာတွေအားလုံးကိုအရိုးသားဆုံးတာဝန်ယူစေချင်ပါတယ်၊ဒီလိုပြောနေရတာကလည်း အဖွဲ့အစည်းရဲ့အလံတော်အောက်မှာ တော်လှန်ရေးယုံကြည်ချက်ကြောင့်အသက်ပေးခဲ့တဲ့ ရဲဘော်ရဲဘက်တွေအတွက်ရော လူတွင်မကသမိုင်းကိုပါအသတ်ခံခဲ့ရသောကံဆိုးသူကျနော် တို့မြောက်ပိုင်းကရဲဘော်ရဲဘော်တွေအတွက်ရောအမှန်ကန်ဆုံးဖြစ်စေချင်တဲ့ဆန္ဒတစ်ခုတည်းပါ။ ကျနော်ဖြစ်စေချင်တာက ဇတ်သိမ်းခမ်းကိုကောင်းစေချင်တယ်၊ ကျနော်တို့ကြည့်နေကြမြန်မာ ဆန်ဆန်ရုပ်ရှင်ကားလေးထဲကလိုပဲဇတ်သိမ်းခန်းမှာဗီလိန်အားလုံးလဲအမြင်မှန်ရ၊ငါ့သားငါ့သမီးကိုမတူဘူးမတန်ဘူးဆိုတဲ့လူတန်းစားခွဲခြားတဲ့မိဘတွေကလည်းအမြင်မှန်ရ၊လူဆိုးလူမိုက်တွေကိုရဲတွေဖမ်းဆီးရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါသွား၊မင်းသားနဲ့မင်းသမီးကြည်ကြည်နူး နူးနဲ့ပြန်ပေါင်းဆုံကြတဲ့သမရိုးကျဇါတ်လမ်းလေးလိုဖြစ်စေချင်ပါပြီ၊ ဂျိမ်း(စ်)ဘွန်းကားလိုရမ်ဘို ကားလို၊ တစ်ယောက်မှလည်းအမြင်မှန်မရပဲတစ်ကိုယ်တော်လူစွမ်းကောင်းကြီးတစ်ဦးကပဲ အပြတ်အသတ်အနိုင်တာမျိုးကိုလည်းမမြင်ချင်တော့ပါ။မြန်မာဆန်ဆန်ကျနော်မှားခဲ့ပါတယ်ဆိုတာကိုတော့ လူထုရှေ့မှောက်မှာရဲရဲဝံ့ဝံ့ကြီးပြောစေချင်တယ်ဗျာ။ ဒီလိုမျိုးကံယကံရှင်တွေလုပ်ကြဖို့ တိုက်တွန်းနေကြ၊ဖြစ်စေချင်နေကြတဲ့အထဲမှာ ခံခဲ့ရတဲ့သူ တွေတောင်ပါနေတာကိုက အင်မတန်ကိုထူးခြားနေပါတယ်၊နောက်တစ်ချက်က ကိုယ်ချင်းစာ စိတ်နဲ့ ခံခဲ့ရသူတွေနောက်ကရပ်နေတဲ့သူတွေကလည်း နောက်ဆုံးအချိန်ထိအပြစ်ရှိတဲ့သူတွေ ကိုမလွတ်တန်းစောင့်ကြည့်နေတာကိုလည်းမေ့ထားလို့မရပါဘူး၊ အမြင်မှန်မရပဲဆက်ပြီးမှားတဲ့ လမ်းကိုဆက်လျှောက်နေရင်တော့ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး၊ ဒီနေ့မြန်မာ့နိုင်ငံရေးမှာလည်း မှားတာကိုမှားခဲ့ပါတယ်လို့လုထုကိုဝန်မခံရဲတဲ့စစ်ဗိုလ်ချုပ်ကြီး တွေကြောင့် တိုင်းပြည်ဟာလုံးဝငြိမ်းချမ်းရေးမရသေးဘူး၊ ကျနော်တို့အားလုံး ဒီစစ်ဗိုလ်ချုပ် ကြီးတွေရဲ့အကျင့်ဆိုးတွေကို အတုခိုးဦးမှာလား။ ဒါမှမဟုတ် အမြင်မှန်ရပြီး မိမိတာဝန်ကိုမိမိတို့ ရဲရဲဝံ့ဝံ့တာဝန်ယူသွားကြမှာလားဆိုတာကို ကျနော်တို့အားလုံးကမျှော်လင့်စောင့်စားနေကြ ကြောင်းပါခင်ဗျာ၊ ------------------------------------------------------------------------------------------------- စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေရေးမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊ အမှန်တရားကို ထာဝရဆုတ်ကိုင်ခြင်းမည်၏၊ အမှန်တရားကိုတော်လှန်ရေးသမားတိုင်း ဆုပ်ကိုင်နိုင်ကြပါစေ၊ ကိုကိုဦး 19th Febuary, 2012

Tuesday, February 14, 2012

Burma Canadian Association 20th Anniversary

20 Anniversar

Thursday, February 9, 2012

လိုင်စင်တောင်၊ ပါဂျောင်ကလာခဲ့တယ်...(၂)

လိုင်စင်တောင်၊ ပါဂျောင်ကလာခဲ့တယ်...(၂) THAN SWE thanswe9999@yahoo.com to 8888peoplepower, U, Ko, Ko, Ko, mg from thanswe9999@yahoo.com ”ဓမ္မစစ်ကျော်ဝေ တဲ့ဟေ့..” ”ကျော်ဝေ....ဓမ္မစစ်” တဲ့ “ကျော်ဝေ သေရိုးလား” တဲ့ ။ ကဲ..၊ ကြားကြရဲ့လား ။ အေးစက်ပြီးခဲနေတဲ့ ရေထဲ၊ ဇောက်ထိုးဆွဲနှစ်လို့လဲ ပျစ်ချွဲညစ်မွဲ မသွားခဲ့တဲ့ သွေးထဲက”ဓမ္မစစ်တရား” ”ကျောင်းသားကွ တဲ့” ပြည်စိုးနိုင်ရဲ့ အသံလည်းပါရဲ့..သူ့ရှေ့ကရဲဘော်တွေ၊ သူ့နောက်ကရဲဘော်တွေ၊ကျဆုံးသူ၊ကျန်ရစ်သူ၊ အားလုံး၊အားလုံး ၊ အားလုံးရဲ့အသံတွေလဲပါရဲ့..၊ပြီးတော့လူ့ယဉ်ကျေးမှု၊လူ့ဂုဏ်သိက္ခာ၊လူ့တန်ဘိုးကိုသိတတ်သူမှန်သမျှတို့ရဲ့ဆူပွက်နေတဲ့ နှလုံးခုံသံတွေ နဲ့ပေါင်းလိုက်တော့”ဓမ္မစစ်ဆိုတာသေနိုင်ပါရိုးလား၊ကျောင်းသားကွ” တဲ့ ။ ကြားရဲ့လားဟေ့..။ မိုးကြိုးဆယ်စင်း တပြိုင်နက်ပစ်တာထက် ပြင်းတဲ့တရားစစ်ခင်းသံတွေလေ ”ညံ ”နေပါရောလားဟေ့ ။ မသမာမှုမှန်သမျှ ပါဂျောင် နဲ့လိုင်စင်တောင်အောက် လက်စဖျောက်နိုင်မယ်ထင်ကြပါသလားတဲ့ ၊မေးနေကြပါပကော။ ပျောက်သွားသလား ဟေ့။ ဖြေကြလေ။ ဖြေကြ စမ်း ။ နဖူးကို အဝီစိနဲ့ကပ်နေအောင်ထိ၊ လေးဘက်ရပ် သတ္တဝါဇာတိ ပကတိရုပ်အတိုင်း ဝက်ခြံထဲဝင်ခဲ့ကြပေတော့ ။ မင်းတို့ကို လူ့အဖွဲ့အစည်းကကျဉ်ထုတ်တော့မယ့် တရားစီရင်ပွဲ ရက်နဲနဲပဲကျန်တော့တယ် ။ သတင်း၊အတင်း၊အပင်း၊အမှင်း၊မီဒီယာ ”ဒိုင်း” ထူထူကာခဲ့ သမျှဟာလဲ ”လှံ”စူးဖို့ ပဲဖြစ်လာပါတော့မယ် ။ တခုတော့ပြောလိုက်မယ်၊ လူသားစင်စစ်၊လူစစ်စစ်တွေရဲ့လူ့ယဉ်ကျေးမှုတရားခွင်ဟာမျှတစွာစီရင်ပါလိမ့်မယ်ဆိုတာပါပဲ။ ကျူးလွန်တဲ့ပြစ်မှု အလိုက်၊ကျူးလွန်သူအပေါ်သာတိုက်ရိုက်သက်ရောက်တဲ့၊ထိုက်တန်တဲ့တန်ဘိုးညီပြစ်ဒဏ်ပဲဖြစ်တယ်။ မသက်ဆိုင်သူတွေအပေါ် မှာ ထိခိုက်စေမှာမဟုတ်ဘူး။ ဆိုလိုတာက မင်းတို့ကျူးလွန်ပက်စက်ခဲ့တဲ့အပြစ်ရဲ့ဒဏ်ကိုမင်းတို့ပဲခံစေ ရမယ် ။ မင်းတို့နဲ့သွေးသားဆက်နွယ်သူတွေဖြစ်တဲ့အမိအဖ၊ညီအစ်ကိုမောင်နှစ်မ၊ဇနီးမယားသမီးသားတွေမထိခိုက်စေရဘူးဆိုတာပဲ ။ အဖေကအစအားလုံးမရှိတောင် မင်းတို့ကို ဝမ်းရေအစပ်ခံပြီးမွေးခဲ့ကြတဲ့ အမေတော့ရှိကြသူတွေချည့်ပါပဲ။ အပြစ်မဲ့တဲ့မင်းတို့အမေတွေ လူတောထဲ ဘယ်မျက်နှာနဲ့ပွဲတက်မလဲ ။ လူ့ယဉ်ကျေးမှုတရားခွင်ဟာဒါကို သတိနဲ့ဆင်ခြင်ပြီး စီရင်မှာဖြစ်တယ် ။ မင်းတို့အမေတွေနဲ့သဘာဝတူ မိန်းခလေးတွေအပေါ် မင်းတို့ဘယ်လိုယုတ်မာပက်စက်ခဲ့ကြသလဲဆိုတာမင်းတို့ကိုယ်တိုင်မင်းတို့အမေတွေရဲ့မျက်စေ့ကိုတည့်တည့်ကြည့်ပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသာဖြစ်ကြောင်း အကောင်းဆုံးလျှောက်လဲကြပေတော့ ။ ကဲ ။ ခပ်ရှင်းရှင်းပဲ မေးလိုက်မယ်.. ဒီနိုင်ငံ၊ဒီလူ့အဖွဲ့အစည်းနဲ့ လူ့ယဉ်ကျေးမှုသမိုင်းမှာ ”ခင်ချိုဦးသေသလား..?” ”ထွန်းအောင်ကျော်သေသလား..?” ”ကျော်ဝေသေသလား..?” ”ကျောင်းသားတွေသေသလား..?” ”ဓမ္မစစ်တွေသေသလား..?” ” ဘယ်ကောင်တွေသေတာလဲ...?” မျိုးနွယ်စဉ်ဆက် သမိုင်းသေသွားတာ ”ဘယ်အကောင်တွေလဲ ဟေ့--” စင်္ကြာဝဠာတံတိုင်း ကိုရိုက်ခတ်၊ ပဲ့တင်ထပ်လာတဲ့အသံတွေကို နားထောင်ကြည့်ပါ မိတ်ဆွေတို့။ ”နှမလေးခင်ချိုဦးနဲ့ညီလေးတို့ရေ၊ ရဲဘော်တို့ရေ ၊ မင်းတို့ရဲ့သွေးနဲ့ရေးခဲ့တဲ့မှတ်တမ်းက မင်းတို့ချစ်တဲ့ပြည်သူနဲ့လူ့အဖွဲ့အစည်းရဲ့ အကြီးဆုံးအန္တရာယ်ကောင်တွေကို လူ့စည်းဝိုင်းအပြင်ဘက် ရာသက်ပန် ဆွဲထုတ် နိုင်ခဲ့ပါရောလား ၊ဒါဟာ မင်းတို့အောင်ပွဲကွ၊ မင်းတို့ဟာ တိုက်ပွဲဝင်ရည်ရွယ်ချက်အောင်မြင်ခဲ့ကြ တဲ့ ပွဲရသူရဲကောင်း ကျောင်းသားစစ်သည်တော်တွေ ပ ။ ဘယ်သူ ငြင်းဝံ့တုန်း” တဲ့။ ကဲ ။ မင်းတို့မောင်နှစ်မတွေ ဆုံကြတုန်း မင်းတို့အသည်းထဲ တသက်လုံးစွဲပြီးအမြဲသစ်နေတဲ့တေး၊ တစ်ယောက်နဲ့တစ်ယောက် မေးငေါ့ ပြီးမေးစရာမလိုတဲ့တေး၊ ငရဲခွေးတွေသွေးပျက်စေခဲ့တဲ့တေး၊ တေးရေးဆရာကျော်ဝေရဲ့တေး၊မင်းတို့အားလုံးရဲ့ မူပိုင်တေး၊ ရင်ကိုချီပြီး ပြိုင်တူညီညီဆိုလိုက်စမ်းပါဟေ့..။ ”” ဓမ္မစစ်ဆိုတာ သေနိုင် ပါရိုးလား ကျောင်းသားတဲ့ ဟေ့” လို့လေ ။ ၁၂ရက်၂လ၂၀၁၂ခုနှစ် အနှစ် နှစ်ဆယ်ပြည့်ပွဲကျင်းပရေးကော်မီတီဝင်များနှင့် ကာယကံရှင်ညီ/ညီမများသို့ရည်ညွှန်းပေးပို့အပ်ပါသည်။ Nyunt Shwe nyuntshwe@hotmail.com via yahoogroups.com to 8888peoplepower images from nyuntshwe@hotmail.com ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့ မောင်မင်းတို့၊ တရားသူကြီး ခိုင်ဖုန်းရဲ့ ဝန်ထမ်းတွေကတော့ ခေါင်းဖြတ်ဓားစက်ကြီးက ဒါးတွေကို တမြမြ သွေးနေကြပေါ့။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးက တာဝန်ရှိသူတွေကလဲ လျှပ်စစ်ကုလားထိုင်တွေကို အသင့်ပြင်နေကြလေရဲ့။ လွတ်အောင်ပြေးနည်းရှိပေမဲ့ မသုံးလိုက်ကြပါနဲ့ကွာ၊ အဖန်ငါးရာ ငါးကမ္ဘာတဲ့၊ သံသရာကြွေးအထပ်ထပ် ပါမသွားပါစေနဲ့။ ဟဲဟဲ၊ ယောကျားပီပီပေါ့ကွာ။ မြန်မာ့စာနယ်ဇင်းကျင့်ဝတ်အနေနဲ့ စာနယ်ဇင်းသမားတွေကတော့ တရားရုံးက မဆုံးဖြတ်မခြင်း မင်းတို့ဟာ တရားခံမဟုတ်သေးဘူးပေါ့ကွာ။ ဒါပေမဲ့ ပြည်သူတွေကတော့ ရှင်းတယ်၊ မင်းတို့ဟာ တရားခံတွေပဲ။ မြန်မာ့ယဉ်ကျေးမှုမှာ “ရတနာ” နဲ့တင်စားခဲ့တဲ့ သားသမီးတွေကို မတော်မတရား အရှက်တကွဲ အကျိုးနဲ ဆုံးပါးခဲ့ကြရတဲ့ မိဖတွေ ညီအစ်ကို မောင်နှစ်မတွေ နေရာကနေကလဲ နည်းနည်းဖြစ်ဖြစ် ဝင်ခံစားကြည့်ကြပေါ့။ မင်းတို့ကို နည်းနည်း လူနဲ့တူလာစေချင်လို့ ပြောလိုက်ရတာပါကွာ။ အကြွေးဆိုတာ တင်နေရင် ဆပ်ရတယ်တဲ့၊ မြတ်ဗုဒ္ဓက အင်္ဂုလိမာလ ရဟန္တာအရှင်မြတ် ခဲနဲ့ထုပေါက် အသတ်ခံရတုန်းက မိန့်ခဲ့တဲ့ စကားကွ။ အကြွေးဆပ်ရဲကြပါစေ၊ ယောက်ျားပီသကြပါစေ၊ မင်းတို့ကို သနားတဲ့၊ ရိုးသားစေချင်တဲ့ စိန်ဗေဒါ ဘိုးဘိုးကြီး မောင်ညွန့် 88 people power မှ ကူးယူ မှတ်တမ်း တင်ထား သည် ။

Wednesday, February 8, 2012

ကျွန်တော် လူကက်ဆက် (ဇာတ်သိမ်း)

ကျွန်တော် လူကက်ဆက် (ဇာတ်သိမ်း)


ကျွန်တော် လူကက်ဆက် (ဇာတ်သိမ်း)
“ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။
သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”
“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”
“တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။
သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟား)”
“သောက်ဆိုလည်း သောက်လိုက်တာပဲ။
တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။
ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။
ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”
ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့
ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။
ဟုတ်ပါတယ်
ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့
 နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။
ဒီပြက်လုံးတွေကို ရွေးချယ် တင်ဆက်ရတာက
ကျွန်တော်တို့ ရဲဘော် အကျဉ်းစံတွေ အားလုံးဟာ
မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။
ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့် နေရာရောက်တိုင်း
မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့
လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။
သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက
ပတ်တီးတွေ စည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့
အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊
ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊
ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။
ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင်
ဒီလူတွေ အားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင်
အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့
ကျွန်တော်ဟာ နိုင်ငံတော်အဆင့်
“စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့
ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။
 လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က
 ရီကြတယ် ဆိုတာမျိုးက အလွန်ရှားပါတယ်။
ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊
ပရိတ်သက်က မသိလိုက်ရလို့ ရှော်သွားတဲ့
အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။
အခုပွဲမှာကတော့ ပရိတ်သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။
 တခါတလေဆို မရီရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။
ဘယ်မရီလို့ ရမလဲဗျာ။
ထောင်မှုးဆိုတဲ့ ယမမင်း လက်သစ်က
ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။
အကုန်ထထိုင်ရမယ်
လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင်
ရီရမယ် ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။
စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ
မသဲကွဲလို့ သူမျုားနဲ့ ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့
တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး “ဂွမ်း” ကနဲ့ ခေါင်းကို
တချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ
ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့
 “၀ါးကနဲ၊ ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ
နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ
တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့
ကျွန်တော်တောင် လန့်လန့်သွားတဲ့အထိဗျ။
သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင်
ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန်
 ရီဘို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။
 တကယ်ပါ။
ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့
ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။
 ပါဂျောင်မှာ ဖြစ်ခဲ့တယ်။
အရှေ့ ခွန်နှစ်ဘ၀၊
အနောက် ခွန်နစ်ဘ၀ အနုပညာ မရတဲ့ကောင်တွေအတွက်
ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။
 ကျွန်တော် အနေနဲ့ သူတို့ နေရာကနေ တွေးကြည့်လိုက်တော့
လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့
အင်္ဂလိပ် ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။
လက်နောက်ပြန်တုပ်၊
 မျက်လုံးတွေ အ၀တ်စည်း၊
ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့
တ၀ါးတဟားဟား အော်ရီ ပေးနေရရှာတဲ့
သားကောင်တွေရှေ့မှာ
ခေါက်တုန့်၊ ခေါက်ပြန် လျောက်ရင်း
 မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့
 စည်းစိမ်ကို မြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။
တခါတခါကျတော့လည်း ကျွန်တော်တို့ကို
ဖမ်းဆီးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေဟာ
များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး
တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို
သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။
အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့ သူတို့တင်ဆက်တဲ့
ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။
အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့
အသံနက်ကြီးကို စကြားရသဗျ။
ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့
လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။
လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့
စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာ
တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။
အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ
ရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ
“ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ
ထိုင်နေတဲ့ ကျွန်တော်တို့လူတန်း တဖက်ထိပ်ကနေ
တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့
ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့
မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။
 အဓိက ရည်မှန်းချက် ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး
ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။
ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ
“ဘောကြီးခေါင်းကွဲသွားပြီ” လို့ နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ
ကျွန်တော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက်
စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။
အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။
ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့
မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။
ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲ သွားတဲ့
ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှု အပေါ် တော်တော်ဂုဏ်ယူသွားသဗျ။
ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို
ခေါ်လို့ရတဲ့ အကြောင်းမယ် ကျွန်တော်တို့ အကျဉ်းကျနေတဲ့
ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ
ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ
ယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။
ဥက္ကဋ္ဌ၊
ရင်းမှူး၊
ခွဲမှုး၊
ထောက်လှမ်းရေးမှုး၊
တခါတလေ အထူးဧည့်သည်တွေရော ပေါ့ဗျာ။
နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက
အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။
 မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။
ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ
သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။
“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငှဲ့ကွက်ပဲ ပေးလှူထားသော
တော်လှန်ရေး ခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို
အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက်
အထောက်အပံ့ကောင်း အလို့ငှါ
အရက်သေစာတို့ကို သောက်ကြ စားကြရသော်လည်း
 မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါ နေသူများကဲ့သို့
သူရာမူးယစ်ပြီးချိန်တွင်
အနှိပ်ခန်း၊
ကာရာအိုကေ၊
နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင်
နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ
မိမိတို့ ဖမ်းဆီးထားသော တရားခံများအား
သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” ….. လို့လေ။
အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး
သူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ
အစောပိုင်းက တင်ပြခဲ့သလို
“ကျွန်မကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။
ကလေးကို ငါးဆယ်ကျော်နေပြီ။” လို့
ကျွန်တော်ရှေ့က ပြောသွားတဲ့ နောက်မှာ
“၀ါးဟားဟား” လို့
အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။
အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး
“ဒါသက်သက် လူအချင်းချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့
လာတော့ မတားလေနဲ့။
ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။
စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့
ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။
ဒါကြောင့်ဘာပဲ ဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ
ကျွန်တော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့
ခုလို တကူးတက ရေးပြရပါသဗျ။
ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ
ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။
ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့
 “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့
လူကက်ဆက်ကတော့ ကသာမြို့ကနေ
တောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။
နာမည်ရင်းက မောင်မောင်ခင်။
မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။
အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ
နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင်
ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။
သူက ကံကောင်းသွားတာက
ကျွန်တော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက်
ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။
ဒီ အနိဌာရုံတွေမကြုံ လိုက်ရဘူး ပေါ့ဗျာ။
ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က
နောက်ပိုင်း ကျွန်တော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့
အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။
ကျွန်တော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။
သူ့ကို ဘယ်လောက်ရိုက်ရိုက်
“ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။
ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး
ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ
တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေ ကိုမီးရှို့ပြီး
ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ
ကိုယ်တော်က ကျွန်တ်ာနဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။
တကယ်က လူပျော်ပါ။
ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။
မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။
ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို
တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က
စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန်
ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။
သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့
ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။
မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး
လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ
“ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့
ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က
ကျွန်တော်တို့ကို လာပြောလို့ သိရတာပါ။
နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။
ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ
ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။
ကျွန်တော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး
ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ
ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့်
လမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။
ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့်
လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။
သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊
အဆဲအဆို အကန်အကြောက် လည်း ခံရရှာပါတယ်။
အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။
… "မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ တောင်ပြန်လေ” ........
သီချင်းစာသားတွေ အတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း
ကျွန်တော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။
ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့
ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြ မလဲ” လို့ မေးရင်ကို တခါတရံမှာ
သူ့ သဘောနဲ့သူကို ထထိုင်ပြီး
ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။
အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့
“ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။
ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ
ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ
သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့
တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။
တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။
သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး
“ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။
တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို
အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။
စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့
ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ
 စကားပြောခွင့် မသာတော့ပါဘူး။
ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို
 ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။
သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို
တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။
ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို
အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင်
တတ်ကျွမ်းတယ်လို့ သိရပါတယ်။
သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။
 ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။
ကျွန်တော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့
တာတီး ဆိုတဲ့ လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင်
 သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အကိုကြီး တပုဒ်လောက် တီးပြပါလို့
ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။
ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး
တာတီး အတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့
 “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။
ကျွန်တော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့
တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ
“ကျေးဇူးပါပဲ အကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။
နောက်ပိုင်း ကျွန်တော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ်
 မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့
နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့
ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း
တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့်
ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊မျိုးရိပ် မကင်းဘူးဆိုတာ
 သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာ
အိမ်မှာ အပျော်တမ်း တီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။
ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို
ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့ဘူးပါတယ်။
 အဲဒါ အသတ်မခံ ရမှီ ရက်ပိုင်း အလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို
နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့
တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။
ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား
နားကို အသားကုန် စွင့်ထားကြပါတယ်။
ခဏလေတော့ အကိုကြီး ဂစ်တာ လက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ်
တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။
…….. “အိုး......ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …………
ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့
ကျွန်တော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။
မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို
ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက်
တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။
မငယ်က ရန်ကုန်တက္ကသိုလ် က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။
မငယ်တယောက် NIP က လွတ်လိုက်တဲ့ အရာရှိပါလို့
ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။
 ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး
နောက်ပိုင်း သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ
အဆက်အသွယ် မလုပ်ဘဲ နှစ်ပေါင်း (၂၀) နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။
 မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့
“တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲသီချင်း အမြဲဆိုလေ့ ရှိသဗျ။
မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။
အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ
သူ့အလှက ကျော်ကြားပါတယ်။
သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။
ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။
သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ
 သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း
တရိပ်ရိပ် တက်လာကြပုံရပါတယ်။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။
 အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။
အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က
 အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီး တခုကို ကောက်ယူပြီး
သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကို ထိုးထည့်ပါရောဗျာ။
 ပြီးတော့လည်း အယုတ္တ၊ အနတ္တ တွေပေါ့ဗျာ။
ကျွန်တော်ထင်ပါတယ် ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက
ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။
မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။
ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို
ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေဆီက
 ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။
အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။
ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။
ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့ အပိတ်
ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့်
အသံ အတိုးအကျယ် စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။
အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ်
သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။
မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။
လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။
ကျွန်တော် အဖမ်းမခံရသေးခင် တရက်မှာ
ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ
 အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက်လာပြောလို့
တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့
လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီး
ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဘူးပါတယ်။
နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။
မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက
(ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့်
သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။
နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။
လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ
သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။
ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။
နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း
တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို
ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။
သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး
နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင်
           ညဘက် လူကက်ဆက် ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။
ကျွန်တော့် အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို
မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့
ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။
 ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။
အထူးသဖြင့် ……. “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလားငှက်ငယ်၊” ဆိုတဲနေရာနဲ့
“ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊
အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊” …… ဆိုတဲ့
နေရာ ရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး
လောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့
ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။
ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက
ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့
မောင့်လပြည့်ဝန်း ကျော်ဝေ လို့တွင်တဲ့ထိပါ။
တကယ်က ကိုကျော်ဝေက
မန္တလေး ဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့သိရပါတယ်။
ကိုကျော်ဝေ နဲ့ကျွန်တ်ာတို့ အားလုံးကြား ကွဲပြားမှုတခုကတော့
သူ့လည်ပင်းမှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။
အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့
သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း
ကျွန်တ်ာတို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။
ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ
ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့
… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” …
လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။
ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ
ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့
မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့
ကျွန်တော်ထပ် မရေးပြချင်တော့ပါဘူး။
မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။
ကျွန်တော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက
အကျဉ်းသား အားလုံး အတွက် ထမင်းချက်ကျွေးရပါတယ်။
ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာ
 မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့
မိုးကာစ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။
ဟင်း လား ဆားပေါ့ဗျာ။
မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွါပြီး
ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။
မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်း ဆိုဘူးပုံမရပါဘူး။
ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ်
ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။
သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသောပန်းချီကား” သီချင်းပါ။
နန်းစောက ဗန်းမော်မြို့ကဗျ။
 ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။
 ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။
ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဘူးတယ်ဆိုပြီး
ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။
အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ
 ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင်
ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက်
ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။
 နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့ အဆုံး သူတည်းနေတဲ့ အိမ်က
ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစောဘယ်မှာ
လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။
လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး
 ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။
သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ
နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့
ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို
ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။
ဖြစ်နိုင်တာကတော့ သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။
မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့
ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။
အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ ရသဗျ။
 တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက်
တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။
ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ
 သတိလည်လာပါတယ်။
နောက်တာ့ (၂) ပတ်လောက် ဘာမှ မေးလို့ မရဘဲ
 အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။
ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ
သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။
ဆရာမလေးနဲ့ ပြန်ဆုံခွင့် ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန်တော့
 ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။
 သူ့ မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို
 သစ္စာရှိရှိ စောင့်နေတာပါပဲ။
ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။
 ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။
အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့
ဓါတ်ရှင်မင်းသား ဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး
NIP ကပါလို့ ထွက်ဆိုရပါတယ်။
သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ
အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါးမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။
ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း
တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။
ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏ သူငယ်ချင်းပါ။
တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။
 ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ။”
ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။
ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့
ဆမား ညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။
 အေဘီ အတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက
 ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။
မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။
ဒါကြောင့် အီးလဲလ်ရဲ့ “ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့
 “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့
အထူးသဖြင့် ဘို သီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့
တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက
ကိုညီညီ ဆိုတဲ့ ကုလားရဲ့ ပါးပေါ်
 (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။
ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။
သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို
 ထဲထဲဝင် နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။
ခေတ်သစ် ပန်းချီကျော် ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။
ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ မြှားဘုရင် သီချင်း တပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။
သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ
ဘ၀မှာ သီချင်းတခါမှ မညဉ်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦး လို လူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။
 သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့ အကျဉ်းသားမှန်ရင်
သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။
နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ အလုပ်ကို ကိုယ့် အသိစိတ်နဲ့ကိုယ်
 သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦးကျားကြီးလို လူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။
မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင်
 မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။
အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို
NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။
 ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ
လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကြပ်ရိုက်ရှာပါတယ်။
နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး
ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။
“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” ...ပါ။
ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးက လိုက်ပါတယ်။
ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း
၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။
၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး
 သေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ် ဆိုတာ
ကိုကြောင်က ပြောပါတယ်။
 ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ် လို့ ပြောတဲ့အခါ
 ကျွန်တော်တို့ ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့ အတွက်တော့
ဒီနေ့ထိ ကျေနပ်မိပါတယ်။
ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။
ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့
 ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ်
ထပ်မလည်ကြဘို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။
ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ
“ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။
ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက
စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။
တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံ့တေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။
တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊ အညှာတခု” ကို
ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသား အတိုင်း စီးမျောနေကြပါတယ်။
 မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ
ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို
ကျွန်တော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက
ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။
 ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။
 ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။
တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့
ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို
တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ် ယူနေရာ
မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား
ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။
ကိုအောင်မင်း က တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့
ကျွန်တော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။
 “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့ မှာလား။
အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ
 ကိုအောင်မင်းဆီက ထွက်လာပါတယ်။
ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။
ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။
…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ ယောက်တုဖက်ပြောရင်၊ အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” …………..
သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ
 “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး
 ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။
“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့
မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။
အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။
မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတ
 စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ
ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။
ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။
ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာ မတားကြပါဘူး။
ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက်
တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။
တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့
ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ“ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့
တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။
ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက
သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့
မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ
ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်း ငရဲညပါပဲ။
တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက်
တန်းမစီ နိုင်တော့ ပါဘူး။
 ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့
အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။
 ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။
 နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက
ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ဘဲများပြီး
(ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့
နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး
တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။
ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က
 မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး
စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။
၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက
ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း
ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။
ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့
 ဒီမိုကရေစီ ဘက်တော်သား တဦး ရှိခဲ့ဘူးတယ်ဆိုများ
ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။
ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။
စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။
ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံ ဘယ်သူကမှလည်း လာပြီး
 မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။
ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့
 ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။
“အရက်တလုံးနဲ့ စကားဝါ တစည်းရမယ် ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ
အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။
အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပေးမယ်ဆိုရင် မြုပ်တဲ့ အဖွဲ့က
အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ် တစည်းရပါတယ်။
ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့်
သူတွေ အတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။
နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက်
ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို
လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို
သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။
ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။
 ဒီမိုကရေစီ တပ်သားရဲ့ဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ
ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေမယ့်
လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့
ကိုအောင်နိုင်၊
ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျှာ
တပ်ဖွဲ့ ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။
ဟုတ်ကဲ့။
ဒါဖြစ်ခဲ့ ပါတယ်။
ဆိုးဝါးလှတဲ့ အဖြစ်တွေ
ကျွန်တော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။
တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှယ တာဝန် မကြေနိုင်ခဲ့ကြပါဘူး။
မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု
မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ် နေခဲ့ရတာ လောက်
ပြန်တွေးတိုင်း ရှက်စရာ ကောင်းတာ မရှိတော့ပါဘူး။
စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင်
ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။
တခါတခါကျတော့လည်း ဘ၀မှာ ကိုယ့်ကိုကိုယ်
 ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ် နိုင်ဘို့ ကြိုးစားရတာထက်
 အဆတရာ ခက်ခဲတယ်ဆိုတာ
ကိုယ်တိုင် ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။
ပန်းချီထိန်လင်း