Friday, March 30, 2012

မခင်ဆွေလိုင် ဘာပြောသလဲ ၊ ဘယ်သူ့ အတွက်လဲ

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃) Posted by admin on March 30, 2012 22 Comments မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ) လမ်းကြောင်းက တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန် ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့ တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချိုကြီး (မန္တလေး အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ အသတ်ခံရ) တို့ဆိုတာ မြို့မှာယူဂျီလိုင်းတွေကို အဓိက ကိုင်ထားသူတွေ။ ဖြစ်သွားတဲ့ အဖြစ်အပျက်က တောနဲ့မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းကို အပြီးအပိုင် ဖြတ်တောက်ခံလိုက်ရခြင်း၊ (ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ) သေချာတာကတော့ ရန်သူ့လူတွေ ရှိနေတယ်ဆိုတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကိုညီညီကျော်တို့ကအစ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးက လက်ခံခဲ့ကြတယ်။ သတင်းပေါက်ကြားမှုတွေကြောင့် စစ်ကြောင်းထွက်ချိန် မမျှော်လင့်တဲ့နေရာတွေကနေ ဖြတ်တိုက်ခံခဲ့ရတဲ့အတွက် ရဲ ဘော်တချို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာတွေ။ ရင်ဘတ်တည့်တည့်ကို မှန်ရမှာဖြစ်ပေမဲ့ အီကွေးမန့်မှာချိတ်ထားတဲ့ ဓါး မြှောင်ဓါးရိုးခံနေလို့။ ကျောတည့်တည့်ကို မှန်ရမှာ ဖြစ်ပေမဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ဟန်းကောခံနေလို့။ ဦးခေါင်း ဘေးနားရွက်အထက်မှာပဲ ရှပ်ထိသွားလို့ သေကံမရောက်အသက်မပျောက်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ရှေ့တန်း ထွက်ချင်လို့ ပူဆာခဲ့တဲ့ ကျမတို့ရဲမေတွေတောင် ရှေ့တန်းမရောက်ခင်၊ ရှေ့တန်းအလယ်လောက် ဖျားနာကုန်လို့ လှည့် ပြန်ခဲ့ကြသူတွေရှိသလို နှစ်လနီးပါး တောထဲတောင်ထဲမှာ ရေငတ် ထမင်းငတ်နဲ့ ညတိုင်းဓါတ်မီးမပါ ဘာမပါနဲ့ ချီတက်ရ၊ ရောက်တဲ့နေရာထိုးအိပ်လို့မရ၊ ကင်းစောင့်ရနဲ့ တိုက်ပွဲတွေကြားမှာ တချို့ရဲမေတွေ စစ်ဆင်ရေးအစအဆုံး ပါဝင်ခွင့်ရခဲ့ ပေမဲ့ တကြိမ်ဆို တကြိမ်ပါပဲ နောက်တကြိမ် ရှေ့တန်းထွက်ချင်တယ်ပြောဖို့ အတော်လေး အားပြန်ယူရအုံးမယ်။ ဒါ တောင် ရှေ့တန်းထွက်တဲ့ ရဲဘော်တွေအပေါ် နောက်တန်းက ရဲမေတွေ ကိုယ်ချင်းစာနားလည်တတ်အောင် လုပ်ပေးတဲ့ အစမ်းသဘောပဲ ရှိပါသေးတယ်။ ရန်သူနဲ့ လက်တကမ်း (လူ့အခွင့်အရေးတွေ ခံစားခွင့်ရနေတဲ့ နိုင်ငံခြားမှာ နေကြရသူများမဟုတ်) အသက်ကိုဖက်နဲ့ ထုပ် ထားရသလို ကိုယ်မချရင် သူချတာခံရမဲ့ အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအတွက်ကတော့ ဆိုဖွယ်မရှိပါဘူး။ ကျမတို့ရဲဘော်တွေဟာ နောက်တန်းမှာ မူးရူးပြီး အချင်းချင်း အော်ဟစ်ဆဲဆို ထိုးကြကြိတ်ကြလိမ့်မယ်။ ရှေ့တန်းရောက် ရင် အဲဒါတွေ သတိမရတော့ဘူး။ တက်ညီလက်ညီနဲ့ တယောက်ကိုတယောက် ကာကွယ်စောင့်ရှောက်ကြလိမ့်မယ်။ ရဲဘော်အချင်းချင်းကြားမှာရှိတဲ့ သံယောဇဉ်ကြိုးဟာ အိမ်ကမိန်းမတွေထက်တောင် ခိုင်မြဲပါသေးတယ်။ ဒါကို တကယ်အ သက်ပေးပြီး အမှန်တကယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူတွေသာ ခံစားနိုင် နားလည်နိုင်တယ်။ ဒီခံစားမှုမျိုးကို ပိုက်ဆံဘယ် လောက်ရှိရှိ ယူထားတဲ့နေရာ ဘယ်လောက်ကြီးကြီး အချောင်သမားတွေ ခံစားနိုင် နားလည်နိုင်မှာ မဟုတ်ဘူး။ ရွာတွေနဲ့မနီး နက်ရှိုင်းတဲ့တောတောင်တွေ တတောင်ပြီးတတောင် မြစ်တွေ၊ ချောင်းတွေ၊ ချောက်ကမ်းပါးတွေ တခုပြီး တခု ကျော်လွှားဖြတ်သန်းရင်း ရှေ့တန်းထွက်ခဲ့ရတဲ့ ရဲဘော်တွေရဲ့အသက်ဟာ “ဆန်နဲ့ ကျည်ဆံ” ဖြစ်သလို ရဲဘော်တွေ အတွက် အလေးဆုံး သယ်ပိုးရတဲ့အရာဟာလည်း ဆန်နဲ့ကျည်ဆံ ပါပဲ။ ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊ ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင် ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက် တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။ ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။ နအဖ ထိုးစစ်ဆင်တဲ့အချိန်ဟာ မိုးတွင်းအချိန်ပါ။ တောတောင်နယ်မြေအနေအထားက ဆိုးဝါး၊ ရာသီဥတုက ကြမ်းတမ်း၊ ရွှံ့တွေ ဗွက်တွေ ကျွတ်တွေ ဒက်တွေ မျှော့တွေနဲ့ အင်းဆက်ပိုးတွေမျိုးစုံကြား ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းရောဂါတွေက ပြင်းထန် ကိုယ်ခံအားကောင်းနေမှသာ တွန်းလှန်နိုင်တဲ့ အနေအထားမျိုးပါ။ အဲဒီလိုအချိန် အဲဒီလိုအခါမျိုးမှာမှ ခရီးစဉ်တ လျှောက် ဆန်တွေသိုလှောင်ထားရာနေရာတွေ (တနေရာတည်းမှာမဟုတ်) ကို ရန်သူက သိရှိရရှိသိမ်းပိုက်သွားနိုင်ခဲ့ဟာ မတော်တဆ တိုက်ဆိုင်မှုလို့ ယူဆနိုင်ပါသလား။ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင် မရှိတော့ တဲ့ ရဲဘော်တွေဟာ တောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက် ထွက် ကျော်ဖြတ်ခဲ့ကြရတယ်၊ အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီး လမ်းခရီးမှာ သေ ဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ဒါတွေကို ဒီရဲဘော်တွေနဲ့အတူ ဖြတ်သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်(ရန်သူနဲ့ပတ်သက်တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူလျှိုတွေက ကြိုတွက်ထားပြီးသား ဖြစ်ပါလိမ့်မယ်) သူ့ရဲဘော်တွေကိုတော့ သူချစ်ခဲ့တယ်၊ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ (ဘယ်သူပြောပြခဲ့တာလည်း မ မှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာ လူကြီးဖြစ်တဲ့သူ့အတွက် ဟန်ကောချိုင့်လေးနဲ့ ထမင်းချက်ထားပေးခဲ့တယ်။ အဲဒီ ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။ ကျောင်းသားတပ်မတော်ရဲ့ အဓိကလိုအပ်ချက်က ကိုယ်ပိုင်သီးသန့်နယ်မြေဖြစ်သလို ရေမဲ့ငါးလို မဖြစ်ရအောင် ၀ိုင်းရံ ထောက်ပံ့ပေးမဲ့ မိဘပြည်သူတွေလည်း လိုပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ကော်လင်း၊ ၀န်သို၊ ကသာ၊ စစ်ကိုင်း တိုင်းဘက်က ကျောင်းသားရဲဘော်တွေ အများဆုံးပါဝင်တဲ့ ပထမအကြိမ် “စစ်ကိုင်းတိုင်းထိုးဖောက်ရေးစစ်ကြောင်း” ဆို ပြီး ထွက်ခဲ့ကြတာရှိပါတယ်။ သတင်းပေါက်ကြားမှုကြောင့် လမ်းမှာတင် ဖြတ်တိုက်ခံခဲ့ရပြီး စစ်ကြောင်းပျက်သွားခဲ့ရ တယ်။ ရဲဘော်တွေ ကစင့်ကလျားနဲ့ ဆုတ်ခွာခဲ့ရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပြီး ရဲဘော်အနည်းစု လောက်ပဲ ဗဟိုကိုပြန် ရောက်လာခဲ့ကြတယ်။ (ဒီအဖြစ်အပျက်ကိုတော့ ကိုရဲလင်း (ဗဟိုကော်မတီ) ပိုသိပါလိမ့်မယ်) ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ထိုးဖောက်ရေးစစ်ကြောင်းကို ရင်းမှူးအောင်ဆွေဦး ဦးဆောင်ပြီး ရဲဘော်မင်းဌေး (မိုး ကောင်း၊ ရမ်ဘိုကားရိုက်ခဲ့သူ) အပါအ၀င် ရဲဘော်တွေ ထပ်ပြီးကြိုးစားကြည့်ခဲ့ကြတယ်။ နယ်မြေအနေအထား ကြမ်း တမ်းခက်ခဲမှု၊ ရိက္ခာမလုံလောက်မှု၊ ငတ်ပြတ်ဆင်းရဲနေမှုတွေနဲ့အတူ ရှေ့ဆက်ရင် အားလုံးသေတွင်းထဲဝင်သွားသလို ဖြစ်နိုင်တဲ့ အခက်အခဲအမျိုးမျိုးတွေကြောင့် ပြန်ဆုတ်လာကြရတယ်။ ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် “စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း” ပါ၊ ရှမ်း ပြည်တောင်ပိုင်းကနေ စထွက်တဲ့စစ်ကြောင်းဟာ ပင်းပန်းဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့ ရဲဘော်တချို့ လမ်းခရီးမှာ ထွက်ပြေး ခဲ့တဲ့အတွက် သတင်းပေါက်သွားပြီး တပ်ရင်း (၂၀) လောက်နဲ့ ဖြတ်လေးဖြတ်ကိုသုံးပြီး လမ်းကြောင်းတလျှောက် ပိတ် ဖမ်းခဲ့တဲ့အတွက် အားအင်ကုန်ခမ်းငတ်ပြတ်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တဲ့ ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။ သေဒဏ်ကျခံနေရတဲ့ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်က စာရင်းဖျက်ပေးပါလို့ တောင်းဆိုနေတဲ့သူတွေ။ ကိုယ့်ခွင်ထဲက ကိုယ့်ဖီးတွေအကြောင်းပဲ ပြောမနေပါနဲ့ ဆိုတဲ့လူတွေကို “တောင်မတက်ခိုင်းပါဘူး။ အဲဒီလိုလူမျိုးတွေကို ပြေးပြီးတက်ခိုင်းကြည့်ချင်တာက ဒုက္ခသည်က တောင်ကုန်းလေး တကုန်းလောက်ပါပဲ။ လိုအပ်တဲ့အစာလည်း အ၀ကျွေး ပါ့မယ်၊ စိန်ခေါ်ရဲရင်ပေါ့၊ မြောက်ပိုင်းရဲ့တောတောင်တွေထဲမှာ ကျဆုံးသေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေပေါင်း (၇၀) ကျော်ရှိတယ်။ အများစုက ဒေသခံ ကျောင်းသားရဲဘော်ရဲမေတွေ။ အဲဒီ ရဲဘော်ရဲမေတွေမှာလည်း သူ့သားလိုချင်တဲ့ ဒီမိုကရေစီမရမချင်း ဆွမ်းသွပ်အမျှမဝေ ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြက်ကလေးချီတစ် (ခ) ရဲဘော် မျိုးကိုကို (မိုးညှင်း၊ ရန်သူဖမ်းမိပြီး ညဉ်းပမ်းနှိပ်စက်အသတ်ခံ ခဲ့ရတဲ့အပြင် အလောင်းကို ရွာလည်ခေါင်ကအပင်မှာ ကြိုးနဲ့ချိတ်ဆွဲ အပြခံခဲ့ရသူ) ရဲ့ အမေလို အမေမျိုးတွေလည်း ရှိကြ တယ်။ အခု အသတ်ခံခဲ့ရတဲ့သူတွေနဲ့ပေါင်းရင် မြောက်ပိုင်းတခုတည်းမှာပဲ အနည်းဆုံး အမေတရာလောက် ငိုကြပေအုံး တော့။ ကိုယ့်ကိုယ်ကို တော်လှန်ရေးဘက်တော်သားပါလို့ ခံယူထားတာမှန်ရင် ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။ အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း ငါအချောင်သမားဟုတ်မဟုတ် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။ နက်ရှိုင်းတဲ့ တောတောင်တွေထဲမှာ တွေ့ကြုံလာသမျှ အခက်အခဲ ဆင်းရဲဒုက္ခတွေကို လက်သီးဆုပ်တွေထဲမှာထည့် အ မှုန့်ခြေရင်း အသက်ပေးသွားခဲ့ကြရတဲ့ (တောထဲက ရဲဘော်တွေ ပိုင်ဆိုင်တဲ့အရာဆိုလို့ အမေတွေပေးခဲ့တဲ့ အဲဒီအသက် လေးတွေပဲ ရှိပါတယ်) မြောက်ပိုင်းက ရဲဘော်တွေ၊ ကေအိုင်အေ အပစ်အခတ်ရပ်ပြီးတဲ့နောက် ဘ၀ကို သုံညကနေ ဆင်း ဆင်းရဲရဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်းရှာဖွေရင်း ရပ်တည်ခဲ့ကြရတဲ့ လက်ရှိတရုတ်နယ်စပ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲ ၀င်နေဆဲ ရဲဘော်ရဲမေတွေကိုယ်စား အချောင်သမားတွေ အချောင်နာမည်ရဖို့ ပြောနေတာမျိုးဆိုရင် ရင်နာလွန်းလို့ပါ။ မြောက်ပိုင်းမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ဂုဏ်ထူးတန်းကျောင်းသား) ဆိုတာ ရဲဘော်ရဲမေများရဲ့ (ကျမ က အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊ သင်တန်းမှူးတဦးဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊ ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်းဆိုဖော်ဆိုဖက် ဂစ်တာတီးဖော်တီး ဘက် ရဲဘော်တဦးဖြစ်ပြီး ရဲဘော်ရဲမေတွေကြားမှာ ဟာသလေးတပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေ တတ်တဲ့ အားလုံးရဲ့ အချစ်တော်ထဲမှာပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့ အဖမ်းခံခဲ့ကြရတဲ့သူတွေ လောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။ အပြောသက်သက် အချောင်သမားတွေမဟုတ်ဘဲ (အနုနည်းဖြစ်စေ၊ အကြမ်းနည်းဖြစ်စေ ကြိုက်တဲ့နည်းကိုသုံး) တိုက်ရဲ တယ်ဆိုရင်တော့ ဒီအဖြစ်အပျက်မျိုးတွေ တော်လှန်ရေးအင်အားစုကြားမှာ တကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါဖြစ် အောင် ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက သားကောင်တွေချည်း ဖြစ်နေတာကိုပါ။ ပြောတော့ကျောင်းသား လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲဆိုပြီး ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။ “တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလို ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံရေးသား တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ စစ်အစိုးရစကား ဌားသုံးပြောရရင် ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို ပေါ်ပေါက်လာခဲ့ရတယ်။ သမိုင်းအဆက် ဆက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတို့ရဲ့သင်္ကေတ ခွပ်ဒေါင်းဘက်တံဆိပ်တပ်ထားတဲ့ “ABSDF ဆိုတာ တစုတဖွဲ့တည်း က ပိုင်တဲ့နာမည် မဟုတ်ဘူး၊ သမိုင်းက ပေးခဲ့တဲ့နာမည် သမိုင်းက ပိုင်တဲ့နာမည်၊ တောထဲမှာ လက်ရှိရှိနေကြတဲ့ ရဲဘော် တွေ တင်မက ပါဝင်ပတ်သက်ဖူးခဲ့တဲ့ ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ ကျောင်းသားအားလုံးရဲ့ ရင်ထဲနှလုံး သားထဲက နာမည်၊ ထပ်တူပြုလို့လည်းမရ ရူပကအလင်္ကာလည်းမမြောက်တဲ့ “ကျောင်းသားတပ်မတော်” ဆိုတဲ့ ဒီနာ မည်ကို နောင်လာ နောက်သားတွေ သမိုင်းစာမျက်နှာတွေမှာ တွေ့နေရတိုင်း။ ကြားနေရတိုင်း စစ်အစိုးရဟာ မိဘပြည် သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ တိုင်းပြည်ရဲ့အရင်းအမြစ် ကျောင်းသားလူငယ်တွေအပေါ် သူတို့လုပ်ခဲ့သမျှတွေအတွက် အမေပေါင်းများစွာ ငိုကျွေးခဲ့ကြရတာတွေအတွက် အမြဲတမ်း အရှက်ရနေစေရပါမယ်။ (ဆက်ရန်) ခင်ရွှေလှိုင် မပ ၀၀၃၆ ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့ လက်ဆင့်ကမ်းဖြန့်ဝေရန် Facebook Share 22 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃)” ကမ္ဘာကျော်လျောက်လဲချက်ကိုလေ့လာနေသူ March 30, 2012 ခင်ရွှေလှိုင်ရဲ့အမှတ်(၃)ကိုဖတ်ကြည့်ရတဲ့အခါမှာ ကမ္ဘာကျော် လျောက်လဲချက်များလို့ သတ်မှတ်ပေးသင့်ပါတယ်။ ကိုကြီးမျိုးဝင်းက သူ့အတွက်ချက်ပေးတဲ့ထမင်းကိုသွန်ပစ်ပြီး ရဲဘော်တွေနဲ့ ဆန်ပြုတ်အတူဆိုတာလေးဖတ်မိတော့ ရင်ထဲကိုနစ်အောင်ခံစားရတယ်ဗျာ…..ကိုကြီးမျိုးက တကယ်ရဲဘော်စိတ်ပြည့်သူကြီးပါလားလို့…. နောက် ကိုကြီးသံချောင်းကလည်း ထမင်းငတ်ပြတ်လို့အဖမ်းခံလိုက်ရတာဘဲ။ ကိုကြီးသံချောင်း၊ကိုကြီးမျိုးဝင်း၊ကိုကြီးလှဆိုင်း၊ကိုကြီးအောင်နိုင်တို့ဟာ အနော်ရထာလက်ထက်ကလို သူရဲကောင်းကြီး(၄)ဦးဆိုတာပေါ်လွင်အောင်အမှတ်(၄)မှာဆက်ရေးပေးဖို့တိုက်တွန်းပါတယ်။ခင်ရွှေလှိုင်ရဲ့ ကမ္ဘာကျော်လျောက်ချက်များအမှတ်(၄)ကိုမျော်နေပါတယ်။ ပြည်တွင်း၊ပြည်ပက အသက်မသေဘဲကျန်ခဲ့တဲ့ ညီနောင်ညီမတို့ရေ မင်းတို့ဟာသေချာပေါက် ထောက်လှမ်းရေးဘဲလို့ပြောနေပြီ နောက်တကြိမ်ထပ်အဖမ်းခံရပြီး အနှိပ်စက်မခံရအောင်ခေါင်းဖြတ်မခံရအောင် ခင်ရွှေလှိုင်နဲ့ သူရဲ့ ကိုကြီးသူရဲကောင်းကြီးများကို အမြန်ဆုံးတောင်းပန်ရတော့မယ်ထင်တယ်နော်။ Reply CanadaMyanma March 31, 2012 ဒါ တွေကို တကယ် ရိ့းသားစွာ ယုံကြည်တယ် ဆိုရင် လည်း Group Email, မီဒီယာတွေမှာ ဖြန့် ပါ ၊ စာဖတ်သူ နှင့် စာရေးသူ လွန်ဆွဲကြပါလိမ့် မယ် ၊ အမှန်တရားဟာ တနေ့ ပေါ်လာပါလိမ့် မယ် ၊ အဲဒီသူတွေဟာထောက် လှမ်းရေး အစစ်တွေ ဖြစ်နေရင်တောင် စံနစ်တခုရဲ့ သား ကောင်တွေ မြန်မာလူမျိုး အခြင်းခြင်းတွေ ဒီလောက်ဘာ လို့ ရက်စက် ရိုင်းစိုင်း နိုင်ခဲ့ ကြသလဲဆိုတာ တောထဲမှာ နေဘူးတဲ့ သူခြင်း ၊ ကျောင်းသားခြင်း ၊မြင်နိုင်ပါတယ် သိနိုင်ပါတယ် ၊ တိုက်ပွဲထဲက တိုက်ပွဲများကို ပါဝင်ဘူးသူ များသာနားလည်နိုင်ကြမှာပါ ၊ ရုပ်ရှင်ကြည့် သူဟာ ရှုပှ်ရှင်ရိုက်ကွင်းအကြောင်းကိုနားမလည်နိုင်ပါဘူး Reply Your comment is awaiting moderation. ကြည်ယု March 30, 2012 မခင်ရွှေလှိုင် ပြောတဲ့ ကိုမျိုးဝင်း၊ကိုသံချောင်း တို့ရဲ့ တော်လှန်ရေးရဲ့ အနစ်နာခံမှုတွေကို မြင်နိုင်ပေမဲ့ လည်း၊ လူလောကနဲ့ အယုတ်စွအဆုံး တိရိစ္ဆာန်လောက မှာတောင် မတွေ့နိုင်တဲ့ မြန်မာ့သမိုင်း၊ ကမ္ဘာသမိုင်းနဲ့ အဆုံးစွန် လူ့သမိုင်းမှာတောင် မကြားဘူးခဲ့တဲ့ ရဲဘော်ရဲဘက် အချင်းချင်းကို ခေါင်းဖြတ်၊ အမေနှစ်မ ကိုယ်ချင်း မစာနာစွာနဲ့ ရဲမေတွေကို အ၀တ်ချွတ်၊ မိန်းမအင်္ဂါထဲ ရှာဖွေတာကိုလုပ်ခဲ့တာ၊ electric shock ပေးတာ၊ သေသည် အထိ (နံချုပ်ကုနဲ့) ရိုက်နှက် ခဲ့တာနဲ့ စာရင်၊ အပေါ်မှာပြောခဲ့တဲ့ ဆန်ပြုတ်စားပြီး တော်လှန်ရေးအတွက် အနှစ်နာခံတာတွေဟာ ဘာမှမဟုတ်ပါ။ အကယ်၍ အထက်ပါခေါင်းဆောင်များက ရဲဘော် ရဲဘက်အချင်းချင်း မနှိပ်စက်ခဲ့ပဲ၊ ရဲဘော်တွေနဲ့အတူ စားအတူတူ၊ ငတ်အတူတူ၊ သေအတူတူ ဆိုပြီး တော်လှန်ရေးကို ဦးဆောင်ခဲ့တယ် ဆိုပါက၊ (အများက မသတ်မှတ်တောင်) ကျွန်တော်အနေနဲ့ သူတို့ကို သေသည်အထိ လေးစားသွားမှာပါ။ ဒါပေမဲ့ အေဘီမြောက်ပိုင်းရဲ့ ခေါင်းဆောင်တွေက အဲဒီလိုမဟုတ်တဲ့ အတွက် ရွံရှာတယ်။ Reply စာဖတ်သူ March 30, 2012 သူဘာတွေပြောနေတာလဲ။ သူရဲကောင်းတွေရှိသေးတဲ့အကြောင်း ထုတ်ဖော်ပြနေတာလား။ Reply moe aung March 30, 2012 ဟုတ်ပါ့ ခင်ရွေလှိုင်ရေ။ မင်းရဲ. ကိုကြီးတွေက တကယ့်မဟာ သူရဲကေါင်းကြီးတွေပါလား။ ကိုယ်လဲမင်းရေးတဲ့စာ ဖတ်တော့မှ သတိထားမိတော့တယ်။ ကိုယ့်ရဲ.အတွင်းခံလေးပျောက်သွားတာ စပိုင်တွေကြောင့်ဖြစ်ရမယ်ဆိုတာကို။ ၁၀ မိနစ်လောက်လမ်းလျှောက်ပြီး ဖွက်ထားတဲ့ဆန်ကို သွားယူရတယ်ဆိုတာ တော်တော်ကို စွန်.စားခန်းကြီပါလား။ ကိုယ်တို.တွေက ဖြတ်လေးဖြတ်နယ်မြေထဲမှာ တောင်အဆင်း ၂ နာရီခွဲခရီးသွားပြီး ဆန်ဝယ်တာတောင် မရခဲ့ဘူး။ မင်းတို.ငတ်တာထက်စာရင် ပိုငတ်ခဲ့တယ်။ ရက်ပေါင်းများစွာ ငတ်ခဲ့တာ။ စားလိုက်ရ မစားလိုက်ရနဲ.၊ တောထဲမှာ ရန်သူကိုတိုက်ရင်း အသက်ပေးသွားတဲ့ ရဲဘော်တွေကို လေးစားတယ်။ အမြဲတမ်းအလေးပြုနေမယ် (လူသတ်သမားမျိုးဝင်းမပါ)။ အချင်းချင်း လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့တဲ့သူတွေဖြစ်တဲ့ သံချောင်းလို လူုသတ်သမားကို နိုင်ငံရေးအကျဉ်းသား အဖြစ်က ပယ်ဖျက်ပေးဖို.တောင်းဆိုတာ ကိုယ်ပါတယ်။ တပြားဖိုးလောက်ယောင်ခဲ့ပြီး တသိန်းဖိုးလောက်လုပ်ခဲ့သလို ကြွေးကြော်နေတဲ့ အချောင်သမားမဟုတ်ဘူး။ မင်းလိုမျိုးဒူးထောက်အညံ့ခံပြီးမှ အဖွဲ.အစည်းကို ချစ်ပြနေတဲ့သူမျိုးကိုလဲ ရွံတယ်။ Reply ငကြောက် March 30, 2012 ဒေါ်ခင်ရွှေလှိုင် ဆိုလိုတာက ကိုမျိုးဝင်း၊ကိုသံချောင်း၊လှဆိုင်း တို့ရဲ့ တော်လှန်ရေးပေါ် အနစ်နာခံမှုတွေ ဒုက္ခခံဖူးတဲ့သူတွေက သံသယရှိတာနဲ့  လူတွေကို ကျော်မကောင်းကြားမကောင်း ပြန်နားထောင်လို့  မှမကောင်းအောင် နှိပ်စက်သတ်ဖြတ်ခွင့်ရှိသတဲ့လားဗျာ။ ဒီလိုဆိုရင်တော့ ခင်ဗျားသဘောမကျတဲ့ (ဒါမှမဟုတ် ကြိတ်ပြီးသဘောကျနေတဲ့) စစ်ဗိုလ်ချုပ်တွေ ပြောပြာနေတဲ့ “ငါတို့ က အသက်သွေးနဲ့  ရင်းပြီး တိုင်းပြည်အတွက် ပေးဆပ် လာတာ အဲဒီ့မိန်းမက တိုင်းပြည်အတွက် မျက်တပင်တောင် နှုတ်ပေးဖူးလို့ လား” ဆိုတဲ့ စကားလုံးနဲ့ ဘာများကွာတော့လို့ လဲဗျာ။ ခင်ဗျားတို့ အာဏာသာရရင် ခင်ဗျားကတော့ ဒေါ်ကြိုင်ကြိုင် ထက်ယုတ်မာမဲ့ ပုံပဲ။ ဘုရား ဘုရား ကျနော် ABSDF ကိုကျနော့်လခလှူဘူးတယ်ဗျ ၊ အဲဒီပိုက်ဆံက ကျနော့်လက်မှာ ကပ်ချည်မယ့် ယမ်းဖိုးမဖြစ်ပါစေနဲ့ ။ ခင်ဗျားဒီစာရေးတဲ့အချိန်မှာ ABSDF ဥက္ကဋ္ဌ ရဲ့ ဇနီးဖြစ်နေတော့ ဒီစာဟာ တဦးတယောက်ရဲ့ ခံယုချက်လား အဖွဲ့  အစည်းရဲ့ ခံယူချက်လားဆိုတာ ခွဲရခက်တယ်ဗျ။ Reply မင်းသစ် March 30, 2012 ဒေါ်ခင်ရွှေလှိုင်ပြောမှဘဲကျနော်လဲ ကျနော်တို့ရပ်ကွက် ထဲက မိသားစုတခုကိုသွားသတိရတယ်။ မိသားစုစုစု ပေါင်းငါးယောက်ရှိတယ်။ သားသမီးသုံးယောက်ပေါ့ဗျာ။ အဖေလုပ်သူက အရက်သောက်၊ ဖဲရိုက်၊ ဖါပွေတယ်။ ဒါပေမဲ့သားသမီးတွေမိန်းမတွေကိုတော့လဲချစ်တယ်။ ထမင်းဆိုသားသမီးတွေစားပြီးမှစားတယ်။ မလောက်မှာ စိုးလို့တဲ့။ တနေ့တော့ သားအကြီးဆုံးကအဖေအရက် သောက်၊ ဖဲရိုက်၊ ဖါတွေနဲ့အိပ်လုပ်နေတာမကောင်းဘူး။ သားတို့သိက္ခါကျတယ်၊ သားတို့မိသားစုသုံးဖို့ပိုက်ဆံ ကုန်ကုန်တယ်လို့ ပြောမိလို့ ရိုက်လိုက်တာဗျာ။ ကလေးမှာ ဆေးရုံကိုတင်ယူရတယ်။ မသေယုံတမယ်ဘဲ။ ကျန်တဲ့သားသမီးတွေကလဲ သူတို့ကိုလိုချင်တာလေးတွေငမြောက်ငခြောက်ဝယ် ပေးထားတဲ့အဖေကိုဝေဖန်တဲ့သားကို မကြေနပ်ကြ ဘူးတဲ့။ အရိုက်ခံရတာတောင် နဲသေးတယ်ဆိုဘဲ။ Reply ကျော် March 30, 2012 မခင်ရွှေလှိုင် ။။ ဆောင်းပါးကိုပြန်တည့်ဖို့ လိုနေပြီ ။ Reply အမည်မသိလူ March 30, 2012 အရင်ချိန်က မြောက်ပိုင်းကျောင်းသားသတ်မတော် ခေါင်းဆောင်တွေကို လေးစားလောက်ပါတယ်….လေးစားပါတယ်။ မိုးညှင်းသားပါ…အောင်သပြေမှာနေခဲ့တယ်…ကြုံဖူးတဲ့ အစ်ကိုတွေမေးတိုင်း မမေးပါနဲ့ကွာတဲ့…ပြန်မပြောချင်တော့ဘူးတဲ့…ဘာလို့လဲဆိုတာ အရွယ်ရောက်ချိန် ထမင်းစားတဲ့လူတိုင်း သိလောက်ပါပြီး။ Reply ပေါက်စ March 30, 2012 ဆက်ရေးပါ။ အားပေးပါသည်။ အခုမှပဲ ဘက်ပေါင်းစုံ ကနားထောင်ပြီးတဖြည်းဖြည်းဇတ်ရည်လည် လာတယ်။ Reply yetkha March 31, 2012 အခုမှစာ၇င်းပြုစုတုန်းလားကွယ်… အနှစ် ၂၀ လောက်ကြာတာတောင်မပြီးသေးဘူးဆိုတော. နာမည်စာ၇င်းတော်တော်၇ှည်မယ်ထင်တယ်..ကွန်မန်.ပေးတဲ.လူတွေစာ၇င်းပါထည်.တွက်နေတာလားမသိဘူး..ဟီးဟီး ကြက်သီးထလိုက်တာ..ကိုယ်တုံလုံးနဲ. အနှိပ်စက်ခံ၇မယ်ဆို၇င်တော. second world war မတိုင်ခင်က နာဇီက ဂျူးတွေကို နှိပ်စက်တဲ. အကြောင်း၇ိုက်ထားတဲ.ဇာတ်ကားထဲကလိုများဖြစ်နေမလား..ကျောချမ်းလိုက်တာ..ဟီး..ဟီး.. ကျတော်က မြန်မာစာသိပ်မတက်လို.လားမသိဘူး ဖတ်၇တာဘာကိုဆိုလိုမှန်း၇ှင်း၇ှင်းလင်းလင်းကိုမသိ၇ဘူး…ခေတ်သစ်စကားပြေေ၇းနည်းထင်တယ်.. ၇ှင်းပြချင်လွန်းအားကြီးတော. ၇ှူပ်သွားတာနေမယ်ထင်တယ်… Reply မယုံဘူး March 31, 2012 ဪတလောကလုံးက သူတို့ ပါလို့ပြောနေတာတောင်မှ၊ အတင်းကြီးမဟုတ်ပါဘူးလုပ်နေတယ်။ ခင်ရွှေလှိုင် ကိုသေသွားတဲ့လူတွေလာခြောက်လေ့မယ်။ သမိုင်းကိုကြည့်ပြီး သင်ခမ်းစာယူ စမ်းပါ။ ယခင်သမိုင်းမှာ မဟုတ်တာလုပ်ခဲ့လို့ အပုပ်တွေပေါ်နေပြီ၊ လိုက်ဖုံးလို့ရော ဘယ်လောက်ကြာကြာ ရမှာလဲ။ အရှက်မရှိ ဖုံးလေပေါ်လေ၊ ပေါ်လေဖုံးလေ၊ လက်ရှိအစိုးရနဲ့ ထူးမခြားနားဘဲ။ နိုင်ငံရေးသမားလို့မပြောနဲ့ဟေ့ ရှက်ဖို့ကောင်းတယ်။ သူများလှူတာတွေနဲ့ အရက်တွေသောက် ထိုင်းမှာပျော်ခြင်သလိုပျော်နေပြီး အခုမှ။ အစိုင်လမ် ဇတ်လမ်းတွေ ရောင်း နိုင်ငံရေးကို ခုတုံးလုပ်ပြီး တဦးတယောက်ကောင်းစားဖို့ အတွက်ပဲမဟုတ်လား။ နာဇီ ဇတ်လန်းတွေတောင် ဒီနေ့အထိမပြီးသေးဘူး။ မင်းတို့ဇတ်လန်း ရောလွယ်လွယ်နဲ့ပြီးမယ်ထင်လို့လား။ မင်းတို့တွေ ရှက်တတ်ရင် မြန်မာပြည်တောင်ပြန်မလာသင့်ဘူး။ Reply tartay March 31, 2012 စိတ်ဝင်စားလွန်းလို့ လက်လှမ်းမိသလောက်ဆက်တိုက် ဖတ်ပြီး ကိုယ်ညာဏ်မီသလောက်လေ့လာသုံးသပ်နေပါ တယ်..ကွန့်မန့်ရေးသူများကလည်း နံမည်အစစ်အမှန်နဲ့ သို့…ဓါတ်ပုံအစစ်အမှန်တင်ပြီးရေးစေ့ချင်ပါတယ်.ပါဝင် ခဲ့သူများကိုဆိုလိုတာပါ…အဖြစ်အပျက်မှာမပါဝင်ခဲ့သူများ ကတော့ အစစ်အမှန်ဓါတ်ပုံနဲ့.နံမည်ဖေါ်ပြစ၇ာမလိုပါဘူး အားလုံးကဒီမိုကရေစီကိုလိုချင်လို့တိုင်းပြည်ကောင်းစေ ချင်လွန်းလို့ လက်နက်ကိုင်လမ်းစဉ်ကိုယုံကြည်လို့လက် နက်ကိုင်ပြီးတော်လှန်ခဲ့ကြတာပါဆိုတာယုံပြီးသားပါ. အခုဖြစ်နေတဲ့ဖြစ်ရပ်မှာအထက်ကတင်ပြခဲ့သလိုဓါတ်ပုံနဲ့ နံမည်အမှန်နဲ့ ရေးကြပါလို့ တိုက်တွန်းချင်ပါတယ် Reply U tint March 31, 2012 မခင်ရွှေလှိုင် ရေ ဒီ အလိမ်အညာ ဇာတ်လမ်းကြီးကို ဆက်ပြီးမရေးပါနဲပါတော့ဗျာ – — လူတိုင်း ခင်ဗျား ဘာပြောပြောမယုံတော့ဘူးဆိုတာ ခင်ဗျားနားလည်သင့်ပြီ။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ ထက်မကြိုးစားပါနဲပါတော့– ဒီလို လူမဆန် ရက်စက်မှုတွေကို ခင်ဗျား ဆောင်းပါးလေးတစ်ခုနဲ့ ဖုံးကွယ် နိုင်လိမ့်မယ်လို့ ခင်ဗျားမျှော်လင့်သလား– Reply အလည်ပိုင်း March 31, 2012 ခင်ရွှေလှိုင်ပြန်ပြောတာတွေကို သဘောမတူပါဘူး။ ဒါပေမယ့် နအဖ က လုပ်ခဲ့တဲ့ ရန်သူမဟုတ်တဲ့ပြည်သူလူထု တောနေတောင်သူတွေကို တပ်ဖွဲ့ လိုက်မုဒိန်းကျင့်သတ်၊ မိန်းမအင်္ဂါကို နှစ်ချောင်းပြူးထည့် ၊ ယောက်ျား ကို ရင်ခွဲပြီး တရွာလုံးရှေ့ မှာ အသည်းထုတ်ကြော်ပြတာတွေက ခွင့်လွှတ်စရာတွေမဟုတ်သလို ခု လို သတ်ခဲ့တာတွေကလဲ ခွင့်လွှတ်စရာမဟုတ်ဘူး။ ခင်ရွှေလှိုင် ခင်ဗျားပြောခဲ့သလို ကျုပ်တို့ လဲ သံချောင်းတို့ လိုပဲ တောထဲမှာ ငတ်ခဲ့တိုက်ခဲ့သူတွေပါပဲ ၊ မ.က.ဒ.တ က ရဲဘော်ပါပဲ ။ ကျုပ်တို့ ကတော့ ကျောင်းသားတပ်မတော် မိုးသီးဘက်ခြမ်းကဖြစ်တယ် ။ ဒါပေမယ့်ကျောင်းသားတပ်မတော်ဆိုတာနဲ့ကျုပ်တို့ ပါရောခံရတာပဲ။ Reply ကိုကိုဇော် March 31, 2012 ဒီလိုတွေရှင်းမနေပါနဲ့။ ကိုယ့်ကိုယ်ကို လိပ်ပြာသန့်တယ် ထင်ရင် မြန်မာပြည်ကိုအခုပြန်ပါ။ နိုင်ငံတော်အစိုးရက လည်းဖိတ်ခေါ်ထားပြီးပြီပဲလေ။ စုံးစမ်းစစ်ဆေးပါ။ အစိုးရ နှင့်ပူးပေါင်းပြီး လူသတ်တရားခံအစစ်အမှန်ကို ဖေါ်ထုတ်နိုင်ပါတယ်။ နိုင်ငံမျိုးစုံရောက် သက်သေတွေ၊ တရားခံတွေကို သက်ဆိုင်ရာနိုင်ငံတွေကတဆင့် ဆင့်ခေါ်နိုင်တာ ပြည် ထောင်စုမြန်မာနိုင်ငံတော်အစိုးရကသာလျှင် လုပ်နိုင်မှာပါ။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးရုံး၊ တရားလွှတ်တော်ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ခင်ဗျားတို့လျှောက်ပြောသလို သူလျှိုတော့မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့ဘာသာခင်ဗျား တို့အာဏာလုကြတာပါ။ သူလျှိုဖြစ်ဦး အခုလို မသတ်ဖြတ်သင့်ပါ။ ခင်ဗျားတို့က ကျောင်းသားတွေလေ၊ ဒမြတွေမှမဟုတ်ဘဲ။ လူသတ်မှုကလူသတ်မှုဘဲလေ။ လူသတ်မှုတောင် တင်ကူးကြံရွယ်ပြီးသတ်တဲ့ လူသတ်မှုပါ။ Reply ko gyi March 31, 2012 သေနတ် သေနတ် ချင်းပစ်တာဘဲဗျာ လှမ်းလျှောက်နေတာကိုသေနတ်နဲ့ပစ်ခံရတာထက်တော့သာပါတယ် ကြားဖြတ်ဘဲတိုက်တိုက် တောင်ကုန်း၁၀၀၀ဘဲတက်တက် ပြန်ချဖို့သေနတ်တော့ရှိသေးတာဘဲ ပြန်ချခွင့်ရသေးတယ် အဖမ်းခံရတဲ့သူတွေသာ အချုပ်(ထောင်)ထဲလဲထည့်ထားသေး လက်ထိပ်(ကြိုး)လဲတုတ်ထားသေး ဘာမှပြန်မလုပ်နိုင်တဲ့သူကို လုပ်ရဲတဲ့သတ္တိကိုပြောနေတာ ……စစ်တိုက်တိုင်းလေးစားရမယ်ဆိုရင် မဆလ နဝတ နအဖ စစ်သားတွေလဲ ဒီထက်မကဆင်းရဲတာတွေ အပုံကြီးပါ ကြည့်လဲလုပ်ပါဦး ရန်သူတောင်ခေါင်းဖြတ်သတ်ခဲ့တယ်မကြားမိဘူးထင်တာဘဲ…..ရန်သူတဲ့ဆိုးတဲ့ လူယုတ်မာတွေဘဲလုပ်ခဲ့တာ ..ဆန်ပြုတ်စားတာနဲ့ ခေါင်းဖြတ်သတ်တာနဲ့လာချေနေသေးတယ် အေဘီသမိုင်းကရှိပြီးသားပါ(အာဏာရှုးများမပါ)မခင်ရွှေလှိုင် အခုဘယ်မှာနေတယ် ဘာလုပ်နေတယ်ပြောပါဦး တွေ့ချင်လို့ပါ…… Reply မန္တလေးသူ March 31, 2012 ခင်ရွှေလှိုင်က မန္တလေးသူဟုတ်ရဲ့လားဗျာ။ အရမ်းရိုင်းတယ်။ အရမ်းကိုယ်ရည်သွေးတယ်။ ပြီးတော့ ရီရတယ်ဗျာ Reply Lin March 31, 2012 That article is only anti-attach from Aung Naing. Take care, she has co-operated with him. Lin Reply စိုးမြင့် March 31, 2012 မခင်ရွှေလှိုင်ရဲ့ ဆောင်းပါးတွေကို ဒီ အပိုင်း ၃ အထိ ဂရုတစိုက် ဖတ်လာခဲ့တယ်၊ ပြောရရင် အပိုင်း ၃ သာ ရောက်လာတယ်၊ မြောက်ပိုင်း အေဘီခေါင်းဆောင် တွေရဲ့ သိက္ခာဆယ်ဖို့ ကြိုးစား နေတာကနေ မတက်သေးဘူး၊ ဒီ အပိုင်း ၃ မှာလည်း ဒီအတိုင်းပဲ၊ ဒီလူတွေကို သိဒ္ဓိတင်ဖို့ ဒီလောက် လက်ညောင်းခံပြီး ရိုက်နေစရာ မလိုပါဘူးဗျာ၊ သူတို့တွေလည်း အတိုင်းအတာ တစ်ခုအထိ အနစ်နာ ခံခဲ့တာ ကျနော်တို့ ယုံကြည်ပြီးသားပါ၊ ခေါင်းဆောင်တွေ ဖြစ်ခဲ့တယ်ဆိုတာ အကြောင်းမဲ့မှ မဟုတ်ဘဲ၊ ငယ်သားရဲဘော်တွေကို ညှာတာတယ် ဆိုတာလည်း ယုံတယ်၊ ဥပမာတွေ ထပ်မပေးနဲ့တော့၊ မြောက်ပိုင်းကို သူလျှို အစစ်တွေ ရောက်လာခဲ့တယ် ဆိုတာလည်း ယုံတာပဲ၊ ၅ ယောက်ဆိုလည်း ယုံသလို အယောက် ၅၀ ဆိုလည်း ယုံတယ်၊ အခု လူတွေ အားလုံးက (အော့နှလုံး နာနာနဲ့) သိချင်နေကြတာက (၁) ဒီလူတွေ ဘာဖြစ်လို့ အဲဒီလို လူစိတ်ကင်းမဲ့တဲ့ နည်းတွေနဲ့ သတ်ရတာလဲ? (၂) အေဘီဥပဒေမှာ သူလျှိုဆိုရင် ခေါင်းသာဖြတ်ဟေ့ လို့ တကယ်ပဲ ရေးဆွဲထား တာလား? (၃) စစ်အစိုးရရဲ့ ကောက်ကျစ်၊ ရက်စက်မှုတွေကို ရွံလို့ သေနတ်ကိုင် တိုက်တဲ့ လူတွေက ဘာဖြစ်လို့ စစ်အစိုးရ ထက်တောင်မှ ပိုပြီး ရက်စက်၊ ကောက်ကျစ်၊ လူမဆန်တဲ့ နည်းတွေနဲ့ နှိပ်စက်ရတာလဲ? အချုပ်အနေနဲ့ ထပ်ပြောမယ်၊ သူလျှိုတွေ ရှိခဲ့တယ် ဆိုတာကို ယုံတယ်၊ အဲဒီလို သူလျှိုလို့ ယူဆခံရသူတွေကို ခေါင်းဖြတ်သတ်တဲ့ အထိဖြစ်သွားအောင် ရဲဘော်၊ ရဲမေတွေ အပေါ် လူသားချင်း စာနာထောက်ထားတတ်တဲ့ ခေါင်းဆောင်ကြီး တွေကို ဘယ်အရာတွေက တွန်းပို့ခဲ့သလဲ ဆိုတာပဲ သိချင်တာ..။ Replyုလူဝ March 31, 2012 မလှိုင်ရေ။စိတ်ဝင်စားစ၇ာကောင်းတဲ့ရေးသားမှုတွေအတွက်ကြိုဆိုပါတယ်။မလှိုင်လည်းစာရေးစရာမဟုတ်တဲ့အ တွက်ရေးသားချက်များမှာလိုအပ်ချက်များရှိမှာပါပဲ။ ကျနော့်အနေနဲ့အကြံပေးချင်တာကမလှိုင်ရဲ့စာထဲမှာ ခိုင်လုံတဲ့အချက်အလက်တွေများများပါဘို့ပါပဲ။ ဒီမြောက်ပိုင်းအရေးကိုအင်တာနက်ပေါ်မှာစတွေ့က တည်းကစိတ်ဝင်တစားနဲ့ရေးသမျှအားလုံးကိုဖတ်ဖြစ်ပါ တယ်။ကျနော်နောက်ဆုံးသိချင်တာကအချုပ်ထောင်က နေလူသုံးဆယ်ထွက်ပြေးလွတ်မြောက်သွားတဲ့အကြောင်းပါ။ရမ်ဘိုရုပ်ရှင်မဟုတ်တဲ့အတွက်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုရဲ့ဗဟိုကနေလူသုံးဆယ်ထွက်ပြေးဘို့ဆိုတာအနည်းဆုံးကေအိုင်ကေရဲ့သဘောတူညီချက်ရှိရမယ်ဆိုတာကျောင်းသားတပ်မတော်တပ်မှုးဟောင်း တစ်ယောက်အနေနဲ့ကျနော်နားလည်ပါတယ်။ သို့သော်လည်းအစောင့်ကျတဲ့ရဲဘော်ကိုကွက်မျက်ခဲ့တယ်လို့လည်းစာတွေကဆိုပါတယ်။ အဲဒိအချက်ကိုရှင်လင်းအောင်ရေးသာပေးဘို့တောင်ဆိုပါတယ်။ Reply Name (required) March 31, 2012 တို့တွေဟာ အဲဒီအချိန်တုန်းက တော်လှန်ရေးလုပ်နေကြတာပါ ။ဆွေမျိုး စပ်နေကြတာမဟုတ်ဘူး။ Reply mg thant March 31, 2012 ဟား..ဟား..ခင်ဆွေလှိုင်နင်တို့က..နအဖ လေသံပါလာ;?ငါတို့အနစ်နာခံခဲ့ရတယ်..ဒီလောက်တော့မှားမှာပေါ့ဆို.. ဆိုတဲ့..လေသံပါလား အော်လူတွေကလက်နက်လက်ထဲ ရောက်သွားရင် အတူတူပါပဲလား?နိုင်ငံခြားမှာအခွင့်ထူး ခံတွေမသိဘူး ဟုတ်လား ငါတို့လူမသတ်ဘူးခင်ဆွေ လှိုင် နင်တို့ကော နင်တို့စိတ်နဲ့ နင်တို့လာတပဲမို့ နင်လဲ န.အ.ဖ စိတ်ဓာတ်နဲ့ တတန်းထဲပဲ နင်ဆီကစကားသံတွေ ကြားရတာ ကြံ့ဖွတ်က ဌေးဦးရဲပ လေသံတွေအတိုင်ပဲ လက်နှက်ကိုင်ရေးလမ်းစဉ်ကိုဘယ်လိုယု့ရတော့မှာလဲ ဂျပန်ကိုတော်လှန်တော့ နေ၀င်းလို လူပေါ်လာတယ် နင်တို့လက်နက်ကိုင်တော်လှန်ရးနဲ့ တော်လှန်ရေးကြီး အောင်မြင်တယ်တယ်ဆိုရင်တောင် နေ၀င်းလို နအဖ စိတ်ဓာတ်နဲ့ နင်လိုမိန်းမတွေပေါ်လာဦးမှာပဲ လက်နှက်ကိုင်တော်လှန်ရေးမှာ တကယ် စိတ်ဓာတ် မှန်ကန်တဲ့သူတွေဟာ ကျဆုံးကျန်၇စ်ခဲ့ပြီ လူယုတ်မာ တွေပဲ ကြီးစိုးခဲ့တယ်ဆိုတဲ့ သာဓကတွေကလဲ၇ှိခဲ့ တယ် အနီစပ်ဆုံး ရဲဘော်သုံးချိတ်ပဲကြည့်ပါ အဖိနှိပ်ခံ ပြည်သူတွေကိုစာနာလို့ တော်လှန်ရေးလုပ်တဲ့သူနဲ့ သူတို့ဖိနှိပ်တာကိုမခံနိုင်လို့ ငါတို့လဲဒီအခွင့်အရေးမရ လို့တော်လှန်တဲ့ ရေရှည်မှာ ဘွာဘွာကြီး အစွယ်တွေ ပြူးလာလာတာပါပဲ တော်လှန်ရေးသမာအမည်ခံ နအဖစိတ်ဓာတ်နဲ့ ခင်ဆွေလှိုင်ရေ့..

ကိုမိုးသီး ဖြေရှင်း ချက်

ကိုမိုးသီးဇွန် ဖြေရှင်းချက် Posted by admin on March 29, 2012 27 Comments မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ (မတ်လ ၂၈ ရက်၊ ၂၀၁၂) ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ် ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လောဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။ မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝတာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိ စဉ်က ကျနော်တို့ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ် ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်းပေးပို့ခဲ့တယ်။ ဖမ်းဆီးမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ကွဲသွားပါ တယ်။ မြောက်ပိုင်းကော်မတီက ကိုနိင်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ က ကိုနိုင်အောင် ဗဟိုကိုထောက်ခံ ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအ၀င် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ် ပေးနိုင်ပါ တယ်။ လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများ အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည်အမှတ်ရစေ နိုင် ဖို့အတွက် တင်ပြလိုက်ပါတယ်။ ၁- ကျနော်တို့ကျောင်းသား နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးလုပ်စဉ်က ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ် (DAB) နှင့် ပြည် ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့ ထားပါတယ်။ ဒီသဘောတူညီချက်မှာ မြောက်ပိုင်းကိစ္စကို ကိုနိုင်အောင်နှင့်တကွ သူတို့အဖွဲ့မှာ တာဝန်ရှိခေါင်းဆောင်များက တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း အချက်တချက်ပါဝင်ပါတယ်။ ဒီအချက်ကို ပေါင်းစည်းရေးမတိုင်မီ ကျနော်တို့အဖွဲ့ကတောင်းဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို သူတို့ သဘောတူလက်ခံခဲ့ကြရပါတယ်။ ၂- ကိုနိုင်အောင် အဖွဲ့က မြောက်ပိုင်းသတ်ဖြတ်မှုဟာ မှန်ကန်ကြောင်းနဲ့ ဒီကိစ္စကို သူတို့တာဝန်ယူကြောင်း ၁၉၉၂ မေလ ၃၁ ရက် နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာလဲ အခိုင်အမာ ဖေါ်ပြထားပါတယ်။ ၃- ကိုအောင်ထူး ဦးဆောင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့ (Burma Lawyer Council) ကလဲ ၁၉၉၂ မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ကိုနိုင်အောင် တို့ ကြေညချက်ကို မှန်ကန်ကြောင်း၊ သူတို့လုပ်ရပ်ဟာ တရားဝင်မှုရှိ ကြောင်း ထောက်ခံဖေါ်ပြထားတယ်။ ဒီကြေညာချက်နှစ်စောင်ဟာ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိသူ တွေအဖြစ် အခိုင်အမာသက်သေတွေ ဖြစ်ပါတယ်။ ကိုအောင်ထူးဟာ ထိုစဉ်က ကိုနိုင်အောင် အဖွဲ့မှာ ဗဟိုအလုပ်မှု ဆောင် ကော်မတီဝင်တဦးလည်းဖြစ်၊ ရှေ့နေအဖွဲ့မှာလည်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မတရားမှုတွေကို ဥပဒေအရ တာဝန်ယူဖြေရှင်းပေးရမယ့် ရှေ့နေအဖွဲ့ဟာ ဘာကြောင့် မြောက်ပိုင်းလူသတ်မှု ကျူးလွန်သူတွေဖက်က ကာကွယ်ပေးခဲ့ တာက အလွန်ရုပ်ဆိုးတဲ့ဖြစ်ရပ် ဖြစ်တယ်။ ၄- ၁၉ ၉ ၂ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့သူလျှိုမှုနှင့် သတ်ဖြတ်မှုများကို ကျနော်တို့ ဆန် ကျင်ကန့်ကွက်ကြောင်းနှင့် ကျန်ရှိသူတွေကို ပြန်လွှတ်ပေးဖို့အတိအလင်း တောင်းဆိုခဲ့ပါတယ်။ ကြေညာချက်မူရင်း ကို အောက်မှာဖေါ်ပြထားပါတယ်။ ၅- မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ဘီဘီစီက အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ (အသံဖိုင်တွေ ဘီဘီစီမှာ ရှိနိုင်ပါသေး တယ်) ကိုနိုင်အောင်နှင့် ကိုအောင်ထူး က တဖက်၊ ကိုအောင်နိုင်ဦး (ABSDF – Moe) က တဖက် အခြေအတင်ဆွေးနွေး ခန်းမှာ ကိုနိုင်အောင်နှင့် ကိုအောင်ထူး က မြောက်ပိုင်းကိစ္စကို တာဝန်ယူဖြေရှင်းနိုင်ကြောင်း ဆွေးနွေးခဲ့တယ်။ ကိုအောင်နိုင်ဦး ကတော့ သတ်ဖြတ်မှုကို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ ၆- ပြန်လည်ပေါင်းစည်းရေးလုပ်ပြီးနောက် ကိုနိုင်အောင်တို့အဖွဲ့မှာ တာဝန်ရှိသူများနှင့် မြောက်ပိုင်းကိစ္စ အလွတ်သဘော မျိုး ဆွေးနွေးခဲ့စဉ်များမှာလည်း သူတို့တာဝန်ယူ ဖြေရှင်းပေးနိုင်ကြောင်းကိုသာ တလျောက်လုံး ဆွေးနွေးပြောဆိုခဲ့ကြပါ တယ်။ ၇- ရော်နယ် အောင်နိုင်၊ ကိုနိုင်အောင်တို့ အာအက်ဖ်အေ၊ ဧရာဝတီသတင်းဌာနများနဲ့ အင်တာဗျူးများမှာလဲ သူတို့မှာ သာတာဝန်ရှိကြောင်း ဖေါ်ပြပြောဆိုခဲ့ပါတယ်။ ၈- အေဘီအက်စ်ဒီအက်ဖ် မကွဲခင်အချိန်ကလေးမှာ ကချင်ကိုယ်စားလှယ်အဖွဲ့ကတဆင့် ကျနော်ပေးပို့ခဲ့တဲ့ ကြေးနန်မှာ (က) သူလျှိုဟု အစွပ်စွဲခံရသူများကို စစ်ဆေးလျှင် ကျောင်းသားနှင့် ကချင်အဖွဲ့မှာ တာဝန်ရှိသူများ ပူးတွဲစစ်ဆေးပါ။ ရိုက်နှက်ညဉ်းပန်းမှုများ မပြုလုပ်ရန်။ (ခ) သူလျှိုများ ဖြစ်ခဲ့ရင်တောင် နိုင်ငံတကာကြက်ခြေနီ တဖွဲ့ဖွဲ့ထံ အကူညီတောင်းပြီး လွှတ်ပေးလိုက်ရန်။ ဒီလို မသတ်ဖို့လွတ်ပေးဖို့ ညွှန်ကြားခဲ့သော်လည်း ရော်နယ် အောင်နိုင်နဲ့ အဖွဲ့ဟာ မလိုက်နာကြတဲ့အတွက် အပြစ်မဲ့ ရဲဘော်တွေ ကြွေလွင့်ခဲ့ရတယ်။ (ဂ) သူတို့မှာ တာဝန်ရှိကြောင်း ၀န်ခံခဲ့ပြီးမှ ဘာကြောင့် အဖြစ်မှန်ကိုဖုံးကွယ်ပြီး အပြစ်မရှိသူများကို အပြစ်မကင်းသလို လို ပြောဆိုခဲ့ခြင်း၊ ရေးသားခြင်းဟာ မကောင်းပါ။ ရိုးသားမှု မဟုတ်ပါ။ ကိုနိုင်အောင် အနေနဲ့ ဖြစ်ရပ်မှန်များကိုသာ ဖေါ် ထုတ်ပေးဖို့ တိုက်တွန်းပါတယ်။ မိုးသီးဇွန် မတ်လ ၂၉ ၊ ၂၀၁၂ခုနှစ်။ moetheezun@hotmail.com 08 9542 7837 ……………………………………………………… ကြေညာချက်မူရင်းများ ဦးအောင်ထူး လက်မှတ်နဲ့ ထုတ်ခဲ့တဲ့ ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့ ကြေညာချက် …………………………………………………………. ကိုမိုးသီးဇွန် ဗဟိုမှ ၁၉၉၂ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် (ဘာသာပြန်) ၈ရက်၊ မတ်လ၊ ၁၉၉၂ မြန်မာစစ်ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော (၁၅) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ABSDF မှ သဘောထားထုတ်ပြန်ကြေငြာချက် (ABSDF led by Moe Thee Zune) ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် ကျောင်းသားတပ်မတော်၏ ညီညွတ်မှုကို အလေးထားသောအားဖြင့် ဦး စွာ (ကျနော်တို့သည်) ကျောင်းသားတပ်မတော် နှစ်စုကွဲသွားပြီဖြစ်ကြောင်းကို ၀မ်းနည်းစွာအသိပေးပြီး ယခု ကြေညာ ချက်ကို ထုတ်ပြန်ရပါသည်။ သို့သော် မြန်မာပြည်ဒီမိုကရေစီရေး တိုက်ပွဲကို ထောက်ခံစာနာနားလည်ပေးသော ပြည်တွင်းပြည်ပအင် အားစုများ၏ အ ရည်အသွေးကို နိမ့်ကျတန်ဖိုးမဲ့စေသောအကြောင်းရင်းများကို ဖြေရှင်းရန်ဆန္ဒထားပြီး ဒီမို ကရေစီတော်လှန်ရေး ရေရှည် အကျိုးစီးပွားရေးကို ဦးထိပ်ထားသော (ကျနော်တို့သည်) ABSDF ကျောင်းသားတပ်မတော်၏ မူရင်းအခြေခံဥပဒေတွင် ဗဟိုကော်မတီအဆင့်ထက် အဆင့်နိမ့်သော လက်အောက်ခံစခန်းများ၊ တပ်ရင်းများတွင် လူသတ်အပြစ်ပေးခြင်းအား တားမြစ်ထားသောအချက်ကို ထောက်ပြသုံးသပ်ရမည် ဖြစ်သည်။ မြန်မာပြည်သားတို့၏ လူ့ဂုဏ်သိက္ခာ၊ လူသားဘ၀၊လူ့တန်ဖိုးနှင့် လူ့အခွင့်အရေးများကို (ကျနော်တို့သည်) တန်ဖိုးထား သောကြောင့် လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာနှိပ်စက်ဖျက်ဆီး၊ ဂုဏ်သိက္ခာမဲ့စေသော ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းများကို ဆန့်ကျင်ရမည် ဖြစ်သည်။ လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာနှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာမဲ့စေသောဆက်ဆံခြင်း၊ အပြစ် ပေးခြင်းများ ကို ဆန့်ကျင်ပြီး ထိုသို့ဆက်ဆံခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးသော ကုလသမဂ္ဂ၏ အထွေထွေဆုံးဖြတ်ချက် အမှတ် -၃၄၅၂(၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) ကို ကျနော်ထောက်ခံသည်။ ကျောင်းသားတပ်မတော် အဖွဲ့ဝင်အားလုံး သဘောတူညီမှု၊ နားလည်မှုမပါဘဲ သူလျှိုဟု စွပ်စွဲခံရသူများအား သတ်ဖြတ်ခြင်း၊ အရေးယူခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ တခြား အောက်ခြေရဲဘော်များ လုံခြုံရေးကိုပါ ကျနော်တို့ အထူးစိုးရိမ်ကြောင်း ပြောကြားလိုသည်။ ဘန်ကောက် နေးရှင်းသတင်းစာ (မတ်လ ၁၊ ၁၉၉၂) အရ သူလျှိုဟု စွပ်စွဲ၍ အသတ်ခံရသော လူ ၁၅ ယောက်တွင် အ မျိုးသမီးရဲမေတဦး ပါဝင်ခဲ့ခြင်းနှင့် သက်ဆိုင်ပြီး (အောင်ထူး – ယခု BLC ထုတ်ပြန်သော March 1, 1992 ကြေငြာချက်) တွင် အတည်ပြုခဲ့ပါသည်။ ကျနော်တို့သည် လက်ရှိကျောင်းသားတပ်မတော်မြောက်ပိုင်း အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးထားသော လူ ၆၅ ဦးကို ညှဉ်းပမ်းနှိပ်စက် တရားစီရင်ခြင်းများ ချက်ချင်းရပ်တန့်ရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။ အလားတူပင် DAB အဖွဲ့ဝင်များကလည်း အားလုံးအတည်ပြုထောက်ခံသည့် DAB တရားစီရင်မှုများကို စံထား၍ (ဖြစ်ပျက်ခဲ့သောကိစ္စကို DAB ခေါင်းဆောင်များမှ ပြန်လည်သုံးသပ်ပေးပါရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။) လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အာဏာပိုင်များကို ကျနော်တို့တွန်းလှန်တိုက်ပွဲဝင်ရာတွင် လူ့အ ခွင့်အရေးဆို သော စကားလုံးသည် စကားလုံးသက်သက်မျှမဟုတ်ဘဲ လူမျိုးမရွေး၊ ဒေသမရွေး လက်တွေ့ကျင့်သုံးရမည်ဟု ကျနော်တို့ မှယုံကြည်ပါသည်။ သို့ကြောင့် ကျောင်းသားတပ်မတော်အတွင်း ပိုမိုမြင့်မားသော ဗဟိုတရားရုံး၏ ခွင့်ပြုချက်နှင့် သိနားလည် မှုမပါဘဲ တပ်ဖွဲ့ ၀င် အမြောက်အများကို သူလျှိုဟုစွပ်စွဲပြီး အလျင်စလို သတ်ဖြတ်အရေးယူခြင်းအပေါ် ကျနော်တို့ (မိုးသီးဇွန်) ဦးဆောင် သော ကျောင်းသားတပ်မတော်အဖွဲ့မှ အထူးသံသယ ဖြစ်မိပါသည်။ ထို့ကြောင့် ဖြစ်ပျက်ခဲ့သောကိစ္စများကို သွေးရိုးသားရိုး ပုံမှန်မဟုတ်ဟု ကျနော်တို့မှ ထင်မြင်ဖြစ်သည်။ အလားတူပင် ယုံ ကြည်အားထားလောက်သည့် ခိုင်မာသောအထောက်အထားမရှိဘဲ သူလျှိုဟု စွပ်စွဲခံရသော ရဲဘော်များအား ကွပ်မျက် သည်အထိ လုပ်ဆောင်မှုများအားလုံးတွင် အမှားပေါင်းများစွာပါဝင်နေသည်။ အထက်မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အလွန်ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အား စွပ်စွဲခံရသော သူများ၏ သူလျှိုခေါင်းဆောင်ဟု သတ်မှတ်ခဲ့ခြင်းသည် ကြီးမားသောအမှားတခု ဖြစ်သည်။ စစ်အာဏာရှင်အကြိုက်ဖြစ်မည့် မိမိကျောင်းသားတပ်မတော်အဖွဲ့ဝင်အချင်းချင်း မညီညွတ်ရာမှ တဦးနှင့်တဦး သား ကောင်ပြု အနိုင်ကျင့်ခြင်းကို ဒီမိုကရေစီလိုလားသော ပြည်သူများနှင့် ကျောင်းသားတပ်မတော်အဖွဲ့ဝင်အားလုံး သတိကြီး စွာထားရန် မိမိတို့မှ တိုက်တွန်းလိုက်သည်။ နောက်ဆုံးအနေဖြင့် မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီး၏ ဂုဏ်သိက္ခာနှင့်အတူတကွ ကျောင်းသားတပ် မတော်အဖွဲ့ဝင်အားလုံး၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကြီးမားသည့်အမဲစက် ဖြစ်စေခဲ့သည် ကိစ္စအပေါ်တွင် ကျနော်တို့ဖက်မှ အထူးစိုးရိမ်မိကြောင်း ပြောကြားရင်း ယခုသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ပါသည်။ မိုးသီးဇွန် ဥက္ကဋ္ဌ မာနယ်ပလောရုံးချုပ် Ph: 662 318 0593 fax 662 318 8697 PO BOX 42 Hua mark, P.O.BKK 10243, Thailand …………………………………………………… ဒေါက်တာနိုင်အောင် ဗဟိုမှ ၁၉၉၂ ခုနှစ် မေလ ၃၁ ရက်နေ့မှ ထုပ်ပြန်ခဲ့တဲ့ ကြေညာချက် (ဘာသာပြန်) (၁၉၉၂ မေလ ၃၁) မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီးကျောင်း သားတပ်မတော် ဥက္ကဋ္ဌ (ဒေါက်တာနိုင်အောင်) ၏ ၁၉၉၂ခုနှစ် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ကချင်ပြည်နယ်ကို တလသွားရောက်သွားခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရ၏ရက်စက်မှုကို ယခင်က ထက်ပိုပြီး ခါးသီး မုန်းတီးမိပါသည်။ မြောက်ပိုင်းတွင်ဖမ်းဆီးခံရသူတို့၏ ထွက်ဆိုချက်များ သက်သေခံပစ္စည်းများကို ဖတ်ရှုခဲ့ရပါသည်။ အထူးသဖြင့် နအဖ၏ အဓိက ဖိနှိပ်ရေးယန္တရားတခုဖြစ်သော အမျိုးသားထောက်လှမ်းရေးဗျူရိုတွင် အဓိက တာဝန်ရှိပါ သည်။ အတိုက်အခံအဖွဲ့များအကြား သပ်လျှိုရန်၊ အထင်အမြင်မှားစေရန်အတွက် စနစ်တကျ စီမံထားသော အစီအမံများ စီမံထားပြီး ဖြစ်သည်။ နအဖသည်သတင်းပေးများ ထောက်လှမ်းရေးများကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးချခဲ့သည်။ ကျောင်းသားတပ်မတော်သည် အဓိကပစ်မှတ်တခု ဖြစ်လာခဲ့သည်။ သူလျှိုများကို ရေလှိုင်း (water wave) စီမံကိန်းဟု အမည်ရသော စစ်ဆင်ရေး ဖြင့်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ - အဖွဲ့အတွင်း တည်ငြိမ်မှုပျက်ပြားစေရန် - ထောက်ပံ့သည့်အုပ်စုနှင့် မဟာမိတ်အဖွဲ့များအကြား နားလည်မှုလွဲမှားစေရန် -စိတ်ဓာတ်ကျပြီး လက်နက်ချလာစေရန် -အတိုက်အခံခေါင်းဆောင်များကို သုတ်သင်ရန် ဖြစ်သည်။ အပြီးသတ် ဆောင်ရွက်ရမည့်နေ့မှာ အမျိုးသားညီလာခံကျင်းပနေမည့် ၁၉၉၂ နှစ်ကုန်ပိုင်းတွင်ဖြစ်သည်။ တချို့အဖွဲ့များ က အမျိုးသားညီလာခံမတိုင်မီ လက်နက်ချရန်နှင့် ကျန်ရှိသောအဖွဲ့များက အမျိုးသားညီလာခံအပြီး အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန်တွင် လက်နက်ချရန် ဖြစ်သည်။ (သူလျှိုအုပ်စု၏ခေါင်းဆောင်များသည် အမျိုးသားညီလာခံကို ၁၉၉၂ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ကို သိရှိကြပြီး ဖြစ် သည်) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြီးနောက် ကျန်ရှိသောအဖွဲ့မှာ စစ်တပ်၏ချေမှုန်းခြင်းကို ခံကြရမည် ဖြစ်သည်။ သူလျှို ၁၅ ဦးကို သုတ်သင်ခဲ့မှုအပေါ် လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ထပ်မံအငြင်းမပွားလိုတော့ပါ။ ဆုံးဖြတ်ချခဲ့သည့်ဖြစ် စဉ်တွင် ဗဟိုကော်မတီအနေဖြင့် မပါဝင်ခဲ့သော်လည်း ဗဟိုကော်မတီ၏ကိုယ်စား ကျနော့်တွင် တာဝန်ရှိပါသည်။ ကျနော် တို့အနေဖြင့် ကျန်ရှိသည့် သူလျှိုများနှင့်ပတ်သက်၍ အပြုသဘောဆောင်ပြီး ဖြေရှင်းလိုကြောင်း နိုင်ငံတကာကို ရှင်းလင်း လိုပါသည်။ လက်တလော ABSDF (Nothern)၊ (KIO) တို့နှင့် ကျနော်ဆွေးနွေးခဲ့ပြီး အောက်ပါဆုံးဖြတ်ချက်များကို ချခဲ့ပါသည်။ ၁။ အေဘီအက်စ်ဒီအက်ဖ်သည် ကျန်ရှိသည့် သူလျှိုများကို သေဒဏ်ပေးတော့မည်မဟုတ်။ ၂။ သဘောထားပြောင်းလဲ၍ ကျနော်တို့၏ လှုပ်ရှားမှုတွင် ပါဝင်လိုသူများကို အဖွဲ့ဝင်အဖြစ်လက်ခံမည်။ ၃။ အဖွဲ့ဝင်အဖြစ် ကျနော်တို့မှ လက်မခံသောသူများကို ၎င်းတို့၏လုံခြုံရေးနှင့် အနာဂတ်အတွက် နိုင်ငံတကာအဖွဲ့အစည်း များသို့ လွှဲပြောင်းပေးသွားမည်။ ထို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအစိုးများအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲများဖြစ်ချိန်ထိ လက်ခံထားရန် မေတ္တာရပ်ခံပါသည်။ အကယ်၍ မြန်မာပြည်ပြင်ပတွင် ထိုသူလျှိုများကို လက်ခံထားနိုင်ရန် အနေအထားမရှိပါက တနှစ်ထိန်းသိမ်းပြီးနောက် ၎င်းတို့၏ မိဘ(သို့မဟုတ်) ဆွေမျိုးသားချင်းတို့၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်သည်။ သူလျှိုများကို ရန်သူအဖြစ် သတ်မှတ်ဆက်ဆံရန် သဘောထားရှိသော်လည်း၊ ၎င်းတို့သည် စစ်အာဏာရှင်စနစ်၏ သား ကောင်များဖြစ်သည်ဟု ကျွန်ုပ်တို့လက်ခံသည်။ ထို့ကြောင့် ကျနော်တို့သည် ရေရှည်အကျိုးစီးပွားနှင့် လူသားချင်းစာနာ ထောက်ထားမှုကို မျှော်ရှုပါသည်။ သူလျှိုများ၏ ထွက်ဆိုချက်များနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် သူလျှိုများ၏ အနာဂတ် အခြေချနေထိုင်ရေးအ တွက် နည်းလမ်း ၀ိုင်းဝန်းရှာဖွေပေးကြရန် ကျနော်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။ လေးစားစွာဖြင့် ဒေါက်တာနိုင်အောင် ဥက္ကဋ္ဌ ဗဟိုကော်မတီ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ၃၁ မေလ ၁၉၉၂ လက်ဆင့်ကမ်းဖြန့်ဝေရန် Facebook Share 27 Responses to “ကိုမိုးသီးဇွန် ဖြေရှင်းချက်” ZIZI March 29, 2012 ပြန်လည်ပေါင်းစည်းရေးလုပ်စဉ်ကဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ်(DAB) နှင့် ပြည် ထောင်စု မြန်မာနိုင်ငံအမျိုး သားကောင်စီ (NCUB) ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့တာဟာ၊ဘယ် သူကမှငြင်းလို့မရတဲ့သက်သေဘဲ၊ကျနော်တို့ကဒီအချက် ကိုအလေးထားပါတယ်၊ကိုအောင်ထူးနှင့်ကိုနိုင်အောင် လက်မှတ်ရေးထိုးပြီးထုတ်ထားတဲ့ကြေငြာချက်အရဆို လျှင်ထပ်မံအငြင်းပွါးဘွယ်ရာမရှိတော့ပါ၊ Reply ညွန့်ရွှေ March 29, 2012 ဒီလို ဖြေရှင်းချက်ကို အားပေးထောက်ခံလိုက်တယ်။ အဖြစ်မှန်ပေါ်ပေါက်ဖို့ မှန်မှန်ကန်ကန်တရားစီရင်နိုင်ဖို့ ပူးပေါင်းသူတိုင်းကို အမှုမှန်ပေါ်ပေါက်ရေး၊ မတရားသဖြင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေ ထိုက်သင့်တဲ့ အပြစ် ကျခံရရေးအတွက် အားလုံးက ကြိုဆိုရမယ်။ ယေဘုယျအားဖြင့် အေဘီမြောက်ပိုင်းကိစ္စမှာ မိုးသီးဇွန်အဖွဲ့တင်ပြတဲ့ သက်သေအထောက်အထားများကို အသေအချာ စစ်ဆေးစဉ်းစားပြီး မှတ်တမ်းတင်ပေးသင့်တယ်။ တခြားကိစ္စရှိရင် တခြားကိစ္စက ကဏ္ဍတစ်ခုဖြစ်တယ်လို့ အကြံပြုချင်တယ်။ Reply မိုးကောင်းသား March 29, 2012 မိုးသီးရေ…. နိုင်အောင်ကတော့ ခေါင်းခါ ခေါင်းညိတ်လုပ်နေပြီ၊ ပြတ်ပြတ်သားသားသာလုပ်ပေတော့ဟေ့။ နိုင်အောင် ဆက်ရှင်းပါ။ အထဲကို ပြန်လာချင်တာနဲ့ ကြေညာချက်တွေ မဖြစ်ဖြစ်အောင် ထုတ်နေတာ၊ ကလိန်ကကျစ်ညဏ်တွေနဲ့ နိုင်အောင်ကတော့ အောက်လမ်းတွေသုံးနေပြီဟေ့။ Reply မြောက်ကျွန်းသူ March 29, 2012 ကိုယ်တိုင်ကြောင့်ဘဲဖြစ်ဖြစ် ဘေးကလက်သည်ကြောင့်ဘဲဖြစ်ဖြစ် ထွက်လာတဲ့ဒီရှင်းလင်းချက်ကိုကြိုဆိုပါတယ် Reply KIO* March 29, 2012 ABSDF(North) was depending on KIO/KIA for territory, foods and weapons ; why not master KIO/KIA prevent this massacre ? Due to hate to Bamar?? Moe Thee Zun should also present telegraph letter with day and date to KIA/KIO for his request as he described in this explanation. Less-law territory is law-less!! May God bless to souls of victums.. Reply မန္တလာသား March 29, 2012 အောင်နိုင်ကဘာမှမဖြေရှင်းသေးတော့စောင့်လိုက်ဦးမယ်။ နိုင်အောင်ရေ မင်းပြည်တွင်းမှာ ဝင်လာရဲရင်လာခဲ့ပါ။ မင်းဖွဲ့ပေးထားတဲ့အဖွဲ့ လေးနဲ့တော့ ပြည်တွင်းမှာ နိုင်ငံရေး လူရာဝင်မယ်မထင်နဲ့။ မင်းရှင်းလင်းချက်ကိုဖတ်ပြီးကတည်းက မင်းမိုးသီးအပေါ်ပုံချလိုက်တာ ဖြတ်သန်းဘူးသူးတိုင်းသိတယ်။မသိချင်ယောင်ဆောင်တာကတော့ မင်းရဲ့ပေးစာကမ်းစာ စားနေရတဲ့ မဲဆောက်ကအဖွဲ့အားလုံးဘဲ၊ မင်းပြည်ဝင်လာတာကို စောင့်နေပါတယ်။ အခု မင်းက ပြည်တွင်းအကွက်ရွှေ့ဖို့ ယောင်ယောင်ဝါးဝါးရှင်းလင်းချက်က ချီးတွင်းထဲသာချလိုက်ပါ။ အထဲကသူတွေက မင်းအနားကနေတဲ့ကောင်တွေလို နလပိန်းတုန်းတွေမဟုတ်ကြဘူးနော်။ စောင့်နေမယ်။ Reply မန္တလေးကစောင့်နေမယ်။ March 29, 2012 အခုလို အချက်အလက်နဲ့တကွရှင်းပြတာ ကျေးဇူးပါပဲ ကိုမိုးသီးရေ။ ဒေါက်တာနိုင်အောင်နဲ့ ရော်နယ်အောင်ကို ကိုချိုကြီးတို့မိသားစုနဲ့အတူ မန်းသားတွေက စောင့်နေကြပါတယ်။ Reply ပြည်စောင့်နတ် March 29, 2012 နိုင်အောင်ရေ မင်းပြည်တွင်းပြန်ဝင်လာတာနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရတော့မယ်။ Reply သတိုးစည်သူ March 29, 2012 မိုးသီးဇွန် ရဲ့ ရှင်းလင်းချက်က သိပ်ပြီးရှင်းလင်းပါတယ် ကောင်းပါတယ် အဖြေတွေ့နေကြပါပြီး….. လူသတ် ခေါင်းဖြတ် ခြေလက်တွေပေါ် ဗုံးခွဲခဲ့တဲ့ သူသတ်ကောင်တွေ မင်းတို့ ဘယ်သူလဲ ဆိုတာ လူတိုင်းသိနေကြပါပြီး…. ပြေးလို့လည်း မလွတ်တော့ပါဘူး ကိုယ့်ကို ကိုယ်တိုင် သတ်သေရင်တောင် အပြစ်ကတော့ ကျေမှာမဟုတ်ဘူးနော် ….. Reply ဗိုလ်ယက္ခ March 29, 2012 ရောက်တဲ့အရပ်မှာစီးပွားရှာပြီး အကွဲအပြဲအထဲပါတာဒေါက်တာနိုင်အောင်ပါ။ မြောက်ပိုင်းပြီးတော့ ဒီဘက်ရောက်တော့လည်း အကွဲအပြဲအထဲပါတာနိုင်အောင်ပဲ။ အခုလည်းနိုင်ငံရေးလုပ်စား။ ဒီဘက်အခြေအနေမကောင်းတော့ အထဲပြန်ဝင်ပြီးလုပ်စားမယ့်အကောင်ပါ။ အဲ့ဒါကြောင့်များများစား မြန်မြန်သေပါမယ့်နိုင်အောင်။ Reply mankyi March 29, 2012 ရှုပ်ပါတယ်ကွာ ပြည်တွင်းဝင်လာတာနဲ့ လျှော့ပစ်လိုက် အဲ ဒီကောင်တွေကို ခုလည်း သိနေပြီပဲ ။ တရားရင်ဆိုင်တာစောင့်နေရင် မြန်မာပြည် တရားရုံးအကြောင်းလည်း သိသားနဲ့ ခွေးမသားတွေ လျွှတ်သွားအုံးမယ်။ အဲတော့ မလွတ်အောင် လုပ်နည်းက ပြည်တွင်းဝင်လာတာနဲ့ တွေ့တဲ့လူက ဦးအောင် သတ်လိုက်ဖို့ပဲ။ အဲဒါဆို နောက်တာဝန်ယူနေတဲ့ လူတွေလည်း လုပ်ရဲမှာ မဟုတ်တော့ဘူး။ အားလုံးရှင်းတယ်နော် ။ လူမိုက် စကားပြောတာတော့ မဟုတ်ဘူး ။ လိုအပ်ရင် တော့ လူမိုက်အလုပ်လုပ်ဖို့ ဒီလောကသားတိုင်းသိပါတယ်။ ခွေးရုးကို သတ်သလိုပေါ့ Reply Ko Baloi March 29, 2012 ကောင်းတယ်…အခုလိုပြန်လည်ဖြေရှင်းချက်ပေးထားတာတွေ။ ဘာပဲဖြစ်ဖြစ် အခုလိုအပြန်အလှန်ဖြေရှင်မှသာ အဖြေမှန်က ပေါ်လာမှာဖြစ်တယ်။ Reply မီးဖိုကြီး March 29, 2012 ကိုနိုင်အောင်ရဲ့အုပ်စု အာဏာဖြန့်ကျက်ပုံလေးတခုပါ။ မြောက်ပိုင်းသတ်ဖြတ်မှုအပြီး၊အေဘီ၂ခြမ်းကွဲကာလတွေမှာ၊အိန္ဒိယကိုလာပြီးABSDFအလံစိုက်ဘို့ကျိုးစားတယ်။ နယူးဒေလီကျောင်းသားအဖွဲ့တွေ့မြောက်ပိုင်းသတ်ဖြတ်မှုအနေအထားတွေကြားထားတော့အေဘီရဲ့ခွတ်ဒေါင်း အလံကျောင်းသားသွေးစွန်းနေလို့ကိုနိုင်အောင်စည်းရုံးမှုကိုအလိမ္မာနဲ့ငြင်းလိုက်တယ်။နောက်ဆုံးနယ်စပ်ဒုက္ခ သည်စခန်းမှာABSDFအလံစိုက်တယ်။မြောက်ပိုင်းကိစ္စ ရော၊တောင်ပိုင်းလုပ်ကြံလုပ်ကြံမှုနဲ့ဆက်နွယ်လှဌေးကို လွှတ်ပြီးဘင်္ဂလား၊အိန္ဒိယ၊မြန်မာနယ်စပ်တောမှာစခန်းဖွင့်ဘို့လုပ်တယ်။ပွဲဦးထွက်တောထဲအသွားရဲဘော် ၀င်းထွဋ်ဘယ်ကမှန်းမသိတဲ့နောက်ကျောကျီဆံထိပြီးကျသွားတယ်။ အနောက်ဘက်အေဘီတပ်ဦးလည်းအဲဒီကစပြီးဦးကျိုးခဲ့တယ်။ဒီကိစ္စတွေအခုထိသူတို့တတွေဖုံးဖိထားတယ်။ ကိုနိုင်အောင်တို့အာဏာတည်ဆောက်ရေးဟာအဲဒီကတည်းကဖရိုဖရဲပါ။တနေ့အရိုးတွန်လာမှာပါ။ Reply koko March 29, 2012 သို. ကိုမိုးသီးဇွန်။ အခုလိုတိတိကျကျရှင်းပေးတဲ့အတွက်ကျေးဇူးတင် ပါသည်။အခုမြောက်ပိုင်းလူသတ်မှူတွင်နိင်အောင်တို.၏ လက်ချက် 100% သေချာသွားပြီ။မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးအစားပေးစနစ်ပေါ့နော် Reply zaw March 29, 2012 naing ag & aung ng , you will get what you deserve. stand like a man not like a gay. Reply သာခွေး March 29, 2012 ဒီကိတ်စ၊ ခဏခေါက်ထားလို့ မ၇ဘူးလားကိုယ့်လူတို့ ။ေ၇ွးကောက်ပွဲကိတ်စဘယ်လိုလာမလဲအ၇င်စောင့်ကြည့် ကြ၇င်မကောင်းဘူးလား။ Reply CanadaMyanmarGroup March 31, 2012 ကိုသာခွေးရယ် ၊ တချိန် မှာ တစ်ခုပဲ လုပ်လို့ ရတာမျိုးမဟုတ်ပါဘူးဗျာ ရွေး ကောက်ပွဲလဲစောင့် ကြည့် နေကြပါတယ် ၊ မြောက်ပိုင်းကိ စ္စကသေရေးရှင်ရေးကစ္စပါ ၊ နာရေး ကိစ္စပါ၊ ဒီအိမ်မက်ဆိုး တွေကို ဘယ်အ၇ာကမှ မဖုန်းကွယ်နိုင်ပါဘူးဗျာနောက် ရွေ့ ဖို့ ထပ်မလုပ်ပါနှင့် တော့ ခုတောင် နှစ်၂၀ ကျော်ဆို တော့ အတော် အထောက်အထားတွေပြန်၇ှာနေကြရ ငြင်းခုံနေကြ၇တာလေ၊တော်ကြာ ဂျပိုးကလိပ်ဖြစ်သွားမှာ မစိုးရိပ်ဘူးလား.. http://www.CanadaMyanmar.com Reply Your comment is awaiting moderation. moenager March 30, 2012 ကျေးဇူးပါကိုမိုးသီး၊ အထောက်အထားနဲ့တင်ပြရှင်းလင်းပေးတဲ့အတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတာသိသာသွားပါပြီ။ Reply အိုးဝေအောင် March 30, 2012 ကိုမိုးသီးရဲ့ဖြေရှုင်းချက်ကို ကြိုဆိုပါတယ်။အမှန်တရားဟာ နောက်ကျမှ ရောက်လာတတ်တာ ဆိုပေမယ့် အခုကိုမိုးသီးရဲ့ ဖြေရှင်းချက်ဟာ နောက်မကျသေးဘူးလို့ ယူဆပါတယ်။မြောက်ပိုင်းက အရိုးတွန်သံများ မီဒီယာမှာ စတင်ကျယ်လောင်လာကတည်းက ကျနော်တို့ဟာ ကိုမိုးသီးရဲ့ဖြေရှင်းချက်ကို စောင့်မျှော်နေခဲ့တာပါ။ကိုမိုးသီး ဂျပန်တွေ့ဆုံပွဲ မသွားခင် ဖြေရှင်းစေချင်လို့ ကျနော့်ဖေ့စ်ဘွတ်ခ်မှာ ကိုမိုးသီးကို မေးခွန်းထုတ်ခဲ့ပါတယ်။((ဒက်စ်မွန်တူးတူးနဲ့တွေ့ခဲ့ဖူးတဲ့ ကိုမိုးသီးဟာ ဒက်စ်မွန်တူးတူး စကားကို နားမထောင်ဘူး)) လို့ ရေးပြီး သူ့ကို တက်(၈်)လုပ်ခဲ့ပါတယ်။နောက်တရက်မှာ ကိုမိုးသီးရဲ့ဖြေရှင်းစာ မရတဲ့အပြင် ကျနော့ကိုပါ သူ့ဖေ့စ်ဘွတ်ခ်ကနေ ဘလော့ခ် လုပ်ခဲ့တာ ယနေ့ထိပါပဲ။ယခုလို ကိုမိုးသီးရဲ့ အမှန်တရားဘက်ကနေ ရပ်တည် ဖြေရှုင်းပေးတာဟာ အဖိနှိပ်ခံ တရားလိုတွေဘက်က ရပ်တည်ပေးသလို ဖြစ်တာမို့ အားရှိပါတယ်။ဆက်လက်ပြီးလည်း မတရားမှုတခုမှာ ကြား(ဂျား)မနေဘဲ ဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည်ပေးပါ။ဆက်လက်ရပ်တည်ပေးလာမယ့် ကိုမိုးသီးရဲ့ဖြေရှင်းချက်နဲ့ရပ်တည်ချက်တွေကို ကြိုဆိုကြောင်း ထပ်လောင်းပြောဆို ကောင်းချီးပေးလိုက်ပါတယ်။ (အိုးဝေအောင်-မြောက်ပိုင်းလူသတ်မှု အမှုမှန် အမြန်ပေါ်စေလိုသူ။ခေတ္တ-အမေရိက) Reply Charlie March 30, 2012 Ko moe thee, I don’t like your ideas that much, But this time I will go with you justice for Whose so much sacrifice,so carry on. With respect. Reply Myathit Nge March 30, 2012 ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကို ဘေးဖယ်ထားနှိုင်မှ စစ်မှန်တဲ့ အမှန်တရားဆိုတာ ပေါ်ပေါက်လာမှာပါ။ မိုးသီးရေ ပြန်ပြောလိုက်ကွ၊ နိုင်အောင်ရေ ပြန်စော်လိုက်ကွနဲ့ ကြက်ဝိုင်းမှာ အားပေးသလို လျှောက်အော်မနေကြပါနဲ့။မိုးသီးဘက်က ရပ်တဲ့သူရပ်။ နိုင်အောင်ဘက်က ရပ်တဲ့သူရပ်ပြီး နိုင်ငံရေး စည်းဝိုင်းအလယ်မှာ သူတို့နှစ်ယောက်ကို ခွပ်ခိုင်းသလို ဖြစ်နေတယ်။ စဉ်းစဉ်းစားစားနဲ့ အမှုမှန်ပေါ်ပေါက်ရေးကိုဘဲ ဦးတည်သင့်တော့တဲ့အချိန်ဖြစ်နေပါပြီ။ Reply Name (required) March 30, 2012 အမြန်ဆုံး အမှန်တရား ပေါ်ပေါက်လာပါစေ။ Reply vv March 30, 2012 နိုင်အောင်က ကြာကူလီပါ ခင်ဥမ္မာကိုလည်း ကြာကူလီလုပ်ထားတာပါ။ကျောင်းသားအဖွဲ့ကိုလည်း သူပဲဖြိုခွဲခဲ့တာပါ။ဒီတော့ နိုင်အောင်နေတဲ့နေရာကိုလည်းသိနေပြီ သူလက်ရှိနေတဲ့နေရာကိုလည်း အားလုံးသိနေကြပြီ မဲဆောက်မှာနေတာပဲ ။ဖထီးမန်းရှာကိုလုပ်ကြံတာလည်း နိုင်အောင်ပါပဲ .သူကအရင်ကတည်းက ဖထီးမန်းရှာကိုမကြည်ခဲ့ဘူး။ ဖထီးမန်ရှာက ဖက်ဒရယ်မူကိုကြိုးစားမယ်ပြောတုန်းက နိုင်အောင်ဒေါ်သထွက်ခဲ့တယ်.သူကလက်မခံနိုင်ဘူး ဒါပေမယ့်ဖထီးက KNUကဖြစ်တော့သူပြန်ပြောလို့မရခဲ့ဘူး အဒီနောက်သူဖထီးကိုလုပ်ကြုံဖို့ ကြိုးစားတော့တာပါပဲ။သက်သေတွေထုပ်ပြဦးမယ်။ Reply သိကြားမင်း March 30, 2012 သိပ်ကောင်းပါတယ်။ လူသတ်မှုများကို အော့နှစ်လုံး နာနေပါပြီ။ သက်သေပြ စရာမလိုတော့ပေမဲ့ ဖော်ပြပေးပါ။ ကြိုဆိုပါတယ်။ Reply Nyunt Shwe March 30, 2012 မဟုတ်သေးဘူးရဲဘော်။ အဲလိုလုပ်ပေးလိုက်ရင် ဆုချသလိုတောင် ဖြစ်သွားဦးမယ်။ ခင်ဗျားတို့ကို ဒီကောင်တွေလဲ လူမိုက်တွေပါပဲကွာ၊ သိပ်မထူးကြပါဘူးလို့ပဲ အများထင်ကြလိမ့်မယ်။ သတ္တိရှိလို့ လုပ်ချင်သပဆိုရင် အခုနိုင်အောင်နေတဲ့အရပ်ကို သွားပါ။ သူသွားတဲ့ အခန်းအနားမှာ ဒါမှမဟုတ် လူတောသူတောမှာ ပထမ ပါးကို ခပ်ပြင်းပြင်း ရိုက်ပါ။ လဲအောင်ထိုးပါ၊ ပြီးတော့ ခေါင်းကို ဖိနပ်နဲ့တက်နင်းထားပါ၊ မကန်ပါနဲ့ ကန်ရင် မတော်ရင် သေနိုင်တယ်။ အဲလိုလုပ်တာကို တခြားမိတ်ဆွေကို တယ်လီဖုန်းကင်မရာနဲ့ဖြစ်ဖြစ် ဗီဒီယိုရိုက်ခိုင်းပြီး နက်ပေါ်သာတင်ပေးလိုက်ပေတော့၊ အော် မျက်နှာကို သတွေးနဲ့ထွေးဖို့လဲ မမေ့ပါနဲ့။ ဒါက လက်ငင်း လုပ်ချင်သပ လုပ်ရဲသပဆိုရင် လုပ်ရမဲ့ ဇာတ်ညွှန်းဖြစ်တယ်။ တကယ်လုပ်ရမှာက ပြည်တွင်းတင်မဟုတ်ဘူး၊ ပြည်ပက နိုင်ငံတကာခုံရုံးကို တင်နိုင်ဖို့ဖြစ်တယ်။ အဲဒါတွေဖြစ်အောင် ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခု ဖွဲ့ကြပါ။ ထင်သာမြင်သာ ပွင့်လင်းတဲ့ ရံပုံငွေအဖွဲ့လဲ ထောင်ကြပါ။ ဒီအလုပ်က ငွေကုန်ရမဲ့အလုပ်ဖြစ်တယ်။ Reply CanadaMyanmarGroup March 31, 2012 လစဉ်ပေါ့ ဗျာ တနေ့ တဒေါ်လာနှံးပဲဖြစ်ဖြစ်ပေါ့ ၊နာမည် မဖေါ်လိုသူတွေကိုလည်းလက်ခံနိုင်တဲ့ နယ်မြေအလိုက် နိုင်ငံအလိုက်အဆင့် ဆင့် စုစည်းထားတဲ့ အဖွဲ့ မဟုတ် တောင်ဖြစ်မြောက်ရေးသဘောမျိုးပေါ့ ဗျာ၊အရေးကြီးတာ ကအဲဒီကာယကံရှင်တွေကိုပဲဦးဆောင်မူ့ နေရာတွေမှာ ထားပေးကြပြီးအမူ့ မှန်ပေါ်ပေါက်ရေးလိုလား သူတေက ရှေ့ တန်းနောက်တန်းတွေဝန်းရံပေးသင့် ပါတယ်၊ အာဇာနီမလေး နန်းအောင်ထွေးကြည်တို့ ၊ သူရဲကောင်း ထိန်လင်းတို့ စတဲ့ သူတွေပြည်တွင်းထဲကမသေပဲ လွတ် လာသူတွေပါပေါ့ ဗျာ၊ ဒါမှာလည်းသူတို့ စိတ်ဒဏ် ရာတွေကို ကုစားပေး ရာ အားပေးရာ ရောက်မှာပေါ့  ဗျာ ကျပ်တို့ လည်းပဲ ဒီကနေဒါ ကနေ လူစု ငွေစု ပို့  ပေး ပါ့ မယ် တပ်နိုင်သလောက်ပေါ့ လူတိုင်းဟာ စာ ဖတ်ပရိသတ် ဘ၀ကနေ နောက်တဆင့် တက်ဖို့ လို လာကြပါပြီ Reply Your comment is awaiting moderation. Name (required) March 30, 2012 thanks Reply soe than March 30, 2012 Great job Ko Moe Thee. Reply Set Htun March 30, 2012 Ko Moe Thee, your smart in documentation ! In Dr. Naing Aung statment “I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.” Dr. Naing Aung and Ko Aung Htoo secondly took responsible the case though they did not participate for AB (North) Than Chaung, Myo Win, Ronal Aung Naing group’s crimes who primarily committed but a worse thing was Dr. Naing Aung used “the righteousness to execute 15 spies”. Please see စစ်ကြောရေးမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းမှုးတစ်ဦးဖြစ်သူကိုသိုက်ထွန်းဦးရဲ့ ဖွင့်ဟ၀န်ခံချက်ြ: “ကိုသိုက်က ဒေါက်တာနိုင်အောင်မှာ အပြစ်မရှိဘူးလို့ ပြောတယ်။ အဓိက အပြစ်ရှိတဲ့သူက ကိုရော်နယ်အောင်နိုင်(ခ)ဥက္ကဌလေးဖြစ်ပါတယ်လို့  ၀န်ခံပါတယ်။” http://phonekyaw.blogspot.com/2011/12/blog-post_31.html This case needs Int’l Criminal Council (ICC) judgment. Reply http://www.naytthit.net/?p=25912#comment-6522

Wednesday, March 28, 2012

ဒေါက်ချွန် နိုင်အောင် စဉ်းပြီးစားပါ ။ လူသတ်မှုက အစာမကျေဖြစ်ရင်

ဒေါက်ချွန် နိုင်အောင် စဉ်းပြီးမှ စားပါ ။ လူသတ်မှု အစာမကျေဖြစ်ရင် ။



 

စဉ်းစားစေခြင်တယ် ဒေါက်တာ နိုင်အောင် ( ABSDF ဥက္ကဌဟောင်း)

by Nang Aung Htwe Kyi on Wednesday, March 28, 2012 at 2:02pm ·
          ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေးရှင်းပြသုံးသပ်ပြီး အနူးအညွတ်တောင်းပန် အပ်ပါသည် ဆိုတာကိုဖတ်မိပြီး ရသမျိုးစုံ ခံစားလိုက်ရပါတယ်။

            ဟာသရသတပုဒ်ဖတ်လိုက်ရသလို အော်ဟစ်ပြီးရီလိုက်ရမှာလား ၊ ဒေါသဘဲထွက် လိုက်ရမှာလား ၊ ဒါမှမဟုတ် ကျေးဇူးရှင် ကြီးရှင့် ဆိုပြီးထိုင်ကန်တော့လိုက်ရမှာလား .. တပြိုင်နက် ခံစားမှု့ပေးနိုင်တဲ့ ဖြေရျင်းချက်ပါဘဲ ။

            တော်ပါပေတယ် ဒေါက်တာနိုင်အောင်ရယ် ၊ ဘယ်အချက်ကနေ စပြီးပြောရရင်ကောင်းမလဲ ။ နှစ်ပေါင်း ၂၀ ဆိုတော့ပြောစရာ   တွေ မေးစရာတွေများလှပေါ့ ။ " ဖမ်းဆီးစစ်ဆေးခံရမှု့များ၌ လူသားဆန်မှု့ ကင်းမဲ့စေသည့်လူ့အခွင့်အရေး ချိုးဖေါက်မှု့များရှိမရှိ " ဆို   တဲ့အချက်ကို စပြီး မေးခြင်ပါတယ် ။

(၁)  ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ ဦးကို ရက်စက်စွာခေါင်းဖြတ်သတ်တယ် ။ မခင်ချိုဦးကို မသတ် ခင်အဝတ်အစားချွတ်ပြစ်ပြီးမှ သတ်တာဖြစ်တယ် ။

(၂)  အသတ်မခံရဘဲ ကျန်ရှိနေတဲ့ ကျောင်းသား တွေမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ ကျမ ကိုယ်တိုင်        လက်ကို ဒါးနဲ့ လှီးတဲ့ဒဏ်ရာ ၊ နှစ် ၂၀ ဆိုပေမဲ့ကျန် ရှိ နေပါသေးတယ် ။
         ( အဖမ်းမခံရတဲ့ မျက်မြင်သက်သေ တွေနဲ့  အဲ့ဒီ ၂ ချက် လေးနဲ့တင် လူ့အခွင့်အရေး ချိုးဖေါက် မှု့ အထမြောက်မမြောက် )        အကုန်ရေးပြနေရင် ပြီးနိုင်မှာမဟုတ်လို့ပါ ။

              လွန်ခဲ့တဲ့ ၂၀ နှစ်က ABSDF-NB တာဝန်ရှိခေါင်းဆောင်ပိုင်းမှ ကျောင်းသား ၈၀၀ မှာထောက်လှမ်းရေး ၈၀ ဖမ်း ခဲ့ပြီး ၁၅ ဦး ကိုသတ်ခဲ့တယ်လို့ ယိုးဒယားသတင်းထောက် ယင်ဒီး ကို ပြောခဲ့ပါတယ် ။ ထိုအချိန်က ကျောင်းသားအင်အား ၄၀၀ ပတ်ဝန်းကျင်သာရှိခဲ့      တယ် ။
              သိသလောက် ပြောရရင် စုစုပေါင်း ရက်ရက်စက်စက် ခုတ်သတ်တာ ၁၈ ဦး ။
              လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ ၁၄ ဦး ။
              မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ ၂ ဦး ။
              စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း ၄ ဦး ။
              မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ ၇ ဦး ။
              ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ ၅၅ ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ ၁ ဦး သေခဲ့တယ် ။
              ဆိုတော့စုစုပေါင်း ဖမ်းတာ ၁၀၀ ဦး ရှိတယ် ။

  ( လိုအပ်တဲ့ စာရင်းရှိရင် message မှာထားခဲ့ပါ ၊ ဒီစာရင်းဟာ ဒီအမှု့ တခုထဲရဲ့ စာရင်း ပါ ၊ မြတ်ကိုကို တို့ လွှမ်းမိုးတို့မပါသေးပါ ။ )            
               ကမ္ဘာ ကိုပထမ ဆုံး တင်ပြခဲ့တဲ့ Nation သတင်းစာမှာ ၁၅ ဦး ဘဲ သေဆုံးစာရင်း ပါတော့ ကျန်တဲ့ စစ်မှန်တဲ့ ကျောင်းသားသ    မိုင်း ရိုက်ချိုး အသတ်ခံခဲ့ရတဲ့ ၁၈ ဦး က စာရင်းပျောက် အင်းပျောက် အလုပ်ခံ လိုက်ရပါလား ။ ဆိုတော့ ဒီလို လိမ်ညာပြီး လိုတိုး ပိုလျှော့    မမှန်ကန်တဲ့ သေဆုံးစာရင်း တွေ ဖမ်းဆီးတဲ့ စာရင်းလိမ် တွေကိုကော ဘယ်လိုကုလားဖန်ထိုး ဆင်ခြေပေးကြမလဲ ။ မြောက်ပိုင်း ကိစ္စသတ် ဖြတ်မှုတွေကို  ထောက်ခံတာဝန်  ယူ လက်မှတ်ထိုး ခဲ့တဲ့ ABSDF ဥက္ကဌ ဟောင်း မို့လို့မေးလိုက်တာပါ ။

              ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက်မှာ  " ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင်ထွေးကြည်ကို ပြန်လွှတ်   ပေးခဲ့ပြီး ၄င်းနှင့်အတူ တပါတည်းထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုနှင့် ညှိနှိုင်းခဲ့ပါသည် " ဆိုတဲ့အချက်မှာ ..

              ကိုနိုင်အောင်ရေ ..  အသားလွတ်ကြီး မျက်နှာပြောင်တိုက်ပြီး လူစွမ်းကောင်း လုပ်လိုက်ပြန်ပြီလားနော် ။ အံ့ပါရဲ့ ။ ကျေးဇူး
တင်ပါတယ်ရှင့် ဆိုပြီးထိုင် ကန်တော့တာ ခံခြင်တယ်ထင်တယ် ။ ဟုတ်လား ။ ကျမအမေက ရော်နယ်အောင်နိုင် ရှေ့မှာ ဒူးထောက်ထိုင်
ချပြီး တောင်းပန်ခဲ့ လိုက်ရတယ် ။ အားလုံး သိအောင် ပြောပြမယ်နော် ။

              (၁)  ၁၂ . ၂ . ၁၉၉၂  မှာ ၁၅ ဦး ကို ရက်စက်စွာ ခေါင်း ဖြတ်သတ်တယ် ။

              (၂)  ၁၃ . ၂ . ၁၉၉၂  မှာ NATION  သတင်းထောက် ယင်ဒီး နဲ့ ကျမအပါအဝင် ၅ ဦး ကိုတွေ့ခိုင်းတယ် ။

              (၃)  ၁၉ . ၂ . ၁၉၉၂  မှာ မျိုးဝင်း ကမိဘတွေဆီ စာရေးခိုင်းလို့ ကိုမောင်မောင်မှတဆင့်  ကျမတို့ (ရ) ဦး စာရေး ခဲ့ကြရတယ် ။

              (၄)  ၁၉ . ၃ . ၁၉၉၂  မှာ မိဘ (ရ) ဦးအဖွဲ့ရောက် လာတယ် ။

              (၅)  ၂၀ . ၃ . ၁၉၉၂  မှာ အမေ နဲ့တွေ့ခွင့် ရခဲ့တယ် ။ ဒါပေမဲ့ မိဘနဲ့ပြန်ထည့်ပေးမဲ့ ဂတိဖျက်တယ် ။ ကျမအမေက
                    ရော်နယ် အောင်နိုင်ကို ဒူးထောက်တောင်းပန် ၊ အမေတွေအားလုံးလဲ ပြောဆို တောင်းပန် ကြတော့မှ ....

              (၆)  ၂၄ . ၃. ၁၉၉၂  မှာ ကျမတို့ (ရ) ဦး ABSDF-NB ငရဲထောင် မှ လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ် ။

              ကျမတို့ (ရ)ဦး ထောင်ကလွတ် တဲ့အချိန် မှာ ABSDF-NB ထောင်တွင်းမှာ ကျောင်းသား (၅၅) ဦးကတော့ သံခြေကွင်းတွေနဲ့ သံကွင်း  စွတ်မင်းသားများအဖြစ်နဲ့ ဆက်လက့် အကျဉ်းကျခံနေရစဲပါ ။

              ကိုနိုင်အောင် နဲ့ပီထွန်းနဲ့ ABSDF-NB ကိုရောက်တာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ဆိုတော့ အသလွတ် နာမည်ကောင်း  လက်မှတ် အတင်းဝင်ယူ နေပုံက ရီစရာကောင်း နေရောနော် ။ကျမတို့ရဲ့ မိဘတွေ ကိုသနားပါဦးလေ ကိုနိုင်အောင်ရေ ။

             မတရားသဖြင့် ခံထားခဲ့ရတာ နှစ် ၂၀ ကျော်ရှိခဲ့ပါပြီ ။ ကိုယ်ချင်းစာနာစိတ်လေးများ ရှိပေးပါ ။

           ပီထွန်းနဲ.ကျမနဲ.တွေ.တဲ့အချိန်မှာ ကျမထောင်ကလွတ်ပြီး ကျောင်းသား ရဲမေပြန်ဖြစ်နေပြီ ။ ကျမမှတ်မိတာပေါ့။ ကိုနိုင်အောင်က ကျမကို မေးမြန်းတယ်ဆိုတာ ဘာများမေးမြန်းလိုက်လို.လဲ၊ မြင်သာမြင်လိုက်တာပါ ။ ကျမစကားတစ်လုံးတောင် မပြောလိုက်ပါဘူး။ ပီထွန်းနဲ.သာ ရှမ်းဘာသာစကားနဲ. ပြောသင့်ပြောထိုက်တာ ပြောပြီး ကျမအဆောင်ကို ပြန်သွားခဲ့တာပါ။ အော် ပီ ဆိုတာ ရှမ်းလိုခေါ်လိုက်တာ ဗမာလို ဘာသာပြန်ရင် အကိုလို.ခေါ်ပါတယ်။ ကိုနိုင်အောင်တို. နားလည်အောင်လို.ပါ။

“ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ၊ အမှန်တကယ် သူလျှိုဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ ကျမတို.အားလုံးရဲ. ဒေါသတွေကို ကိုနိုင်အောင်လိုက်ထိုးဆွနေတာလား။ အယေါက် ၁၀၀ ဟာ ကျောင်းသားတွေပါဆိုတာကို  လက်မခံပဲ မျက်စေ့မှိတ်၊ နားပိတ်ပြီး ဇွတ်ပြောနေကြတုန်းလား။

မတရားနှိပ်စက်ကြတာ၊ မခံမရပ်နိုင်အောင် နှိပ်စက်ကြတာ။ ကိုနိုင်အောင်ကို ကျမခံခဲ့ ရသလို Electric Shock ၂ လုံး မပေးဘူးလေ ။တစ်လုံးပဲပေးမယ်။ ဘယ်လိုလဲ ကိုနိုင်အောင် (၇) လမဟုတ်ဘူး ။ တစ်ညပဲ။

ကျမလိုချင်တဲ့ အဖြေကို ရအောင်တောင်းပြမယ်။ ကိုနိုင်အောင် ကျမတို. အယေါက် ၁၀၀ ခံစားခဲ့ရသလို ခံစားခဲ့ဘူးလား။ စဉ်းစားကြည့်ပါ ။

 ကျမတို့ကို နှိပ်စက်ပုံက သူတို့လိုချင်တဲ့ အဖြေရရင်ရ မရရင်ကြွ ။ အဖြူရောင်ပြပြီး ဟေ့ကေါင်ဖြေစမ်း ဒါအမဲလို.၊ အမဲလို. မပြောမချင်း ကျမတို့ကို shock ရိုက် နှိပ်စက်၊ အမဲလို. မဖြေလဲရတယ်။ မဖြေနဲ.။ သေလိုက်။ အတည်ပြောနေတာ။ သဘောပေါက်တယ်နော် ။
အမဲပါလို. မပြောပဲ သေသွားတဲ့သူတွေရှိတယ်။ မဲလိုက်ဖြူလိုက် ပြောပြီးသေသွားတဲ့သူတွေရှိတယ်။

စစ်ချက်တွေနဲ့ ရိုက်ထားတဲ့ ဗွီဒီယို အခွေ ဖြန်.ချီလိုက်ပါ ကိုနိုင်အောင်။ မြောက်ပိုင်းအနှစ်နှစ်ဆယ် အထိမ်းအမှတ်မှာ ပြောခဲ့ပြီပဲ၊ စစ်ချက်နဲ. ဗွီဒီယို ချပြပါလို့ ။ ကျမတို. အယေါက် ၁၀၀ ဆီက ယူထားတဲ့ တစ်ယေါက်ကို တစ်ယေါက် နင်ထောက်လှမ်းရေး။ သူလဲထောက်လှမ်းရေးဆိုပြီး စွဲဆိုထားခဲ့ရတဲ့ စစ်ချက်တွေ။

စကားပြောစက်က သူ.ဆီမှာ၊ အဆိပ်က ဟိုလူ.ဆီမှာ ဆိုတဲ့ စစ်ချက်တွေ၊ ဗွီဒိယိုတွေ ကိုနိုင်အောင်တို. ဖျက်ဆီးဖျောက်ဖျက်လိုက်ပြီလား၊ မဖျက်ဆီးပြစ် သေးဘူးဆိုရင် တတိုင်းပြည်လုံးသိအောင်ပါ။

အဖြူကို အမဲဖြစ်အောင်။ အမဲပါလို. မပြောပြောအောင် နှိပ်စက်ညှင်းပန်းပြီး ရထားတဲ့ ထွက်ချက်တွေကို ခိုင်လုံတဲ့အထေါက်အထားတွေပါဆို၇င် အခုချက်ချင်းချပြပါ။

တချို.စစ်ချက်ဆိုရင် စစ်ချက်အပေါ်မှာ သွေးတွေနဲ.နော် ကိုနိုင်အောင်၊ သွေးစက်တွေ ပေနေတဲ့ စစ်ချက်ကို ချပြလိုက်ပါ။ တောင်ပိုင်းမှာ ဒီစစ်ချက်တွေနဲ. ဗွီဒီယိုအခွေ မရှိဘူး မပြောပါနဲ.။ယုံကြည်ဖို့ ခက်တယ် ။

ကျမတို.အယောက် ၁၀၀ လုံး တစ်ယေါက်ကို တစ်ယေါက် ကျနော်/ကျမတို.ရဲ. ထောက်လှမ်းရေး ကွင်းဆက်တွေဟာ သူတို.ပါ …. ဟုတ်ပါတယ် ….. သူလဲပါပါတယ် …. သူကတော့ဖြင့် ဗိုလ်ကြီးပါ။ ဗိုလ်မှူးပါ။ ဒုဗိုလ်ပါလို. ဖြေထားခဲ့ရတဲ့ အယေါက် ၁၀၀ ရဲ. စစ်ချက်တွေ၊

ကျမရဲ.ထွက်ချက်ဖြစ်တဲ့ ရေလှိုင်းစစ်ဆင်ရေးတို. ငါးနှစ်စီမံကိန်းတို. ချပြလိုက်ပါ၊ ကျမရဲ. NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်တို. ဘာတို. အကုန်အစင် တစ်ခုမကျန် ချပြပါ၊

အစဦးဆုံး အဖမ်းခံရတဲ့ စိုးမင်းအောင်ရဲ. ထွက်ချက်။ သူကနေ စတာ။ သူ.ထွက်ချက် မရှိဘူး မငြင်းနဲ. မဖျောက်ဖျက်ပစ်လိုက်ပါနဲ. ။

အခုထက်ထိလဲ ထောက်လှမ်းရေး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေတဲ့ ဟုတ်လား။ တော်ပါတော့ ဘာတစ်ခုမှ ဖြစ်သည် ဖြစ်စေမဟုတ်ဘူး။
ကျမနဲ.တကွ အယေါက်၁၀၀ ကျန်ခဲ့တဲ့သူတွေနဲ. အသတ်ခံခဲ့ရတဲ့ သူတွေရောဟာ လုံးဝစစ်မှန်တဲ့ ကျောင်းသားစစ်စစ်တွေဆိုတာ ပြောခဲ့ပြီးပါပြီ ။ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမြအေးတို့ ပြတ်သားစွာရပ်တည်ပေးခဲ့ပြီ ။

ကိုနိုင်အောင်နဲ. ကိုရော်နယ်အောင်နိုင် မှန်မှန်ပြောကြတော့။ ရှင်တို.ဖက်က ရရှိထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေဆိုတာတွေနဲ့ ကျမတို့ ကျန်ရှိနေသူများနဲ့ ဖြေရှင်းပါတော့ ။

ကိုနိုင်အောင်နဲ့ ရော်နယ်အောင်နိုင်တို့ကို မေးပါရစေ။

(က) ကျမတို.ကို မတရားဖမ်းဆီး စွပ်စွဲပြီး မခံမရပ်နိုင်လောက်တဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ. ညှင်းပန်းပြီး ဘာလို့ အတင်းဝန်ခံခိုင်းရတာလဲ။

(ခ) ဘာလို. မင်းတို.ကွင်းဆက်တွေ ဖေါ်စမ်းဆိုပြီး လိုင်းတင်တဲ့ မေးခွန်းတွေ၊ နာမည်တွေကို ဖေါ်ပြောပြီး မေးရတာလဲ။

(ဂ) ကိုနိုင်အောင် (DNA) အနေနဲ. ဘာမှတိတိကျကျ မသိပဲ ဘာလို.ဒီလူသတ်မှုကို တာဝန်ယူတယ်ဆိုတဲ့ စာကိုလက်မှတ်ထိုးပြီး ထုတ်ပြန်ကြေငြာရတာလဲ။

(ဃ) ဒီလောက်အများကြီး မဟုတ်တာတွေပါ ပါတယ်ဆိုတော့ ဒါတွေကို သိနေရဲ.သားနဲ. ဘာလို. အဖြစ်မှန် အမှုမှန်ကိုဖုံးကွယ်ထားပြီး ခေါင်းရှောင်နေတာလဲ။

(င) မဟုတ်တာပါနေတယ်လို. သိရင်ကိုနိုင်အောင်ကိုယ်တိုင်ရော ဘာဖြစ်လို. ကိုသိန်းထွန်းတို.ကို နှိပ်စက်သွားရတာလဲ။

မေးခွန်းတွေ အများကြီးရှိနေသေးတယ်။ ရှင်းနေတာတွေကို ရှုပ်အောင်လုပ်ဖို. မကြိုးစားနဲ.တော့။ အချိန်ဆွဲဖို.လဲ မကြိုးစားနဲ.တော့။

ကျမရဲ.နာမည်ကျော် ထွက်ချက်လဲ တင်ပြအုံး။ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ။ အဲဒါဘယ်လိုရသလဲ ဆိုတာသိချင်ရင် ပြောပြမယ်။ ကျမကို လက်ဝါးကပ်တိုင်မှာကားစင်တင် ကြိုးတုပ်ပြီး နှိပ်စက်တော့ ဒီစစ်ချက်ကို ကျမသံချောင်းကို ၀တ္ထုတိုတစ်ပုဒ် ရေးပေးလိုက်တာ၊ ၅ နှစ် စီမံကိန်းဆိုတာ သိချင်ရင်တော့ လက်ရှိ ABSDF ဥက္ကဌ သံခဲမိန်းမ ခင်ရွှေလှိုင် အသိဆုံးပဲ။

အဲဒါသူလုပ်ခဲ့တဲ့ ဇတ်လမ်း၊ ကျမက သူ.ကိုအကာအကွယ်ပေးပြီး အသားအနာခံ ကာကွယ်ပေးခဲ့ပြီး ရခဲ့တဲ့ဇတ်လမ်း၊ ဟုတ်ပြီလား။

ကိုနိုင်အောင်ကို ကျမက မိုးသီးဇွန်ထက် အင်အား တောင့်ချင်လို. မြောက်ပိုင်းအဖွဲ. ရှင့်လက်အောက်ရောက်လာအောင် မြောက်ပိုင်းနဲ. မြောက်ပိုင်းလူသတ်မှုကြိးကို တာဝန်ယူလိုက်တာလို. ကျမကတော့ သုံးသပ်လိုက်တယ်။ အာဏာတွေ ပါဝါတွေ ရူးကြတယ်လား။
ကိုယ့်အာဏာအတွက် ကိုယ့်ကျောင်းသားအချင်းချင်း သတ်တာကို လက်မှတ်ထိုးတယ်တဲ့လား။

တော်ပြီ ဆက်ရေးနေလို. အရှည်ကြီး အများကြီးဖြစ်တော့မယ်။
အချိန်မဆွဲဖို့ ကျမက မြောက်ပိုင်းအယေါက် ၁၀၀ ကိုယ်စား လေးစားစွာနဲ.တောင်းဆိုပါတယ်။

ကျမတို. အယေါက် ၁၀၀ ရဲ. ထွက်ချက်တွေ။ စစ်ချက်တွေ၊ ဗွီဒီယိုကို တပြိုင်ထဲနဲ. ပြည့်ပြည့်စုံစုံ တင်ပြ၊ ပေးပို.ပေးပါ။ ဖြည့်စွက်တာတွေ၊ ဖျောက်ဖျက်တာတွေ လုံးဝမလုပ်ပါနဲ.၊ မရှိတော့ဘူး တချို.ပဲ ရှိပါတော့တယ်ဆိုပြီး ကွင်းဆက်ပြတ်အောင် မလုပ်စေခြင်ပါ ။

"ကိုနိုင်အောင် အနေဖြင့် ABSDF-NB အတွင်း ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖို့ အ

မိန့် ပေးခဲ့သည်ဖြစ်စေ ၊ မပေးသည် ဖြစ်စေ ။ သေဆုံးခဲ့သူများနှင့် နစ်နာခဲ့ရသူများ စစ်မှန်သော သမိုင်း ချေမွှဖျက်ဆီးခြင်း ခံစားရသူများ

အတွက် ကိုယ်ချင်းစာမှု တကယ်ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ။ ကိုယ်ချင်းစာမှု အခြေခံဖြင့် လေးနက်စွာတောင်းပန်အပ်ပါသည် ဆိုသော

အချက်နှင့် မိမိဆောင် ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည် ဟူသောအချက်ကို ကြိုဆိုပါသည် ဟုပြောကြားရင်း  ...

             လေးစားစွာဖြင့်                                                                                                                                                
         နန်းအောင်ထွေးကြည် ။                                                                                                                                   ABSDF-NB ရဲမေဟောင်း


· · Share

  • 56 shares
    • May Myo တော်တော်လည်း မျက်နှာပြောင်တိုက် သွေးရူး သွေးတန်းလျှောက်ရေး နိုင်ခဲ့ တဲ
့နိုင်အောင်ပဲ။ အစ်မ နန်းအောင်ထွေးကြည် အခုလို ထင်သာမြင်သာရေးပြလိုက်တာဟာ ကျဆုံး အသက်စွန့် သွားတဲ့ သူတွေ ကို တစုံ တရာ ကူညီရာရောက်ပါတယ် အစ်မ။ အမှန်တရား ကိုဘယ်သော အခါမှ ဖုံးကွယ်လို့ မရ နိုင်ဘူး ဆိုတာ နိုင်အောင်ရော အောင်နိုင် ရော သိလိမ့် မယ်လို့ ထင်ပါတယ်။ လူ မှန်ရင် သိမှာပါ။
    • Aung Ko Ko ဒီဇာတ်လမ်းကိုစကတည်းကဖတ်နေပါတယ်။အခုမနန်းရဲ့ စာကိုဖတ်ကြည့်ပြီးတော့ နက်နက်နဲနဲစဉ်းစားမိပြီး လူမဆန်တဲ့ခွေးကောင်တွေကို ဒေါသထွက်ရပါတယ်၊ ဆို့ နင့်ကြေကွဲရပါတယ်။
    • Moe Sal
      အော်..ရေလှိုင်းစစ်ဆင်ရေးက မငယ် ဆွဲတာကိုး..မြောက်ပိုင်းရဲ့ စစ်ချက်တွေ ကို အဖမ်းမခံရခင် ဖတ်ခဲ့ရတဲ့ တောင်ပိုင်းက ကိုနေ၀င်းအောင်လဲ ဘာစစ်ဆင်ရေးလဲ အမည်ပေးဖို့ လွယ်သွားပါလေတယ် ကိုယ်ပိုင်နံပါတ်တွေ ဌါနချုပ်တွေ ဆိုက်ဖာတွေ သက်သေတွေ အတိအကျရှိတယ်ဆိုရင်ေ...See More
    • Kyaw Hlaing Oo အစ်မရေ အမှန်တရားက မကြာခင် ပေါ်လာတော့မှာပါ။ အခုမှပိုပြီး ဇာတ်လမ်းက ပိုပြည့်စုံလာပါတယ်။ ဒါနဲ့ KIA ဗိုလ်ချုပ်ဇော်မိုင်တို့နဲ့ အစ်မ ဘယ်လိုတွေ့ဖြစ်တာလဲ။ သူတို့က အစ်မကို စစ်သေးတယ်လို့ ကျွန်တော် ဖတ်ဖူးလို့ပါ။
    • Nang Saw မမငယ် ပီထွန်း ကို မမငယ် ဦး လေး တဲ့။သူသိလည်းမသိ ဘဲ နဲ့ အသက် ကွာ တာနဲ့ မှန်းပြိးရွှီးတာ။
    • Sein Soe တခြားတခြားသော အသက်ရှင်နေသေးသူများလည်း အခုလိုမျိုးထပ်ရေး ကြပါအုန်း။ ပိုပြီးပြည့်စုံသွားအောင်လို့
    • Htein Lin အားလုံးသိအောင်ချမပြဘဲနဲ့ သူ့တို့ မှာအထောက်အထားစာရွက်စာတန်းတွေရှိတယ်ချည်းပြောနေတယ်။ကျွန်တော်တို့ မျာလည်း အထောက်အထားတွေ အများအပြားရှိပါတယ်။တခုပဲကွာခြားတာက သူတို့အထောက်အထားဆိုတာက စာရွက်စာတန်းပေါ်က ရေးသားချက်တွေဖြစ်ပြီး ကျွန်တော်တို့ အထောက်အထားတွေကတော့ ကျွန်တော်တို့ ကိုယ်ပေါ်က အရေပြားတွေပေါ်မှာပါပဲ။ကိုနိုင်အောင်ကြည့်ချင်ရင် ပြဘို့အသင့်ပါပဲ။
    • Nang Aung Htwe Kyi ကျန်ရှိနေသေးတဲ့ ဒို့တတွေ အားလုံး ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မူ့ခံစားခဲ့ရတဲ့ သားကောင်များ အဖြစ်သက်သေခံတွေပေါ့ကွာ
    • Kyaw Mgmgsoe အပြစ်ရှိသူသည် အပြစ်ဒဏ်မခံစားရသ၍ အပြစ်မှကင်းလွတ်ခြင်းကိုမရနှိုင်
    • Aung San Myint သူတို့ကောင်းစွာအိပ်ပျော်နိုင်မည်
      ဒီနေ့ထိမထင်ပါ။
    • Yamoun Nar မြောက်ပိုင်း ဗွီဒီယိုအခွေဟာ ဒီဗွီဒီမှာ လုပ်သွားတဲ့ အန်တီပြုံး (ဦးခင်းမောင်ကြွယ် ဇနီး) ဘန်ကောက်မှာ ရှိစဉ် သူတို့အိမ် သွားလည်တုန်း အဲဒီအခွေ ရှိတယ် ကြည့်မလားတဲ့ စိတ်အချဉ်ပေါက်နေတာနဲ့ပဲ မကြည့်ချင်ဘူးလို့ ပြောလိုက်တယ်
    • Aye Aye Soe Win အန်တီပြုံး Daw Pyone is a wicked woman who supports DNA and his acts all in the past..She still does..She has no conscience..Don't mention her name..please
    • Maungmaung Skw
      နိုင်အောင်ဟာ ဒီလိုမတော်တရော်
      ကချွတ်ကချော် အရေမရ အဖတ်မရ စါ
      ကိုရေးဖို့အတွက် အချိန် သုံးလလောက်
      ယူခဲ့ရပါတယ်။မအားမလပ်တဲ့သူက အဲ့ဒီ
      ထဲမှာစာထုတ်ပြန်ပြီးတဲ့နောက် ဒီကိစ္စနဲ့
      ...See More
    • Htun Aung Gyaw
      မိတ်ဆွေတချို့ကအင်္ဂလိပ်လိုရေးတာကိုဗမာလိုပါရေးပါလို့တိုက်တွန်းလို့ဗမာလိုပြန်ရေးပေးလိုက်ပါတယ်၊
      နန်းအောင်ထွေးကြည်ရေးတာအလွန်ထိရောက်ပါတယ်၊ကျွန်တော်ယုံကြည်တာကအမှန်တရားဟာအနှေးနဲ့ အမြန်တနေ့နေ့မှာပေါ်လာမှာဘဲ၊ နန်းအောင်ထွေးကြည်ရဲ့ ၊ ရဲရဲတောက်စိတ်ဓါတ်ကိုအလေးပြုလိုက်ပါတယ်၊ တဆက်တည်းမှာဘဲ ABSDF ကိုကာကွယ်ကြလို့ပြောနေတဲ့သူတွေကိုစိမ်ခေါ်ချင်တာက၊ သူတို့ဟာတကယ် ဘဲABSDF ကိုကာကွယ်ချင်တာလား၊ သူတိှု့ဆရာနိုင်အောင်ကိုကာကွယ်ချင်တာလားဆိုတာဘဲဖြစ်ပါတယ်။ ဒီလိုရက်ရက်စက်စက် သတ်ဖြတ်မှုတွေအတွက်ဘယ်လိုအကြောင်းပြချက်ကမှဖုံးကွယ်ခြေဖျက် လို့မရနိုင်ပါ ဘူး။ ဥပမာ နအဖ ကတွင်တွင်သုံးနေတဲ့" ပြည်သူ"ဆိုတဲ့စကားဟာဘာကိုရည်ညွှန်း သလဲဆိုရင်သူတို့ ခေါင်း ဆောင်းတွေကိုရည်ညွှန်းနေတာဘဲဖြစ်တယ်၊ စစ်အာဏာရှင်လက်ထက်မှာ " ပြည်သူ" "တိုင်းပြည်"ဆို တဲ့စကားတွေဟာပကတိတိုင်းပြည်နဲ့ပြည်သူတွေကိုပြောနေတာမဟုတ်ဘူး။ ပြည်သူ့လုံခြုံရေးအတွက်ထိမ်းသိမ်းထားရပါတယ်ဆိုရင်၊ အဖြစ်မှန်ကစစ်ခေါင်းဆောင်ကြီး များလုံခြုံရေး အတွက်လို့မှတ်ယူရမှာဖြစ်ပါတယ်၊ ဒီလိုဘဲတိုင်းပြည်လုံခြုံအတွက်ဆိုရင်လဲ သူတို့လုံခြုံရေးကိုဘဲ ဆိုလိုတာ ဖြစ်တယ်။ ဒါကြောင့်အခုမြောက်ပိုင်းကိစ္စမှာလဲABSDF ဂုဏ်သိက္ခာကိုထိခိုက်မှာစိုးလို့ဒီကိစ္စကိုမလုပ်သင့်ပါ ဘူးလို့ပြောနေတဲ့သူတွေဟာတကယ့်ABSDF ဂုဏ်ကိုကာကွယ်ချင်တာလား သူတို့နဲ့ကျေးဇူးခံကျေးဇူးစားရှိတဲ့ နိုင်အောင်ကိုကာချင်တာလားမေးရတော့မှာဖြစ်တယ်။
      ထွန်းအောင်ကျော်
      ABSDF ဥက္ကဌဟောင်း
    • Phonemo Mo
      မတရားစွပ်စွဲနှိပ်စက်ခံရပီးသေဆုံးခဲ့ကြရ၊ အသတ်ခံခဲ့ကြရတဲ့ကျောင်းသားများရဲ့ အမှူမှန်ပေါ်ရေးကယခုသက်ရှိထင်ရှားကိုယ်တိုင်ခံခဲ့ရသူ များမှာတာဝန်ရှိတယ် လို့မြင်ပါတယ်ညီမရေ။ ကာယကံရှင်များကိုယ်တိုင်မှတရားဥပဒေအရမလုပ်ဆောင်လျှင်၊ ဘေးလူများမှာဘာမှမကူညီနိုင်ပါ။ အချိန်မဆွဲကြပဲဥပဒေနှင့်ဆောင်ရွှက်ကြရန်၊ ထပ်မံတိုက်တွန်းလိုပါသည်။ မြောက်ပိုင်းပြန်ကျောင်းသားအားလုံးကိုလဲ ကိုယ်တိုင်လူမဆန်စွာနှိပ်စက်ခံခဲ့ရသည်များကိုသေဆုံးခဲ့ရတဲ့၊့ ကျောင်းသားများအတွက်မည်သူ့မျက်နှာမှမထောက်ပဲ ရန်သူ၏လက်ဦးမူကို ဒုတိယအကြိမ်မခံရအောင်အမြန်ဆုံးဆောင်ရွှက်ကြပါလို့-----။ ကျူးလွန်ခဲ့သူများကတော့ ဘယ်တော့မှတောင်းပန်လိမ့်မည်မဟုတ်ဟု မြင်ပါတယ်။

ကိုစိုးလင်း ရေးလာတယ် ။

Monday, March 26, 2012 at 6:03pm ·

                                                  မနေ့ က ( 25.3.2012)  နေ့စွဲနဲ့  ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက် စာတမ်းကို အင်တာနက်ပေါ်မှာ ဖတ်လိုက်ရပါတယ် ။ အလွန့် အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ် ။ပြန်ရေးစရာတွေက အများကြီးပါ ။ လောလောဆယ် အမျိုးသမီးကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပြသ ကုသဖို့ ရှိနေတာကြောင့် အကျယ် တ၀င့် ပြန်မရေးနိုင်သေးပါ။တတိယ အကြိမ် ညီလာခံမှာ ကျွန်တော် ကြားခဲ့ သိခဲ့ ရသမျှတွေကို အချိန်ရရင် ပြန်ရေးသွားမှာ ပါ။ အဒီအချိန်မှာ ကျွန်တော်က မြောက်ပိုင်းကရောက်လာခါစဖြစ်လို့  ဗဟိုမှာ ဖြစ်နေတဲ့ တချို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး  ( ကိုယ်သေချာမသိပဲ ၀င်မပါမိအောင် ) ကြိုးစားနေထိုင်ပြောဆိုခဲ့ ပါတယ် ။                                              ကျွန်တော့်ကို တတိယအကြိမ်ညီလာခံအပြီး သိပ်မကြာခင် ( အောက်တိုဘာလကုန်လောက် )မှာ တပ်ရင်း ၂၀၉ သံလွင် စခန်းမှာဖမ်းခဲ့ တာပါ။ မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့ က ကျွန်တော့်ကို ဖမ်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင် ရဲ့ ခွင့်ပြုချက်နဲ့ ပဲ လုပ်ခဲ့ ကြတာပါ ။း ကိုနိုင်အောင့် ရှင်းလင်းချက်မှာ  ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ ( ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့ လူမဟုတ်တဲ့ အကြောင်း အတန်တန်ငြင်းဆိုခဲ့ ပါတယ် ။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး ။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ ၊ ကျွန်တော့်ပါးစပ်က အလကားနေရင်း အားအားယားယား ဘယ်တပ်ဖွဲ့ ဝင်ကိုမှ ဒုက္ခရောက်အောင်မပြောဘူး ။ ယောကျာ်းပီသပါ ကိုနိုင်အောင် ၊ ကိုယ့်လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူများအပေါ် ပုံမချပါနဲ့ ။
 နောက်တစ်ချက် ရှိသေးတယ် ။ ကျွန်တော်ပြောတဲ့ နာမည်တွေမှာ ယနေ့ တိုင် စစ်အာဏာရှင် ဆန့် ကျင်ရေးလုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် ထုတ်ဖေါ်ပြောဆိုရန် မသင့်တော်ဟု ယူဆသဖြင့်တဲ့ ။ရိုက်နှက်စစ်ကြော်လို့ ထွက်လာတဲ့ နာမည်တွေကို  ကာယကံရှင် တွေကကြားရရင် ရယ်လိမ့်မယ်ဗျာ ။ ကိုယ့်အတွက် အကာအကွယ်ဖြစ်မယ့် အချက်တွေကျ ဇွတ်အတင်းယူပြီး ဒုက္ခ ဖြစ်မယ့် အချက်တွေမှ ကျွန်တော်တို့ အပေါ်ပုံချ။ တော်တော်ခေါင်းဆောင်ပီသတဲ့ လူပဲ ။ ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို  ကိုနိုင်အောင် သေသေချာချာဖတ်စေချင်ပါတယ်။ ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေ အားလုံးကို ရဲရဲသာဖွင့်ချလိုက်စမ်းပါ။ ကျွန်တော်ပြောခဲ့ တာအားလုံး ယောကျာ်းပီပီတာဝန်ယူတယ်။မရိုးမသားနဲ့ အများအမြင်ရှုပ်ထွေးအောင် မလုပ်ပါနဲ့ ။ မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော် အသိအမှတ်ပြုတယ်။ အဲသည်လိုပဲ  ကျွန်တော်တို့ ဘယ်လောက် ကိုယ်ရော စိတ်ပါ ဒုက္ခရောက်ခဲ့ ရတယ်ဆိုတာ ကိုယ်ချင်းစာပါ။ အပြစ်ဆိုတာ ဆေးကြောမှသန့် စင်ကြည်လင်တာပါ။ ကိုနိုင်အောင်ရဲ့  အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး မနင်းချေချင်ပါနဲ့ ၊  ဒီနေ့ ဒီအချိန်အထိ အစိုးရဆီကနေ ဘာအကူအညီမှ ကျွန်တော်မယူဖူးဘူး ။ ကျွန်တော့ဖြတ်သန်းမှုကို ကျွန်တော်လိပ်ပြာသန့် တယ် စားဝတ်နေရေး အခက်အခဲတွေကြားထဲက ကျွန်တော်တို့ မတရားခံခဲ့ရတဲ့ ကိစ္စတွေအတွက် ရိုးရိုးသားသား ကြိုးစားနေကြတာပါ ။ ကျွန်တော့ ရင်ထဲမှာ မကတဒ ကအမြဲရှိတယ် FDB ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်လေးစားတယ် ။ ကိုယ့်အတ္တအတွက်နဲ့ တော့  ဘ၀တူအားလုံးရဲ့ အနာဂတ်တွေကို မရိုက်ချိုးပါနဲ့ ။                                            သမိုင်းမှာ အဖုံးလွှမ်းအလိမ်အညာခံခဲ့ ရတဲ့ အမှန်တရားတွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် သူ့ အချိန်ကာလတိုက်ဆိုင်လာပြီဆိုရင်တော့ ပေါ်လာရတာပါပဲ ။ အနာဂတ်မျိုးဆက်တွေက ကျွန်တော်တို့ ထက် ပိုတော် ပိုထက်မြက်ပါတယ် ။ ကိုယ့် ထက်အကောင်ငယ်တယ်ဆိုပြီး အထင်သေးရင်တော့ ၊ ဆက်ပြီးလိမ်ညာဖုံးကွယ်ဖို့ ကြိုးစားနေအုန်းမယ်ဆိုရင်တော့ အဲ့ ဒီအကျိုးဆက်တွေကို ကိုနိုင်အောင် ကောင်းကောင်းကြီးခံစားရပါလိမ့်မယ် ။

 

 

ကိုကိုဦး ခံယူချက်

 Tuesday, March 27, 2012 at 8:48am ·
ကျနော်အနေနဲ့ခံယူထားသည်မှာ ကျနော်တို့အားလုံးသည် မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်
ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံး၏ နိုင်ငံရေးဂုဏ်သိက္ခာကိုပြန်လည်ဖေါ်ထုတ်ပေးရ
မည့်အပြင် မကဒတ၏သမိုင်းကြောင်းဆိုင်ရာ နိုင်ငံရေးဂုဏ်သိက္ခာကိုလည်း ပြန်လည်တည်
ဆောက်ရမည်ဟုအပြည့်အ၀ယုံကြည်မိပါသည်၊ ဤယုံကြည့်ချက်နဲ့အတူ အမှန်တရားနှင့်အ
မှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကို ဘက်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြော
ကြားလိုက်ပါရစေခင်ဗျာ၊

အမှန်တရားနှင့်အမှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကိုဦးတည်လျှက်
(ကိုကိုဦး)
ကျောင်းသားတပ်မတော်အဖွဲ့ဝင်ဟောင်း၊
http://www.scribd.com/doc/86685600/D3Conf















ကိုနိုင်အောင် ABSDF ဥက္ကဌဟောင်း၏ရှင်းလင်းချက်အပေါ်တွေ့ရှိချက်များ၊
ABSDF ကောက်ကြောင်းများ(2)
ဆလိုင်းကိုကိုဦး
25th March, 2012

ကျနော်အနေဖြင့်ပထမဦးစွာ ရှင်းလင်းချက်လူသိရှင်ကြားထွက်လာသည့်အပေါ်တွင်ကြိုဆိုပါ
သည်၊ ထို့အပြင်ဤရှင်းလင်းချက်နဲ့ပတ်သက်ပြီး တာဝန်ရှိမှု၊ တာဝန်ခံမှုအတိမ်အနက်များကို
လည်း ကျနော်တို့အနေဖြင့်မယိမ်းမယိုင်ဝေဖန်ဆန်းစစ်မှုပြုရမည်ဟုလည်းနားလည်သဘော
ပေါက်မိပါသည်၊ ကျနော်အနေဖြင့် ဖြစ်စဉ်တခုအပေါ်လူပုဂ္ဂိုလ်တဦး၏ ရှင်းလင်းအပေါ်တွင်
ဝေဖန်ထောက်ပြသည်မှာလည်း အမှန်တရားပေါ်ထွန်းရေးကိုဦးတည်ခြင်းသာဖြစ်ပြီး မည်သူ
တဦးတယောက်ကိုမှ ထိခိုက်နစ်နာစေခြင်း၊ ဦးစားပေးခြင်း(favour)ပေးခြင်းမျိုးမရှိပဲ ပြဿနာ
ကိုဝိုင်းဝန်းဖြေရှင်းသည်ကို ပါဝင်ပတ်သက်နေသူများအားလုံးကိုနားလည်ပေးစေချင်ပါသည်၊
မကဒတမြောက်ပိုင်းတွင်ဖြစ်ပွါးခဲ့သောကိစ္စဖြစ်သည်မို့ မတရားအညှင်းဆဲခံခဲ့ရပြီးမှအသတ်ခံခဲ့
ရသောကျနော်တို့၏ရဲဘော်ရဲဘက်၊ နောင်တော်ညီတော်များနှင့်သက်ဆိုင်သည့်ကိစ္စများကိုဦး
စားပေးသွားမည်ဖြစ်ပြီး မကဒတ၏အတွင်းကောက်ကြောင်းများကိုပါလိုအပ်ရင်လိုအပ်သလို
ထည့်သွင်းရေးသားသွားမည်ဖြစ်ပါသည်၊

ကိုနိုင်အောင်စာပါရေးသားချက်များကို ကိုးကားရန်စာလုံးစောင်းဖြင့်ဖေါ်ပြထားပါသည်၊

(၁)မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နာ ဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ ထံသို့စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို့ဗဟိုကော်မတီ၏ ဗဟိုဆုံးဖြတ် ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက် ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။
(၂)အောက်တိုဘာလ (၁၁) ရက်နေ့တွင်မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေး လွတ် မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏သတင်းစာရှင်းလင်းပွဲကိုကြားသိရပါ သည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်.သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက် ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့်ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။

ကိုနိုင်အောင်ရေးထားသည့် အပိုဒ်(၂)အရဆိုလျှင် စပိုင်ဟုအစွပ်စွဲခံရပြီး(၅)ဦးအသတ်ခံခဲ့
ရသည့်ကိစ္စကို အောက်တိုဘာလ(၁၁)ရက်နေ့ကပင်သိရှိနေပြီးဖြစ်သော်လည်းကိုနိုင်အောင်ဦး
ဆောင်သောဗဟိုအနေနဲ့ ကချင်ကျော်ကျော်ကိုမကဒတမြောက်ပိုင်းကိုညွန်ကြားချက်များအတူ စေလွတ်ခဲ့သည်မှာဇန္နဝါရီလတွင်ဖြစ်ခဲ့သည့်အတွက် ဥက္ကဌတဦးအနေနဲ့အလေးထားဆောင်
ရွက်မှုကိုမေးခွန်းထုတ်စရာဖြစ်လာပါသည်၊ အဖွဲ့အစည်းတခုလုံး၏ဂုဏ်သိက္ခာကိုလုံးဝထိခိုက်
နစ်နာစေနိုင်သောကိစ္စကို အချိန်တိုတိုအတွင်းမှာဘာကြောင့်မစွမ်းဆောင်ခဲ့ပါသလဲ၊

(၃) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတ မြောက်ပိုင်း၌စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိ တို့ဘန်ကောက်ရုံးမှ ပေးပို့သည့်ကြေးနန်း မိမိတို့တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို့သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ(၁)ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

အပိုဒ်(၃)အရဆိုလျှင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာမှတဆင့်သိခဲ့
ရသော အလွန်တရာကြီးမားသောသတ်ဖြတ်မှုများအတွက် အလိုတိုတောင်းသောတစ်ရက်တာ
မျှအတွင်း ကိုအောင်ထူး၏မတ်လ(၁)ရက်နေ့ထုတ်ပြန်ကြေငြာချက်ထွက်လာရသည့်အပေါ်
အလွန်မှဘ၀င်မကျဖြစ်ရပါသည်၊
အဆိုပါထုတ်ပြန်ကြေငြာချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်အရထုတ်ပြန်သောထုတ်
ပြန်ကျေငြာချက်မှဟုတ်ပါရဲ့လားဟု အမှန်ပင်သံသယရှိပင်ဖြစ်ပါသည်၊အကယ်၍ဤထုတ်ပြန်
ချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်မပါခဲ့ပါကအလွန်တရာမှားယွင်းနေသောလုပ်ဆောင်
မှုတခုဖြစ်ပြီး မကဒတ၏ဖွဲ့စည်းပုံအခြေခံဥပဒေပါစည်းမျည်းစည်းကမ်းများကို တာဝန်ရှိခေါင်း
ဆောင်များက ဖေါက်ဖျက်ကျူးလွန်ခဲ့သည်ဟုယူဆရမည်သာဖြစ်သည်၊
၎င်းအပြင် အဆိုပါလူသတ်မှုကို ဃဃနနမသိရှိပဲ ဘန်ကောက်နိုင်ငံခြားရေးရုံးအနေနဲ့
တာဝန်ခံခဲ့သည့်အမှားသည် ကျနော်တို့အားလုံးချစ်မြတ်နိုးကြသော ကျောင်းသားတပ်မ တော်၏ဂုဏ်သိက္ခာကိုထိခိုက်စေယုံမျှမက ဤခွပ်ဒေါင်းအလံတော်အောက်တွင်ပေးဆပ်ခဲ့
ကြပြီးဖြစ်သောကျဆုံးရဲဘော်ရဲဘက်များ၊ ပေးဆပ်နေဆဲဖြစ်သောရဲဘော်ရဲဘက်များ၏ ပေးဆပ်မှုများအားလုံးအပြင် မကဒတ၏သမိုင်းကြောင်းကိုလည်းမှေးမှိန်စေခဲ့ပါသည်၊
ဒါကြောင့်ဒီလိုမှားယွင်းစွာအလျှင်စလိုလုပ်ဆောင်မှုအတွက် မည်သူတွေမှာတာဝန်ရှိခဲ့ပါသလဲ၊
ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၄) မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းကြားသိရပါသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်
လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေ များကိုဆက်လက်တင်ပြအစီရင်ခံခဲ့ပါသည်။

အဖမ်းခံရသူတွေထွက်ပြေးလွတ်မြောက်ပြီးမှ ကိုနိုင်အောင်ထုတ်တဲ့ထုတ်ပြန်ကြေငြာချက်ဟာ
နည်းနည်းတော့ထူးဆန်းနေပါသည်၊ မကဒတဥက္ကဌတဦးအနေနဲ့ဗဟိုကော်မီတီ၏တာဝန်ခံမှုမ
ရှိပဲ မြောက်ပိုင်းကော်မီတီ၏လုပ်ရပ်ကိုတာဝန်ခံခြင်းမှာ ဖွဲ့စည်းပုံစည်းမျဉ်းပါတာဝန်နဲ့လုပ်ပိုင်
ခွင့်ကိုကျော်လွန်သွားခဲ့ပြီဖြစ်ပါသည်၊ ထို့အပြင်သေဒဏ်အပြစ်ပေးခဲ့ခြင်းကိုတာဝန်ရှိဥက္ကဌတ
ဦးအနေနဲ့ ထောက်ခံမှုပေးခဲ့ခြင်းမှာ လုံးဝလက်ခံဘွယ်ရာမရှိသောတသီးပုဂ္ဂိလကဆုံးဖြတ်ချက်
အမှားပင်ဖြစ်ပါသည်၊

I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.

ကိုနိုင်အောင်အနေနဲ့ မည်သည့်အတွက်ကြောင့်အဆိုပါ(၁၅)ဦးကိုတပြိုင်တည်းသတ်ဖြတ်ခဲ့
သည်ကိုမှန်ကန်ပါသည်လို့ဆုံးဖြတ်ခဲ့ပါသလဲ၊ ကျနော်တို့အားလုံးလက်မခံနိုင်ပါ၊ တခါတရံမှာ
တာဝန်ရှိသောဥက္ကဌတဦးအနေနဲ့ ဦးနှောက်တကယ်သုံးပြီးဆုံးဖြတ်ခဲ့တာမှဟုတ်ရဲ့လားလို့
တောင်သံသယရှိလှပါသည်၊ ဒါဟာမကဒတသမိုင်းကြောင်းတခုလုံးကိုရိုက်ချိုးခံခဲ့ရတာနော်
ဒီအတွက်ရောကိုနိုင်အောင်ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၅)မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်း
တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။

အပိုဒ်(၅)ဆိုလျှင် တောင်ပိုင်းဗဟိုဋ္ဌါနချုပ်တွင် အထင်ကရဖြစ်သောဗဟိုကော်မီတီဝင်များ
ဖြစ်ကြသော ကချင်ကျော်ကျော်၊ကိုလှဋ္ဌေး၊ကိုစိုးလင်း၊တို့ရှိနေသည်မှာလူသိရှင်ကြားဖြစ်သည်၊

(၆)မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှထုတ်ဖေါ်မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှတစစဖြင့်စိတ်မ
ကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွား ချိန်က ဤမျှအထိ ဖြစ်ခြင်းကိုမသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ဗဟိုအနေဖြင့်မြောက်ပိုင်းကော်မ
တီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန်မမှန်၊ ၎င်းတို့လုပ်နည်း မှန်မမှန် ဆိုသည်ကိုစစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ
အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်
`မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူ နိုင်ရေးကိုသာအဓိကကြိုးစားခဲ့ပါသည်။

ဤအပိုဒ်တွင် “အခင်းဖြစ်ပွားချိန်က ဤမျှအထိဖြစ်ခြင်းကိုမသိခဲ့ကြပါ။” ဆိုသည့်အချက်ကို
လက်ခံပြီးစဉ်းစားကြည့်ပါသည်၊ ဥက္ကဌတဦးအနေနဲ့အဖြစ်အပျက်ကိုအသေအချာမသိရှိပဲ
အန္တရယ်အလွန်များသော နိုင်ငံရေးအရတပ်ဦး၏ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေနိုင်
သောကိစ္စကို မည့်သည့်အတွက်ဗဟိုကော်မီတီအများစုနဲ့တိုင်ပင်ဆွေးနွေးခြင်းမပြုပါသလဲ၊
“မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏လမ်းညွှန်မှုကိုခံယူနိုင်ရေးကိုသာ အဓိကကြိုးစားခဲ့ပါသည်။” လို့ဆိုထားတဲ့အတွက် ဗဟိုနှစ်ခုကွဲနေသည့်အပေါ် မိမိဦးဆောင်မှု
ဘက်ပါလာရေးကိုအဓိထားဆောင်ရွက်ရင်း၊ တပ်ဦး၏ဦးတည်ချက်ပါလူ့အခွင့်အရေးချိုးဖေါက်
မှုကိုသိသိကြီးနဲ့လစ်လျှူရှု့လေခဲ့သလား မေးစရာများပေါ်လာနေပါသည်၊

(ရ)ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်
နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။
http://www.scribd.com/doc/86685600/D3Conf

ကျနော်အနေဖြင့်ကိုနိုင်အောင်၏အထက်ပါမြွက်ဆိုချက်ကိုလုံးဝနားလည်ပေးရန်သော်လည်း
ကောင်း၊ ယုံကြည်ရန်သော်လည်းကောင်းလုံးဝမဖြစ်နိုင်သည့်အကြောင်းတရားများအခိုင်အမာ
ရှိနေခဲ့ပါသည်၊ဗဟိုနဲ့နှစ်နာရီမျှသာခရီးဝေးသော သံလွင်စခန်းတွင်ဖြစ်ခဲ့သောတပ်ဖွဲ့ဝင်တဦးကို
စခန်းကော်မီတီမှဗဟိုအားလုံးဝအသိပေးအကြောင်းခြင်းမရှိပဲဆုံးဖြတ်ကာသေဒဏ်ပေးခဲ့သည့်
အမှုနှင့် ဘုရားသုံးဆူတပ်ရင်း(၁၀၁)တွင်အလားတူဖြစ်ခဲ့သော လုပ်ရပ်များအတွက် ဗဟိုကော်
မီတီအစည်းအဝေးနှင့်တတိယအကြိမ်ညီလာခံတွင် မည်သူတွေကိုမည်သို့ရပ်တည်ခဲ့ကြပြီး၊ အ
ပြစ်ရှိသူများကိုအကာအကွယ်ပေးခဲ့သည်ကို ကျနော်သိရှိနေသည့်အတွက်ကြောင့်ဖြစ်သည်၊
http://www.scribd.com/doc/86677742/ABSDF-MTZ-Third-Conference-Clarification

 (၈)သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်ကိုမေ့သွား ဖုန်းကွယ်သွားသည်များလည်းမ
ဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတနှင့်ကျောင်းသား တပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကိုမှေးမှိန်ပပျောက်ရန် အထိမတိုက်ခိုက်သင့်ပါ။
ကိုနိုင်အောင်အနေဖြင့်မိမိ၏မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် မကဒတအဖွဲ့ဂုဏ်သိက္ခာထိ
ခိုက်ခဲ့ရပါသည်ကိုလုံး၀၀န်ခံခြင်းမရှိပဲ၊ ဝေဖန်ပြောဆိုနေကြသောသူများကိုအပြစ်မြင်နေခြင်း
များကလည်းခေါင်းဆောင်မပီသသည့် တာဝန်ကိုရှောင်လွှဲလိုသောစိတ်ဓါတ်ကိုအပီအပြင်ဖေါ်
ပြလျှက်ရှိနေပါသည်၊ တကယ်ဆိုလျှင်မိမိ၏ချို့ယွင်းချက်များကြောင့် မကဒတဂုဏ်သိက္ခာကျခဲ့
ရပါသည်၊ မိမိတွင်လည်းတာဝန်ရှိခဲ့ပါသည်၊ မကဒတ၏တည်ရှိပြီးဖွဲ့စည်းပုံစည်းမျည်းများအ
တိုင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည်ကိုဝန်ခံပြီး မကဒတတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပေးဆပ်ခဲ့ပြီးပေးဆပ်ဆဲရဲဘော်ရဲဘက်များကိုလည်း လူသိရှင်ကြားတောင်းပန်စကားဆိုသင့်
အပ်ပါသည်၊

(၉) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။မြောက်ပိုင်းသူလျိုများ
အား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာဖမ်းဆီးနှိပ်စက်ခံခဲ့ ရသော ရဲဘော်၊
ရဲမေများအားလုံးကို မကဒတဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန်
အပ်ပါသည်။

မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန်ခဲ့သည်အပေါ် ကျနော်အနေ
ဖြင့်ကျေနပ်မိပါသည်၊ “တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်
၎င်းအရေးယူ ဆောင်ရွက်မှုများပြုလုပ်သင့်ပါသည်။”ဆိုသည့်အချက်အတွက်ပိုပြီးရှင်းလင်းသွား
ရန်လိုအပ်နေပါသည်၊ ကိုနိုင်အောင်အနေနဲ့လက်တွေ့ဆုံးဖြတ်ပြီးသတ်ဖြတ်မှုကျူးလွန်သူများ
ကိုသာ“တာဝန်ရှိသူများ”အဖြစ်ရည်ညွှန်းပုံရသည်၊
အဆိုပါရည်ညွှန်းချက်ဖြစ်သည်“တာဝန်ရှိသူများ”ကိုအပြန်အလှန်ရှင်းချက်ထုတ်ရမည့်ကိစ္စက
တော့ သတ်ဖြတ်မှုတွင်အဓိကတာဝန်ရှိသူဟုအများကယူဆနေကြသည့်ရော်နယ်အောင်နိုင်နှင့်
မြောက်ပိုင်းဗဟိုကော်မီတီများသာလျှင်ဖြစ်ပေသည်၊

(၁၀)(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူသိ ရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာသိမ်းဆည်းထားပါသည်။၎င်းတို့ ထုတ်ဖေါ်ပြောဆို
ခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

ဤအပိုဒ်ကိုကြည့်ခြင်းအားဖြင့် ကိုနိုင်အောင်အနေဖြင့်မြောက်ပိုင်းသတ်ဖြတ်မှုများအတွက်
နောင်တတရားမရသေးသည်ကိုဖေါ်ပြနေသည့်အပြင် မိမိ၏ဗဟိုကော်မီတီမှလူမဆန်စွာ
ညှင်းပန်းနှိပ်စက်ပြီးရယူထားသော မရေရာသောထွက်ဆိုချက်များနဲ့ပင် နောက်ထပ်လူများ
ကိုခြိမ်းချောက်ပြနေသကဲ့သို့ပင်ဖြစ်သည်၊ ဒါကြောင့်ကျနော်အနေဖြင့်ကိုနိုင်အောင်၏နစ်
နာခဲ့ရသောမိသားစုများနှင့်ရဲဘော်ရဲမေများကို တောင်းပန်ခဲ့သည်မှာအမှန်တကယ်ရင်ထဲ
မှလာသောစကားမှဟုတ်ပါလေစဟု ကျနော်အနေဖြင့်သံသယ၀င်မိပါသည်၊

ကျနော်အနေဖြင့် ကိုနိုင်အောင်မြောက်ပိုင်းကို ဖေဖေါ်ဝါရီလ(၁၂)ရက်မတိုင်မှီရောက်ခဲ့
သည်ဖြစ်စေ၊ မရောက်ခဲ့သည်ဖြစ်စေ၊ ကိုယ်တိုင်မမြင်မတွေ့ခဲ့ရသည့်အတွက် အငြင်းပွါး စရာမရှိပေမဲ့ ဥက္ကဌတဦးအနေဖြင့် မကဒတ၏ဖွဲ့စည်းပုံဆိုင်ရာစည်းမျည်းစည်းကမ်းအရ
လိုက်နာဆောင်ရွက်မှုမရှိခဲ့သည်ကိုတော့ အခိုင်အမာပြောဆိုချင်ပါသည်၊ မကဒတဥက္ကဌ
တဦးအနေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာမှားယွင်းခဲ့သည့်အတွက် မကဒတသာမကရှစ်လေးလုံးတော် လှန်ရေးသမိုင်းကြောင်းတခုလုံး ထိခိုက်ခဲ့ရသည့်ကိစ္စကိုတော့ မုချမသွေတာဝန်ယူရလိမ့်
မည်ဖြစ်ကြောင်းပြောကြားလိုပါသည်၊

ကျနော်အနေနဲ့ခံယူထားသည်မှာ ကျနော်တို့အားလုံးသည် မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်
ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံး၏ နိုင်ငံရေးဂုဏ်သိက္ခာကိုပြန်လည်ဖေါ်ထုတ်ပေးရ
မည့်အပြင် မကဒတ၏သမိုင်းကြောင်းဆိုင်ရာ နိုင်ငံရေးဂုဏ်သိက္ခာကိုလည်း ပြန်လည်တည်
ဆောက်ရမည်ဟုအပြည့်အ၀ယုံကြည်မိပါသည်၊ ဤယုံကြည့်ချက်နဲ့အတူ အမှန်တရားနှင့်အ
မှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကို ဘက်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြော
ကြားလိုက်ပါရစေခင်ဗျာ၊

အမှန်တရားနှင့်အမှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကိုဦးတည်လျှက်
(ကိုကိုဦး)
ကျောင်းသားတပ်မတော်အဖွဲ့ဝင်ဟောင်း၊





ဒေါက်ချွန်နိုင်အောင် ရေးသားတဲ့ ကျောင်းသားတပ်မတော်ပုံပြင် ။
http://www.scribd.com/dna_freeburma/d/86622098-DNA-s-Testimony-on-ABSDF-s-Northern-Case
၂၅ ရက် မတ်လ ၂၀၁၂

ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော
ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း
ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်
လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌
မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူ
မှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။

မိမိအနေဖြင့် လက်ရှိကာလတွင်`မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း
ထိုအချိန်ကာလအတွင်းတာဝန်ရှိခဲ့သူ တဦးအနေဖြင့်ကာယကံရှင်များ နှင့် စိတ်ဝင်စားသူများ
သိရှိ နားလည်စေရန်အတွက်အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။

မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန်
မိမိ ရင်ဆိုင်ကြုံတွေ.ဖြတ်သန်းခဲ့ရသော အဖြစ်မှန် များကို
မခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူတစ်ဦးတယောက်၊
တသင်းတဖွဲ.ကိုမျှ နစ်နာစော်ကားလိုသော စိတ်ဆန္ဒမရှိပါ ကြောင်း
ရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။

၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ
(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ
`မကဒတ´ တွင် ဖြတ်သန်းလာသူများအားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို
အားလုံးကြုံဖူးခဲ့ကြမည် ဖြစ်သည်။
နယ်မြေအသီးသီးမှရောက်ရှိလာသော ရှစ်လေးလုံးသပိတ်တိုက်ပွဲဝင် ကျောင်းသား၊ လူငယ်၊ လူကြီး
အပေါင်းဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် စခန်းများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဤသို့ နယ်မြေအလိုက်စုစည်းထားသောစခန်းများကို အခြေခံ၍
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတ ကို ၁၉၈၈ ခုနှစ်
နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။



ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။
၈၈ ကျောင်းသားလှုပ်ရှားမှု အတွင်းတည်ရှိခဲ့သော ကျောင်းသားအုပ်စုအသီးသီး၏
အမြင်၊ အစွဲနှင့် ဒေသနောက်ခံ မတူညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို.ကို
`မကဒတ´ ဗဟိုကော်မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့်
တိုတောင်းလှသောသက်တမ်းအတွင်း အရေးပေါ်ညီလာခံ တရပ်ကို ခေါ်ယူကျင်းပကာ
ဗဟိုကော်မတီကိုပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။



စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊
ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်း
တို့ကြောင့် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။
ဤကာလအတွင်း ကျောင်းသားတပ်မတော်ဟူ၍ စတင်ဖွဲ့စည်းခဲ့သလို
ကျောင်းသားအမြောက်အများမြန်မာပြည်သို့ပြန်ခြင်း၊
ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး
တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်းအကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။



`မကဒတ´ ကို တဆင့်ပိုမိုကျစ်လစ်ခိုင်မာစေသော ဒုတိယအကြိမ်ညီလာခံကို ၁၉၈၉ ခုနှစ်တွင်
မင်းသမီးစခန်း၌ ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင်
ကိုမိုးသီးဇွန်က ဥက္ကဌ၊
မိမိက ဒု-ဥက္ကဌ(စီမံ)၊
ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူး အဖြစ်တာဝန်ပေးအပ်ခံခဲ့ရပါသည်။



ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာ
ပြန်လည် ရွေးချယ်မခံရတော့ပါ။တစ်ချို့ ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊
တချို့လည်း မိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပါသည်။

ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊
ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန်
ကြိုးပမ်းတည်ဆောက်နေရသောကာလဖြစ်ပြီး စခန်းများအနေဖြင့်
ဗဟိုကော်မတီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာ
သော ကာလလည်းဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ဘုရားသုံးဆူ၊ မယ်သဝေါထိုးစစ်နှင့်
န၀တ မှ ကမ်းလှမ်းလာသော အပစ်အခတ်ရပ်စဲရေးကိစ္စများ
နှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်း
မဟာမိတ်များနှင့်ပူးတွဲ၍ ရှေ.တန်းစစ်မြေပြင် မြန်မာ
ပြည်နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာစင်မြင့်များတွင်
ပေါ်လွင်ထင်ရှားစွာ လှုပ်ရှားနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။




တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ်တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်း
ဆောင်မှုတိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။
မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသော
ဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့်ဝိုင်းခဲ့သည့်ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။
ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ
၁၉၉၀ ရွေး ကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင်
မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည်.အပေါ်
မိမိအားစေ့စပ်ကြေအေးရေးအတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။

မိမိအနေဖြင့်
ဗဟိုကော်မတီအကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး
မိခင်တပ်ရင်းအခြေပြုရာ ဘုရားသုံးဆူစခန်းသို့ ပြန်ခဲ့ပါသည်။

(ခ) မကဒတ တတိယ အကြိမ်ညီလာခံ
တိုင်းရင်းသား မဟာမိတ်အဖွဲ.အစည်းများ န၀တစစ်အစိုးရနှင့်
အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ပြုလုပ်နေသည့်အခြေအနေ၊
NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေအနေ၊
စစ်အစိုးရက ကရင်နယ်မြေတခုတည်းသို့
ထိုးစစ်ကြီးများ အကြီးအကျယ် ဆင်နွဲနေသော အခြေအနေအောက်တွင်၊
တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။
2
တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌
စေ့စပ်ကြေအေးရေး အတွေးအခေါ်သမားများလွှမ်းမိုးနေသည်ဟူသော
စွပ်စွဲတိုက်ခိုက်မှုဖြင့်ယာယီတော်လှန်ကော်မတီ ဆိုသည့်
ဗဟိုကော်မတီအား ဆန့် ကျင်သည်.စင်ပြိုင်လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့
၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့်ဝိုင်းခဲ့သည့်ကိစ္စ ကိုလည်း
ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့်အခြေအနေများလည်း ရှိနေပါသည်။

ဤယာယီတော်လှန်ကော်မတီကို
တပ်ရင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်နှင့် ကိုဇော်ထွန်း (၂ ယောက်စလုံး ပျောက်ဆုံး)
တို့က ဦးဆောင်ခဲ့ပါသည်။

သံလွင်စခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သော မကဒတ တတိယအကြိမ်ညီလာခံ၏
(၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ.(နေ.လည်ပိုင်း) အစည်း အဝေးတွင်
တပ်ရင်း(၂၀၈) ယာယီတော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ
တပ်ရင်းမှူးကိုမျိုးသန်.က ယာယီတော်လှန်ကော်မတီ၏နောက်ကွယ်တွင်
ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန်ကိုယ်တိုင်
ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။

ဤအခြေအနေများအောက်တွင် ကျင်းပ ခဲ့ရသောထိုညီလာခံ၌
မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စား
လှယ်တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ပိုင်းတွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်. ကိုနေ၀င်းအောင်
(သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း(မြောက်ပိုင်းကော်မတီကိုယ်စားလှယ်) တို.လည်း
ယင်းညီလာခံသို.တက်ရောက်ခဲ့ကြပါသည်။

မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည်.
ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည်.အချိန်အထိ
ယခင်ဗဟိုကော်မတီဟောင်းတွင်တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်၊

မြောက်ပိုင်းကိစ္စနှင့်တတိယအကြိမ်ညီလာခံ(သြဂုတ်လ ၁၄ ရက်နေ့ မှ
အောက်တိုဘာလ ၂၅ရက်နေ့၁၉၉၁ခုနှစ်)
သံလွင်စခန်းညီလာခံအတွင်း တင်းမာမှုများပေါ်ပေါက်နေစဉ်

တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူ
သူလျှိုများကို ဖေါ်ထုတ်ဖမ်းဆီးရမိထားကြောင်း၊
ထိုသူများထဲတွင် ဗဟိုကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း
ညီလာခံခန်းမအတွင်း၌ ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။



ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်
သည်. ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန် ကန်.ကွက်ဆွေးနွေးခဲ့ကြပါသည်၊
ညီလာခံအတွင်း တင်းမာမူများလည်း ပိုမိုကြီးထွားလာခဲ့ပါသည်။

မကဒတ၏ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ညီလာခံတွင်
အသစ်ရွေးချယ်တင်မြောက်ခံရသည်. ဗဟိုကော်မတီသစ်မှ ကျမ်း
သစ္စာကျိန်ဆိုပြီး တရားဝင် အာဏာလွဲပြောင်းရယူသည်.အချိန်အထိ
ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့်
အပြည်.အ၀ ရှိပါသည်။

သို.ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ်
ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း
အနေဖြင့် မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကို

ထိုအချိန်က သာမန် ညီလာခံကိုယ်စားလှယ်တဦးသာ ဖြစ်သည်.
မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။
ထိုကိစ္စနှင့်ပတ်သက်ပြီး
ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည်ဟုသာ
မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံရေးဆွဲရေးအဖွဲ.၊
ရှေ.လုပ်ငန်းစဉ်ရေးဆွဲရေးအဖွဲ.နှင့် စစ်ရေးလမ်းစဉ်ရေးဆွဲရေးအဖွဲ.ဆိုသည်.
အလုပ်အဖွဲ.(၃)ဖွဲ.ကို ဖွဲ.စည်းပေးပြီး ညီလာခံကို ခေတ္တရပ်နားခဲ့ပါသည်။

လုံခြုံရေးအခြေအနေအရ (၁၃)ရက်
နေ.တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံကောင်မရှင်တို.၏
ညှိနှိုင်းမှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက်.တွင်
မာနာပလော၌ ညီလာခံကို ဆက်လက်ကျင်းပခဲ့ပါသည်။

မာနာပလောတွင်လည်း ညီလာခံအတွင်း၌
တင်းမာမှုများ ဆက်လက်ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာခဏ ရပ်နား
လိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။

ရွေးချယ်တင်မြှောက်ပွဲပြုလုပ်မည်.် စက်တင်္ဘာ(၂၈)ရက်နေ.တွင်
ကိုမိုးသီးဇွန်တို.ဘက်က အများစု၏ လျို.၀ှက်ဆန္ဒမဲဖြင့်
ရွေးချယ်မည်.အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှ
အခြေအနေ အတင်းမာဆုံးကိုရောက်ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။



ကေအင်န်ယူ အပါအ၀င် ဒီအေဘီတပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြား
ဝင်ပေးမှုဖြင့် စခန်းအသီးသီးမှ ကိုယ်စားလှယ်တဦးစီပါဝင်သောအဖွဲ.က ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။
ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင်ပြန်လည်ကျင်းပပြီး ၃ ရက်အကြာ
အောက်တိုဘာလ ၁၁ ရက်နေ့တွင်
မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးနှင့်
ပြုလုပ်သော နဝတ၏ သတင်းစာရှင်းလင်းပွဲကို
ကြားသိရပါသည်။
မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊
ဥက္ကဌ ထွန်းအောင်ကျော်
အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊
ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်.
သေဆုံးသွားပြီဖြစ်ကြောင်း၊
အဆိုပါထွက်ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့်
ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။



မဟာမိတ်များမှလည်း မိမိတို့၏အခြေအနေကို ညှိနှိုင်းပေးရင်းလက်ပမ်းကြလာပြီး
သံလွင်စခန်းတွင်ပြန်လည်ပြုလုပ်ကြရန်ပြောသဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်
မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက်ကျင်းပခဲ့ကြပါသည်။
`မကဒတ´တတိယအကြိမ်ညီလာခံကြီးအနေဖြင့် ပြဿနာများဖြေရှင်းရင်းနှင့်
အကွဲအပြဲဖြစ်သည်အထိ ရောက်ရှိသွား သောကြောင့် မြောက်ပိုင်းကိစ္စကို
အလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။
ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။

3
မိမိတို့ အနေဖြင့် ညီလာခံဆက်လက်ကျင်းပပြီး
ဗဟိုကော်မတီသစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်မည်ဟုဆုံးဖြတ်နေချိန်တွင်
ကိုမိုးသီးဇွန်တို့ ဦးဆောင်သောအဖွှဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ပါ။
ဘုရားသုံးဆူစခန်းမှခွဲထွက်သွားသောအဖွဲ့များ၊
ယာယီတော်လှန်ကော်မတီအဖွဲ့များနှင့် ပထမအကြိမ်ညီလာခံသက်တမ်းမှဗဟိုကော်မတီဝင်ဟောင်း
တချို. ကိုမိုးသီးဇွန်ဘက်သို. လိုက်ပါသွားကြပြီး
၎င်းတို့ဖာသာ သီးသန့်ညီလာခံ တခုကို စင်ပြိုင်ကျင်းပပြု လုပ်ခဲ့ပါသည်။

မိမိတို့ကလည်း ကျန်ရှိနေသော ညီလာခံကိုယ်စားလှယ်အများစုနှင့် ညီလာခံကို
ဆက်လက်ကျင်းပပြီး တတိယအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။
အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါ သည်။

ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။
ညီလာခံပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလောတစ်ဝိုက်ရှိစခန်းများ
ထိုင်းဖက်ကမ်းသို့ ရွှေ့ပြောင်းနေရပြီး၊
ယနေ့ DKBA ဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်းကူညီဖြေရှင်းနေချိန်မှာပင်
မိမိတို့ ဗဟိုကော်မတီမှမြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သောေ
ကျာ်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့
ပြန်လည်စေလွှတ်လိုက်ပါသည်။
၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့်
မိမိတို. ဗဟိုကော်မတီ၏ ဗဟိုဆုံးဖြတ်ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊
ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက်ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတမြောက်ပိုင်း၌
စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း
မိမိတို.ဘန်ကောက်ရုံးမှ ပေးပို.သည်.ကြေးနန်း
မိမိတို့တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို. သိရှိရခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ ၁ရက်နေ့ ရက်စွဲဖြင့်
ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

မိမိတို့လည်း မြောက်ပိုင်းသို့
မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ(၁၇)ရက်နေ့တွင်
ကြေငြာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။
မိမိတို့ တောင်ပိုင်းဗဟိုအနေနှင့် ဤသို့ အရေးယူဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊
ဆက်သွယ်မှုမှာလည်းအလှမ်းဝေးကြောင်းနှင့်
ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါရန်
တောင်းခံ ရှင်းလင်းခဲ့ပါသည်။





၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ဖေါ်ထုတ်တွေ.ရှိချက်များအရ
တောင်ပိုင်းတွင်လည်း ရန်သူ့လူများ စိမ့်ဝင်နေကြောင်း
၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း
၊ ဗဟိုကော်မတီတခုလုံးအား ယုံကြည်ရန်ခက်ခဲနေခြင်းကြောင့်
၎င်းတို့၏ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊

၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေးတွေ့ရှိချက်များအရ
မကဒတမြောက်ပိုင်းကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန်
တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။

မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့်
`မကဒတ´ အပေါ် ပြည်တွင်းပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများရှိနေကြောင်း၊
မြောက်ပိုင်းမှလက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟိုမှ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊
ထိုကာလအတွင်း မည်သည့်အရေးယူဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံမလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။

မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာ
ရန်သူ့စပိုင် ဟုတ်၊မဟုတ် အသေအချာမသိရသေးသော် လည်း
မကဒတ အကွဲအပြဲ နှင့် ရန်သူ့သူလျိုလုပ်ရပ်ဟု ဆက်စပ်ထားသောကြောင့်
အလွန်သတိကြီးစွာဖြင့်ကိုင်တွယ်ခဲ့ရပါသည်။

မိမိအနေဖြင့်လည်း စေ့စပ်ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲတိုက်ခိုက်ခံနေရသဖြင့်
ပိုမိုသတိထားရပါသည်။
ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ
အဖမ်းခံနေရသူများသည် မည်သူပင်ဖြစ်စေ သေဒဏ်ပေးခြင်းမျိုးမလုပ်သင့်ကြောင်း၊
ရန်သူ့ သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊
`မကဒတ´အတွင်းတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့်
လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့်
မြောက်ပိုင်းသို့သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ်ထက်သန်စွာ ကူညီနေသည့်
USB မှ ဦးစိုင်းထွန်းက မြောက်ပိုင်းတွင်
သူ့တူမဖြစ်သူတစ်ဦး
(ယခု သြစတြေးလျတွင်ရောက်ရှိနေသော နန်းအောင်ထွေးကြည်
)ပါအဖမ်းခံနေရကြောင်း၊
သူ့အနေဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊
ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြားကမ်းလှမ်းလာသောကြောင့်
မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို.သွားရောက်ရန် စီစဉ်ခဲ့ပါသည်။

ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ
၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း(သို့မဟုတ်)
အခြားသင့်တော်ရာပုံစံတခုဖြင့်လက်ခံပြီး
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက်
မေးမြန်း အကူအညီတောင်းခံခဲ့သော်လည်း အိမ်ရှင်တရုတ်နိုင်ငံ၏
သဘောဆန္ဒမပါဘဲ မဆောင်ရွက်နိုင် ကြောင်း၊
စစ်သုံ့ပန်းများ မဟုတ်၍
ကိုင်တွယ်ဆောင်ရွက်ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။
နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကိုဖြတ်ြ၍ ကြားဝင် ဆောင်ရွက်ရန်
မဖြစ်နိုင်ကြောင်းသိရှိခဲ့ရပြီးနောက်
မကဒတအနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသောအသိဖြင့်
မိမိသည် ဦးစိုင်းထွန်း၊ဗိုလ်မှူကြီးစိုင်းလိတ်(SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူ
တရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်

ကချင်၊ ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း
KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ
၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပါသည်။
မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊
တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့
မပါ)နှင့် တောက်လျှောက်ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။

4
မကဒတ မြောက်ပိုင်း၌ သေဒဏ်ပေးအရေးယူမှုကြောင့်
`မကဒတ´(ဗဟို) အပေါ်သို့ သက်ရောက်လာသည့်အဖွဲ့တွင်း၊နှင့်
ပြည်တွင်းပြည်ပမှ ရိုက်ခတ်သက်ရောက်မှုများ၊
တောင်ပိုင်းဗဟိုကော်မတီ၏ အခြေအနေနှင့် တည်ဆောက်မှုများ၊
အခက်အခဲများ ကို နားလည်လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်းဆွေးနွေးပြခဲ့ရပါသည်။

မြောက်ပိုင်းမှလည်းမိမိတို့၏အခက်အခဲများ အပေါ် နားလည်မှုရှိလာသည်နှင့်အတူ
စစ်ဆေးချက်များ၊ သက်သေခံပစ္စည်းများ ထုတ်ပြခဲ့ပါသည်။

မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက်
နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့်
မြောက်ပိုင်းစစ်ဒေသတွင် တပ်ရင်းသစ်များဖွဲ.စည်းထူထောင်ရန်
မကဒတ တောင်ပိုင်း(ဗဟို)မှ တာဝန်ပေး
စေလွတ်ခဲ့သောရဲဘော်များအနက် ဖမ်းဆီးခံရသူတချို.တိုကို
မြောက်ပိုင်းတာဝန်ခံ ရဲဘော် တချို.ရှေ.မှောက်တွင်
မေးမြန်းခွင့်ရရှိခဲ့ပါသည်။

ထို့နောက် မိမိမှ မြောက်ပိုင်းဗဟိုကော်မတီနှင့်
အခြေအနေတစ်ခုလုံးအပေါ် သုံးသပ် ဆွေးနွေးခဲ့ပါသည်။
- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ
ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည်
ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊

- သို့သော်လည်း ဤမျှ များပြားသည့်အရေအတွက်ဖြင့်
ထိုးဖေါက်ဝင်ရောက်သည်ဆိုသည်.အချက်မှာလည်း
လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊

- ရန်သူ၏စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍
`မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ
ဖမ်းဆီးခံထားရသူများအား ဘေးကင်းရာနေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်း
ဆွေးနွေးတင်ပြခဲ့ပါသည်။

မြောက်ပိုင်းမှ လုံခြုံရေးအနေအထားအရ
ချက်ခြင်းလွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံ
ပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။

သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်း
မကဒတအပေါ် နားလည်မှုမလွဲစေရန် ဆက်လက်ဆွေးနွေးခဲ့ပါသည်။

ဖမ်းဆီးခံရဲဘော်များအား သံခြေကျင်းများ မခတ်ရန့်၊
စားသောက်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို
အခြားရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။

ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ
နန်းအောင် ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူ
တပါတည်း ထည်.ပေးလိုက်ရန် မြောက်ပိုင်းဗဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။

မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊
မြောက်ပိုင်းတွင် နိုင်ငံရေး သင်တန်းများပို့ချပေးရေး၊
တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

၎င်းနောက် မိမိလည်း ဗဟိုမှ
တာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီတင်ပြရန်နှင့်
လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်
မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။

မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင်
ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်း
ကြားသိရပါသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့်
မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက်
တင်ပြအစီရင်ခံခဲ့ပါသည်။
မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေးစီမံချက်ဖြစ်သည့်
ရေလှိုင်းစီမံချက် ကိုစစ်ဆေးဖော်ထုတ်ခဲ့ကြောင်း၊
၎င်းတို့၏တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို.ထုတ်ပြန်ထားသည်.
တည်ဆဲဥပဒေအရ မိမိတို့ဗဟိုကော်မတီ၏သဘောထားမပါဘဲ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း
မိမိတို.ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရတာဝန်ခံပြီး ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားရန်၊

တောင်ပိုင်းတွင်လည်း ဆက်လက်စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကို
အတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက်
ရဲဘော်များအား အသိပညာပေးမူများဆောင်ရွက်ရန်၊
ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်
သီးသန့်ကင်းလွတ်သော တရားစီရင်ရေးစံနစ်တစ်ရပ်
ဖော်ထုတ်ကျင့်သုံးရန်တို.ကို ဆုံးဖြတ်ခဲ့ကြပါသည်။

မိမိမှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်း တို့နှင့်တကြိမ်၊
ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်း တို့နှင့်တကြိမ်။
မြောက်ပိုင်းသို့ နိုင်ငံရေးနှင့်လူ.အခွင့်အရေး၊ နိုင်ငံရေးအံတုမှုသင်တန်းများ သွားရောက်ပို့ချပေးနိုင်ခဲ့ပါသည်။
မြောက်ပိုင်းမှ ရဲဘော်များ ကိုလည်း တောင်ပိုင်းတွင်ဖွင့်လှစ်သော
ကေဒါ သင်တန်းများနှင့် အခြားသင်တန်းများတွင်ပါဝင်တက်ရောက်စေခဲ့ပါသည်။



မြောက်ပိုင်းကိစ္စနှင့်ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၎င်းတို့၂ ဦးမှ
တပ်ဖွဲ.၀င်အများအပြား __________ထပ်မံအဖမ်းခံရစေရန်
လုပ်ကြံထွက်ဆိုချက်များ ကို အသေအချာ သတိထားစီစစ်ခဲ့ပြီး
၎င်းတို့ ၂ဦးအပေါ်မှန်ကန်မျှတသော တရားစီရင်မှုနှင့် အကျဉ်းသားအခွင့်အရေးများကို ပေးခဲ့ပါသည်။

နိုင်ငံတကာအဖွဲ.အစည်းများနှင့်လွတ်လပ်စွာတွေ့ ဆုံခွင့်ပေးခဲ့ပါသည်။




ကျန်ရှိနေသော မေးခွန်းများ

၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊
မြောက်ပိုင်းကော်မတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊
စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ဗဟိုကော်မတီတွင် မရှိပါ။

သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ
(ဥပမာ - ရန်သူ့ စစ်တပ်တွင်သာအသုံးပြုသောလက်နက်၊
ဆက်သွယ်ရေးကိရိယာများနှင့်ဆက်သွယ်ရေးဝှက်စာများ)မှာ တစ်ယောက်ချင်းခွဲခြား
စစ်ဆေးထားခြင်းဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို
အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။

ဤကိစ္စ စတင်ပေါ်ပေါက်ရခြင်းမှာလည်း
မကဒတမြောက်ပိုင်းတပ်မှထွက်ပြေးသောတပ်ပြေးတစ်ယောက်ကို
မြောက်ပိုင်းကော်မတီကပြန်လည်ဖမ်းမိရာမှ အစပြုပေါ်လာခြင်း ဖြစ်ပါသည်။

တချို.ရေးသား ပြောဆို နေကြသကဲ့သို. မြောက်ပိုင်းကော်မတီအတွင်း
အာဏာလုရင်း ဖြုတ်၊ထုတ်၊သတ် လုပ်ခြင်းတော့မဟုတ်ပါ။

ရန်သူ.ထောက်လှမ်းရေးအဖွဲ.အသီးသီးမှ
စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို
အချင်းချင်းချိတ်ဆက်ပေးရမည်. မိမိတာဝန် အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့်
ပြည်တွင်းသို.ပြန်ဝင်ရန် ထွက်ပြေးရာမှ
အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေးရဲဘော်က၀န်ခံထွက်ဆိုရာမှ
ဆက်လက်ဖေါ်ထုတ်အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း
တွေ.ရှိခဲ့ရပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာလည်းမဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့
ရန်သူက အသုံးချထိုးဖေါက်ဝင် ရောက် ခြင်း မရှိနိုင်ဘူးလားဟုမေးလျှင်
ဖြစ်နိုင်မှန်း လူတိုင်းနားလည်နိုင်ပါသည်။

ဤသို့ အမြောက်အများ
ထိုးဖေါက်ဝင်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို.
တော်လှန်ရေးအင်အားစုများ၊ အတိုက်အခံအင်အားစုများကို ဖြိုခွဲရန်၊
ရန်သူက လေ့ကျင့်သင်တန်း ပေးထားသူများကို တာဝန်ပေးစေလွတ်ခြင်းများလည်း
မရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်း
စစ်အာဏာရှင်စနစ်အောက် တွင် ရှင်သန်ရပ်တည်ခဲ့ကြရသော
မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ ကာလအတွင်း
ထောက်လှမ်းရေးများနှင့် သတင်းပေးများသည်
လူထုလူတန်းစားအလွာအသီးသီးအတွင်းသို.
အသွင်သဏ္ဍန်မျိုးစုံ ဖြင့် ထိုးဖေါက်ဝင်ရောက်ခဲ့ကြပြီး
အဖျက်အမှောင့်လုပ်ငန်းများကို အောင်မြင်စွာပြုလုပ်ခဲ့ကြသည်.
သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။

မဆလ စစ်အစိုးရခေတ်ကတည်းက ကျောင်းသားထုအတွင်း
ထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ် တကျ မွေးမြူမြှပ်နှံထားခဲ့သဖြင့်
၎င်းတို.ကို ခွဲခြားသိရှိနိုင်ရန်
အလွန်ခက်ခဲမည်ကို တွေးတောဆင်ချင်ကြည်.နိုင်ပါသည်၊

(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊
ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင်
အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။

၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည်
ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်
တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့်
မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကို
တောင်ပိုင်းဗဟိုမှ မသိဘူးလား၊ ခေါင်းဖြတ် သတ်လိုက်သည်များကို အရေးမယူဘူးလား၊
မြောက်ပိုင်းကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက်လာခြင်းများရှိခဲ့ကြသော်လည်း
မိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံရောက်ရှိခဲ့ခြင်း မရှိပါ။

ပလောင်ဒေသ တွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သော
ကိုသိုက်ထွန်းဦးတို့အဖွဲ့ သာလမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။

တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည်
`မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့်
လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီး
တောင်ပိုင်းဗဟို၏ အမိန့်ပေးမှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။
၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့်အုပ်ချုပ်နေခြင်းဖြစ်ပါသည်။

မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်း
တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။
`မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကိုသင်ကြားခဲ့ကြပြီး
မဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။
အထက်အမိန့်များကိုလည်းဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်းဖြစ်ပါသည်။
ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများဖြစ်ပါသည်။

မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က
ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှထုတ်ဖေါ်မပြောခဲ့ကြပါ။

မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။
နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။

မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က
ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။
၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့်မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ
မှန် မမှန်၊ ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊
ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။

မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်
ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊
ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်
`မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍
ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။

ဤကဲ့သို့ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက်
ထင်သာမြင်သာဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင်
ဤကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟိုကော်မတီနှင့်
မြောက်ပိုင်းကော်မတီ တို.အနေဖြင့် သိရှိခံယူထားပြီး ဖြစ်ပါသည်။

၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။
မကဒတ မြောက်ပိုင်းကိစ္စတွင် ၀င်ရောက်သွေးခွဲသည့် လုပ်ရပ်များကို
လုပ်ဆောင်ခဲ့သူများရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။

ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍
ခန္ဓာကိုယ် နာကျင်စေသည့်
နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။
သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်
ကိုမေ့သွား ဖုန်းကွယ်သွားသည်များလည်း မဖြစ်သင့်ပါ။

ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတ နှင့်
ကျောင်းသားတပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို
မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။

မိမိတို့အားလုံးသည် ပေးဆပ်ရပုံခြင်းမတူသော်လည်း
စစ်အာဏာရှင် စံနစ်၏ သားကောင်များဖြစ်နေပါသည်။
မိမိတို့အဖိနှိပ်ခံပြည်သူများအချင်းချင်း ဆန့်ကျင်ဖက်ပုံစံဖြင့် ပြုမူဆက်ဆံနေကြသမျှ၊
စစ်အာဏာရှင်စံနစ်၏ အကျိုးစီးပွားအတွက်အမြဲဖြစ်နေပါ လိမ့်မည်။

ထို့ကြောင့်
(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသင့်ပါသည်။

(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊
သီးခြားလွတ်လပ်သူများဖြင့် ဖွဲ့စည်းစစ်ဆေးသင့်ပါသည်။

(၃) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊
ဥပဒေအရသော်၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။

မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင်
မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံးကို
မကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင်
မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။

မှန်သည်ဖြစ်စေ၊
မှားသည်ဖြစ်စေ
အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊
မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွား
သူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း
မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက်
ကိုယ်ချင်းစာမှုအခြေခံဖြင့်လေးနက်စွာ တောင်းပန်အပ်ပါသည်။
မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။

လေးစားစွာဖြင့်
နိုင်အောင်
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်__

၁၉၈၈ မတ်လတွင် ကြိုးကုန်းရပ်ကွက် ရထားသံလမ်းဘေးက
လဘ္ကရည်ဆိုင်တွင် သီချင်းဖွင့်ရန် တောင်းဆိုရာမှ
စက်မှုတက္ကသိုလ် ကျောင်းသားများ နှင့် အရပ်သားများ ရန်ဖြစ်ခဲ့ပါသည် ။
ဆိုင်မှထွက်လာသည့် စက်မှု တက္ကသိုလ်ကျောင်းသားကို
ရပ်ကွက်ကောင်စီသား အုပ်စုက ရိုက်လွတ်လိုက်ပါသည် ။
အရိုက်ခံရသည့် တက္ကသိုလ်ကျောင်းသားများ က ရဲစခန်းတွင်
တရားဥပဒေဖြင့် အရေးယူရန် တိုင်ကြားခဲ့ပါသည် ။
အာဏာပိုင်တွေက တရားဥပဒေကို လေးစားလိုက်နာမှုမရှိသောကြောင့်
၁၉၈၈ ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေး လူထုလှုပ်ရှားမှု မြန်မာပြည်တွင် စတင်နိုင်ခဲ့ပါသည် ။
နေဝင်းဦးဆောင်တဲ့ တပါတီအာဏာရှင်စနစ်ကျဆုံးသွားပြီး
နေဝင်း စိန်လွင် မောင်မောင် စောမောင် ခင်ညွန့် တို့ ကျဆုံးခဲ့ပါတယ် ။
အကြမ်းမဖက်လှုပ်ရှားမှု လက်နက်ကိုင်တိုက်ပွဲ နိုင်ငံတကာလှုပ်ရှားမှုတွေ ကြောင့်
မြန်မာပြည်ကို ဒီမိုကရေစီ စနစ်ကျင့်သုံးရန် အာဏာရှင် စစ်တပ်မှ စတင်ပြင်ဆင်နေရပြီဖြစ်ပါသည် ။

တိုက်ပွဲဝင် ကာလသည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေသည် ။
တော်လှန်ရေးနယ်မြေဟု ခေါ်ဆို နိုင်သော နယ်စပ်ဒေသ လှုပ်ရှားမှု ကြိုးပန်းမှု
သမိုင်းများကို ရိုးသားစွာ ရေးသား မှတ်တမ်းတင် အပ်သော ကာလကို ရောက်လာပါပြီ ။
ဥပဒေစိုးမိုးရေး အမှန်တရား ဖေါ်ထုတ်ရေးဖြင့် စတင်ပေါက်ဖွားလာခဲ့ရသော
ကျောင်းသားများ လှုပ်ရှားမှု
၈၈ လူထုတရပ်လုံးတောင်းဆိုမှုသည် ။

အမှန်တရားဖေါ်ထုတ်ရေး ဖြင့် အဆုံးသတ်ရတော့ပေမည် ။

ဒီမိုကရေစီမျိုးစေ့လေး ကို သွေးစွန်းခဲ့တဲ့ လက်တွေနဲ့  မြေသြစာမကျွေးကြပါနဲ့ ။
(ဌေးတင့်)