Saturday, October 30, 2010

မြန်မာကနေဒီယန်စကိုက် ကွန်ဖရင့်ဆွေးနွေးပွဲအမှတ်စဉ် (၃/၂၀၁၀)

အစည်းအဝေးမှတ်တမ်း

နေစွဲ၊၂၀၁၀ခု၊အောက်တိုဘာလ(၂၃)ရက်

ဆွေးနွေးပွဲတက်ရောက်သူများ

() ဦးအောင်တင်(တိုရွန်တို)

() ဦးဇော်ဇော် (တိုရွန်တို)

() ဦးဝင်းမောင်(တိုရွန်တို)

() ဦးတင်ထွဋ်(တိုရွန်တို)

() ဒေါ်သက်သက်ထွန်း(မွန်ထရီယယ်)

() ဒေါ်မော်လီ(ဆတ်ဆကာတွန်း)

() ဦးညွန့်လှ(ဆတ်ဆကာတွန်း)

() ဦးမြသွင်(ဗန်ကူးဗား)

() ဦးတင်မောင်ထူး(အော်တာဝါ)

(၁၀) ဦးသန်းအောင်(အက်ဒမင်တန်)

ယနေ.ဆွေးနွေးပွဲတွင်၊ဦးသန်းအောင်က သဘာပတိအဖြစ် ဆောင်ရွက်ကာ ဆွေးနွေးပွဲကို အောက်ပါအတိုင်း ဆက်လက် ဆောင်ရွက် ပါသည်၊

၁။ တက်ရောက်သူများအချင်းချင်းမိတ်ဆက်ခြင်း

ဆွေးနွေးပွဲ တက်ရောက်လာကြသူများ အချင်းချင်း အပြန်အလှန် မိတ်ဆက်စကားပြောကြားကြပါသည်။

၂။ သဘာပတိမှ အမှာစကားပြောကြားခြင်း

သဘာပတိဦးသန်းအောင်က၊ မြန်မာကနေဒီယန် စကိုက်ကွန်ဖရင့် ဆွေးနွေးပွဲတွင် ကနေဒါတွင် အခြေချနေထိုင်ကြသော မြန်မာတိုင်းရင်း သားများအားလုံး ပါဝင် ဆွေနွေးခွင့်ရှိပြီး၊ ပြင်ပမှ ကျွမ်းကျင်သူများကိုမူ လိုအပ်သလို အခါအားလျှော်စွာ ဖိတ်ခေါ်ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် တက်ရောက်သူတိုင်းတွင် တန်းတူအခွင့်အရေးရှိပြီး၊ ကနေဒါရောက် မြန်မာတိုင်းရင်းသားများ အကျိုးရှိမည့် မည်သည့်အကြောင်းအရာကို မဆို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါကြောင်း တိုက်တွန်းပြော

ကြားပါသည်။

၃။ မြန်မာကနေဒီယန် စကိုက်ကွန်ဖရင့်ဆွေးနွေးပွဲ အကြောင်း အရာများကို ဆွေးနွေးခြင်း

အခန်းအနားမှူး ဦးဇော်ဇော်က အခန်းအနား အစီအစဉ်အတိုင်း ဆွေးနွေးကြရန် တက်ရောက်သူများကို ဖိတ်ခေါ်ပါသည်၊

လူမှုရေးနှင့်ယဉ်ကျေးမှုကဏ္ဍ

(က) ကနေဒါရောက်မြန်မာလူမျိုးများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတိုးတက်ရေး (ဦးသန်းအောင်၏ အမှာစကား)

ကနေဒါနိုင်ငံဟာ တနေရာနှင့်တနေရာ၊ ပြည်နယ်တခုနင့် တခု အလွန်ဝေးကွာပြီး၊ ကမ္ဘာ့နိုင်ငံ အသီး သီးမှ လူမျိုးပေါင်းစုံ လာရာက် နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်၊ တရုတ်လူမျိုးများ ကနေဒါ နိုင်ငံသို့ လာ ရောက်အခြေချနေထိုင်တာနှစ်ပေါင်း(၁၀၀)ခန့် ရှိပါပြီ၊ အလားတူပင် အခြားလူမျိုး များလဲ မြန်မာ လူမျိုးများထက် ကနေဒါနိုင်ငံသို့ နှစ်ပေါင်းများစွာ စောပြီး လာရောက် အခြချ နေထိုင်ခဲ့ကြပါတယ်။

ဒါ့ထက်ပိုအရေးကြီးတဲ့ အချက်ကတော့၊ အဆိုပါလူမျိုးများဟာ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု အားကောင်းကြပြီး၊ ဖွံ့ဖြိုး တိုးတက်နေကြတဲ့ အချက်ဖြစ်ကြောင်း တင်ပြလိုပါ တယ်၊

မြန်မာလူမျိုးများဟာ အဆိုပါလူမျိုးများရဲ့ နမူနာကောင်းများကို အတုယူပြီး ၎င်းတို့ကဲ့သို့ တိုးတက်စေရန် ကနေဒါနိုင်ငံရဲ့ ပြည်နယ် အသီးသီးမှာ ပြန့်ကျဲနေထိုင်ကြတဲ့ တဖွဲနှင့်တဖွဲ့ အပြန်အလှန် ဆက်သွယ်ပြီး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အကျိုးရှိမည့်သတင်းများ ဖလှယ်ပြီး ထိရောက်စွာ ကူညီနိုင်မည့် နည်းလမ်းများဖြင့် အစားထိုး အကောင်အထည် ဖေါ်နိုင်ရေးကို စုပေါင်းအဖြေရှာရန်

လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍတိုအတွက် တူညီသောရည်မှန်းချက်များကို အမြန်နိုင်ဆုံး စုပေါင်း ရှာဖွေကြရန် နှင့် အဆိုပါတူညီသောရည်မှန်းချက်များကို အခြေခံပြီးတဦးနှင့် တဦးသာမက ပြန်ကျဲ နေသော လူမှုရေးနှင့်ယဉ်ကျေူမှုအသင်းများ အချင်းချင်း အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အင်အားစိုက်ထုတ် ကျိုးပမ်းကြရန် လိုမည်ဟုယူဆ ပါကြောင်းဆွေး နွေးပါသည်။

() ကနေဒါရှိ မြန်မာလူမျိုးများ၏ အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်မာရေး ဖွံဖြိုးတိုးတက်ရေး

ဦးသန်းအောင်

အချိန်သည် ငွေဟုတင်စားပြီး အချိန်၏အရေးကြီးပုံကို လူတိုင်းပြောဆိုကြပါတယ်၊အချိန်ဟာ အခွင့်အလမ်းနဲဆက်နေပါတယ်၊ အခွင့်အလမ်းကို ဖေါ်ပြအသိပေးတဲ့ သတင်းအချက်အလက် ကို လူတိုင်းအချိန်မှီရဘိုလိုပါတယ်၊ မြန်မာလူမျိုးများအနေနဲ့ ကနေဒါနိုင်ငံအတွင်း မှာအခြား လူမျိုးများနည်းတူ တရားဝင်ရရှိနိုင်တဲ့ အခွင့်အလမ်းများစွာရှိပါတယ်၊ အဲဒီအခွင့်အလမ်း တွေကို ဖေါ်ပြပေးတဲ့ သတင်းအချက်အလက်တွေကို မြန်မာလူမျိုးများ အချိန်မှီရရှိရေးဟာ မြန်မာလူမျိုးများ တိုးတက်ဖွံဖြိုးရေးအတွက် အဓိကအရေးအကြီးဆုံးအချက်ဆိုရင် မှားမယ် မထင်ပါ၊ ထိုကဲ့သိုအရေးကြီးသော သတင်းအချက်အလက်များကို မြန်မာများ ဝိုင်းဝန်း ရှာဖွေစုစည်း ပြီး၊မြန်မာလူမျိုးအားလုံး အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်မဲ့၊နေရာတခု ဖန်တည်းထားရှိဘို.အရေးတကြီး လိုအပ်နေကြောင်းတင်ပြဆွေးနွေးပါသည်။

ဦးဇော်ဇော်

မြန်မာကနေဒီယန်အသင်း(ဘီစီအေအို)ကို ၁၉၉၀ခုတွင်ဖွဲ.စည်းတည်ထောင်ခဲ့ပြီးမြန်မာလူမျိုး

(တိုင်းရင်းသားအားလုံး)အားလုံးအကျိုးရှိမဲ့သတင်းအချက်အလက်များကိုအသိပေးလာခဲ့တာ

အခုဆိုရင်နှစ်ပေါင်း(၂၀)ကျော်ရှိပြီဖြစ်ကြောင်း၊အသုံးလိုတဲ့မြန်တိုင်းရင်းသားအားလုံးအနေဖြင့်

ဘီစီအေအိုဝက်ဆိုက်တွင်သတင်းအချက်အလက်များထုတ်ယူအသုံးပြုနိုင်ပါကြောင်းဆွေးနွေး

တင်ပြပါသည်။

ဒေါ်သက်သက်ထွန်း

မြန်မာပြည်အရပ်ရပ်မှ ကနေဒါသို့ ရောက်ရှိလာသော မြန်မာလူမျိုးများအား ကဏ္ဍအသီးသီး အတွက် လိုအပ်သော သတင်းအချက်အလက်များပေးနိုင်ရန် ထားရှိမည့် ဝက်ဆိုက်အတွက် လိုအပ်သော အကူအညီများပေးနိုင်ပါကြောင်းတင်ပြဆွေးနွေးပါသည်။

ဦးတင်မောင်ထူး

မြန်မာလူမျိုးများ အနေများသော အော်တိုဝါမြို့တွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ခု ဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းသင့်ကြောင်း ဆွေးနွေးပါသည်။

ဦးဝင်းမောင်နှင့် ဒေါ်သက်သက်ထွန်းတို့မှလည်း ဘုန်းတော်ကြီးကျောင်း ထားရှိခြင်းသည် စိတ်ဓါတ်ရေးရာအတွက် အထောက်အကူပြုသလို သာရေးနာရေးများကို မြန်မာများ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် လိုအပ်ကြောင်း ထောက်ခံပြောကြားကြပါသည်။

နိုင်ငံရေးကဏ္ဍ

၂၀၁၀ခုနိုဝင်ဘာလ()ရက်နေ.တွင်စစ်အစိုးရရဲ.အထွေထွေရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တဲ့အတွက်၊ရွေးကောက်နဲပတ်သက်ပြီး၊ ကနေဒါရောက်မြန်မာများ အနေဖြင့် ဘယ်လိုအခန်း ကဏ္ဍ ကနေပြီး၊ ပါဝင်ကြ မလဲ၊ခုထဲက ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ဆက်လက်ပြီး ဘယ်လို အစီအစဉ်တွေကို စုပေါင်းလုပ် ဆောင်မလဲ ဆိုတဲ့အချက်များကို ဆွေးနွေးပွဲတက်ရောက်သူ များက အောက်ပါအတိုင်း ဆွေးနွေး ညှိနှိုင်းကြပါသည်-

ဦးတင်မောင်ထူး

မြန်မာနိုင်ငံ၏ ကနေဒီယန်မိတ်ဆွေများအသင်း(စီအက်အိုဘီ) ရွေးကောက်ပွဲနှင့် ပတ်သက် ပြီး ပြင်ဆင်ပြီးစီးမှု အခြေအနေကို တင်ပြပါသည်၊ ထိုင်းမြန်မာနယ်စပ်တွင် တာဝန်ယူလှုပ်ရှား နေသော Network for Democracy ခေါင်းဆောင်ဒေါက်တာနိုင်အောင်ကို ကနေဒါသိုလာ ရောက်ပြီး စီအက်အိုဘီနှင့်အတူ ရွေးကောက်ပွဲဆန်ကျင်ကန်ကွက်ရေး စီမံချက်တွင် ပါဝင်ရန် စီစဉ်ထားကြောင်းတင်ပြပါသည်၊၂၀၁၀-ခုနိုဝင်ဘာလ()ရက်တွင် တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ရွေးကောက်ပွဲဆန်ကျင်ရေး လှုပ်ရှားမှုတွင် ကနေဒါရောက် မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူများ အနေဖြင့် သင့်တော်တဲ့ အစီအစဉ်များဖြင့် ပါဝင်သင့်ကြောင်း ဆွေးနွေးပါသည်။

အထက်တွင်ဖေါ်ပြထားသည့် ရွေးကောက်ပွဲဆန်ကျင်ရေး လှုပ်ရှားမှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်ကြသည်၊ ဦးမြသွင်၊ ဦးညွန်လှ၊ ဒေါ်မော်လီ၊ ဦးဝင်းမောင်၊ ဒေါ်သက်သက်ထွန်း၊ ဦးအောင်တင်၊ ဦးသန်းအောင်၊ ဦးတင်ထွဋ်နှင့် ဦးဇော်ဇော်တို့မှ အသေးစိပ်ပြန်လည် ဆွေးနွေးတင်ပြကြပါသည်၊ အောက်တွင် ဖေါ်ပြပါအတိုင်း ဆက်လက်ဆောင်ရွက်ကြရန် သဘောတူကြပါသည်၊

၂၀၁၀-ခုနိုဝင်ဘာလ()ရက် မတိုင်မှီကျန်ရှိနေသော ရက်များအတွင်း၊ ကနေဒါရောက် မြန်မာ့ ဒီမိုကရေစီအရေး ဆောင်ရွက်သူများအနေဖြင့် မိမိတိုပြည်နယ်အသီးသီးတွင် မိမိတိုအတွက် သင့်တော်ဆုံးသော အစီအစဉ်များဖြင့်၂၀၁၀-ခုရွေးကောက်ပွဲဆန်ကျင်ရေး လှုပ်ရှားများကို စီစဉ်ဆောင်ရွက်ရန် ၂၀၁၀-ခုနိုဝင်ဘာလ()ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲဆန်ကျင်ရေး လှုပ်ရှားမှုတွင်လည်း ကနေဒါရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် မြန်မာ့ ဒီမိုကရေစီရေး အဖွဲအစည်းများက အတတ်နိုင်ဆုံး ပါဝင်လှုပ်ရှားကြရန် ကနေဒါအစိုးရ ထံသို ကနေဒါရောက် မြန်မာ့ဒီမိုကရေစီအဖွဲများက၂၀၁၀-ခုနိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် မြန်မာပြည်သူအားလုံးကို စစ်ကျွန်ပြုလုပ်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို အသိအမှတ် မပြုရေး တောင်းဆိုသည့်စာ ရေးသားပေးပိုရန်

၎။သဘာပတိမှနိဂုံးချုပ်စကားပြောကြားခြင်း

သဘာပတိဦးသန်းအောင်က ဒီနေဆွေးနွေးပွဲအတွက် ပေးထားတဲ့အချိန်ဟာ ()နာရီဖြစ်သော်လဲ၊ လက်တွေမှာ ()နာရီပင်ကျော် သွားပါတယ်၊ ဒါကိုကြည်ခြင်းအားဖြင့်၊ ဒီနေကျင်းပတဲ့ မြန်မာ ကနေဒီယန်စကိုက်ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့သူများ အနေဖြင့် အမိမြန်မာနိုင်ငံနှင့် သန်း(၅၀)သော ပြည်သူလူထုကြီးတရပ်လုံးအတွက် သေရေးရှင်ရေး လိုအရေးကြီးတဲ့ စစ်အစိုးရးရဲလိမ်ညာမှု၊ အကြပ်ကိုင်အနိုင်ကျင့်မှုများ အခြေခံထားတဲ့တရားမျှတမှုလု့းဝမရှိတဲ့၂၀၁၀-ခု နိုဝင်ဘာလ()ရက်နေမှာ ကျင်းပမဲ့ ရွေးကောက်ပွဲနဲပတ်သက်ပြီးတက်တက်ကြွကြွ ဆွေးနွေးကြ တာကို တွေရလိုအထူးပင် ကြေနပ်ဝမ်းမြောက်မိပါကြောင်း၊ ဒီနေဆွေးနွေး သဘောတူညီိချက်တွေကို အောင်မြင်အောင် လိုအပ်သလို ဆက်လက်ညှိနှိုင်းဆောင်ရွက်ဘို.မေတ္တာရပ်ခံကြောင်း ပြောကြားပါ သည်။

၆။နောက်တကြိမ်ဆွေးနွေးပွဲအတွက်ရက်သတ်မှတ်ခြင်း

အရေးပေါ်စကိုက်ကွန်ဖရင့်ဆွေးနွေးပွဲကို ၂၀၁၀-ခုနိုဝင်ဘာလ()ရက်နေသောကြာနေတွင် ကျင်းပရန် ယနေဆွေးနွေးပွဲကို ညနေ()နာရီတွင် စတင်ကျင်းပပြီး၊ ()နာရီခွဲတွင်ပြီးဆုံးပါသည်။

ဆွေးနွေးပွဲမှတ်တမ်းပြုစုသူ- ဦးသန်းအောင်(အက်ဒမင်တန်မြို)

နေ.စွဲ၊ ၂၀၁၀ခု၊အောက်တိုဘာလ(၂၇) ရက်