Sunday, January 18, 2009

ကိုယ်အတိုင်းအတာနဲ့ ကိုယ်

ကိုယ်အတိုင်းအတာနဲ့ ကိုယ်

အနီးအဝေး
ခရီးကလေးတခုမှာ
နီးတာ ဝေးတာ
ဘာကိုစံညှိ
မတိကျတဲ့ အတိုင်းအတာ
ဘယ်ဟာမှန်မလဲ ..။

အကြီးအသေး
ပစ္စည်းကလေးတခုဟာ
ကြီးတာသေးတာ
ဘာကိုစံထား
မမှားမဲ့ အတိုင်းအတာ
ဘယ်ဟာယူမလဲ ...။

လူတော်လူညံ
သတ်မှတ်တဲ့ အခါ
ညံ့ တာတော်တာ
ဘာကိုဆိုလို
ဘယ်လိုသတ်မှတ်
ဘယ်ဖြစ်ရပ်နဲ့ နိုင်း
ဘယ်လိုတိုင်းမလဲ ...။

အမှားအမှန်
ပုံသဏ္ဌန်တခုမှာ
ဘယ်ဟာအမှား
ဘယ်နားကအမှန်
ဘယ်ပေတံနဲ့ 
ဘယ်သူထံ
အဆုံးအဖြတ်ခံမှာလဲ ....။ ။


အမှန်အမှားသည်ပင်လျှင်အချိန်အခါနေရာဒေသပေါ်လိုက်၍ ပြောင်းလွဲတပ်ပြန်၏
သို့ သော် ထိုအချိန်ထိုနေရာထိုဒေသရှိ အများ၏ဆုံးဖြတ်ချက်ကိုသာလေးစားလိုက်နာသင့်
ပေသည်...။






Friday, January 9, 2009

ကလေးများအတွက် ကဗျာများ..

ကလေးများအတွက် ကဗျာများ..

( ၁ ) မွေးဌာနီ...

နှင်းပွင့် ကလေးတွေ ဖွေးရင်ကွယ်
သားလေးချမ်းလှတယ်
မေမေရယ် စောင်ခြုံပေး
ကနေဒါ ကအေး..။

ဖေဖေချစ်တဲ့ မြန်မာပြည်
သားလေး ရောက်ချင်သည်
မွေးဌာနီဘာကြောင့်များ
ဖေဖေ ပြန်မသွား... ။ ။


( ၂ ) လိမ်မာတဲ့ သားကလေး

ကြေးစည်ကလေးထုလို့ ရယ်
ဘုရားရှစ်ခိုးမယ်
ဦးချကွယ်သုံးကြိမ်မြောက်
ရွှေနိဗ္ဗန်သို့ ရောက်..။

လူတွေကြောက်တဲ့ ငရဲပြည်
သားတို့ မသွားပေ
ငြိမ်းချမ်းပါစေမြန်ပြည်သို့ 
ဆုတောင်းမေတ္တာပို့ ...။ ။