Sunday, June 22, 2008

ပျောက်သောကြယ် ဘယ်မှာလဲ

အမှန်တရားရဲ့ အနောက်
မြှောက်ပင့်တဲ့ လူတစုအကြား
ပြောက်သွားတဲ့ မှန်တချပ်..
ရစ်ပတ်ခဲ့ အမှားများစွာ
ဘ၀ပါသေဆုံး
အပြုံးတို့ ပျောက်ကွယ်
ယုံလွယ်တဲ့ဦးနှောက်
ဖေါက်ဖျက်ခဲ့ သစ္စာတရား
စေစားတဲ့ အတ္တစိတ်
အတိတ်ကကြီးမြတ်မှူ
ဘယ်သူကိုဘာ့အတွက်
ငဲ့ ကွက်နေရမှာလဲ ...


၁၉၈၉ ခုနှစ်

Friday, June 20, 2008

အလွမ်းနဒီဘေးမှာ

အလွမ်းနဒီဘေးမှာ

အလွမ်း တပွင့်
ပန်းတပွင့် 
လမ်းသင့် လျှင်မျှော
လွမ်းရေကျောမှာ
လွမ်းသောသူကမျှောလိုက်သည် ။

အနမ်းတခါ
ပန်းတခါ
အကျင်နာချွေချ
တချိန်ကပေါ့
သူမပေးဆက်ဖူးပါသည် ။

အနမ်းကြောင့်ဆွေး
ပန်းခြောက်ကလေး
ဖြေးဖြေးချွေမွှ
သတိယရင်
တစစီလွှင့် ချွေ တပ်ပါသည်။

အနမ်းတဆ္ဆေ
ပန်းကဝေ
လွမ်းလေပြေခ
လသာညမှာ
သူမပျော်မွေ့ ဘူးပါသည် ။

အနမ်းအိမ်မက်
ပန်းချိန်စက်ဖြင့် 
အိပ်စက်ညများ
ဘ၀တပါးမှ
သူ့ အားတောင်းဆုပြုပါသည် ။

( ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ )


ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ 

Wednesday, June 4, 2008

ပွဲဖျက်မည့် သူ

ပွဲဖျက်မည့် သူ

ကမှာလား..
သွားသွား ကချေ...။

ကြည့် ရင်လည်း
ကဲ ကဲ ငြိမ်ငြိမ်ထိုင်....။

အလိုလေး
မကလည်းမက
မကြည့် လည်းမကြည့် 
ငတိလက်ထဲ
ခဲ နဲ့ ပါလား...။ ။


သားမောင်စစ်သည်သို့ 

သားမောင်စစ်သည်သို့ 
အမေ့ ထံမှစာ

ပန်းတို့ ကြွေကာ
ရေမှာမျောရ
သောကပင်လယ်မှာဆုံး
ပန်းတကုံးသီဖို့ ဆိုရင်
ပန်းပင်ပေါ်ကမင်း
ဆင်းခဲ့ ပါတော့ ....

Type the rest of your post here.

Monday, June 2, 2008

မစည်းရုံးစေသူသာ

မစည်းရုံးစေသူသာ

အမှန်တရား
အမှားတရံ
ကျားကန်ငြင်းကြ
ငါအတ္တစွဲ
ငါပဲလူတော်
ထုတ်ဖေါ်ဒဿန
ဖွင့်ဟအတွေးအခေါ်
ဆော်ကြကော်ကြ
ထုကြနှက်ကြ
မရသည့် အဆုံး
ပြုံးဖြင့် ကြိတ်ကြံ
ဟန်ဆောင်အုပ်စုဖွဲ့ 
သူ့ ဖက်ငါ့ ဖက်နဲ့ 
ဦးတည်ချက်တွေလွဲ
အကွဲကွဲအပြားပြား
အင်အားချိနဲ့ 
ဒို့ ရဲ့ ရန်သူ
ဘယ်မှာလဲ ....။ ။