Thursday, December 25, 2008

ခရစ်စမတ် အထူး လက်ဆောင်

" GOD IS LOVE "


" ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မှူ၏ "

( ခရစ်စမတ်ဆိုသည်မှာ ပေးဆပ်ခြင်း၏ ပုံသက်သေ ဟူ၍လည်းယူဆ၍ ရနိုင်ပါသည် )

ဤကမ္ဘာမြေပေါ် ရှိ သက်ရှိ သတ္တ၀ါ တိုင်းသည် အသက်ရှင်သန်နေနိုင်ရန်အတွက် နီးစပ်ရာ ဆက်
စပ်ရာ သို့ မဟုတ် မိရှိးဖလာ အလိုက် အစား အစာတခုခုကို စားသုံးကြရသလို အဆင့် အမြင့်ဆုံး
သတ္တ၀ါဖြစ်သည့် လူသားများသည် ခန္ဓာကိုယ်ရှင်သန်နေယုံသာမကပဲ ၀ိညာဉ် ရေးရာဆက်လက်
ရှင်သန်နေနိုင်ရန်အတွက် ဘာသာတရားတခုခုကို မိရိုးဖလာအလိုက်ဖြစ်စေ ၊ မိမိကိုယ်တိုင်ရွေးချယ်
၍ ဖြစ်စေ ကိုးကွယ်ဆီးကပ်ပူဇော်ပသ တပ်ကြလေ့ ရှိသည် ။

ထိုသို့ ကိုးကွယ်ကြရာတွင် ကယ်တင်သောအရှင် မစသောအရှင် သို့ မဟုတ် လမ်းပြသောအရှင်
စသည့် ကြီးမြတ်သော ထူးခြားသော ပုဂ္ဂိုလ် တို့ ကိုတို့ ကို ပူဇော်ဆီးကပ်ကိုးကွယ်ကြလေ့ ရှိရာ
အဘယ်အရာသည် ဘုရားဖြစ်တော်မူသနည်း အဘယ်ကြောင့် ထိုသူကို ကိုးကွယ်ဆီးကပ်ကြရ
ပါနည်း ၊ ထိုကိုးကွယ်သင့် သောပုဂ္ဂိုလ်သည် အခြားသောသူများထက် အဘယ်သို့ ထူးခြားနေ
သင့် ပါသနည်း စသည့် မေးခွန်းများကို မိမိကိုယ်မိမိ မေးမြန်းရန် လူအများစုတို့ သည် မေ့လျှော
နေတပ်ကြပေရာ ရှူဒေါင့် တခုမှနေ၍ အချို့ ကျမ်းချက်များကို ကိုးကား၍ဝေငှ လိုက်ပါသည် ။
" Whoever does not love does not know God, because God is Love "
( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ( ဓမ္မသစ်ကျမ်းပိုင်း စာမျက်နှာ ၃၁၇ ၊ ရှင်ယောဟန်သြ၀ါဒစာ
အခန်းကြီး ၄ ၊ အခန်းငယ် ၈ )
တွင် ဆိုထားပေသည်
ထိုအခါ မေတ္တာဆိုသည် ကိုကျမ်းစာက အဘယ်သို့ ဆက်လက်ဖွင့် ဆိုထားပါသနည်း ဟု
လေ့ လာကြည့် သော် " Love is patient, Love is kind. It does not envy, it does not boast,
it is not proud, it is not rude, it is not self-seeking, it is not easily angered, it keeps no
record of wrongs. ( 1 Corin 13:4-5 ) " ငါ့ ၌ မေတ္တာမရှိလျှင်အကျိုးမရှိ ၊ မေတ္တာသည် စိတ်ရှည်
တပ်၏ ၊ ကျေးဇူးပြုတပ်၏ ၊ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ ၊ ၀ါကြွားခြင်းမရှိ ၊ မာန်မာနမရှိ ၊ မလျှောက်
ပတ်စွာမကျင်တပ် ၊ ကိုယ်အကျိုးကိုမရှာတပ် ၊ ဒေါသအမျက်မထွက်တပ် ၊ အပြစ်ရှိသည်ဟုမထင်တပ်
မတရားသောအမှူ၌ ၀မ်းမြောက်ခြင်းမရှိတပ် ၊ သမ္မာတရား၌ ၀မ်းမြောက်တပ်၏ ခပ်သိမ်းသောအရာ
တို့ ကိုဖုံးအုပ်တပ်၏။ " ဟုဆိုထားပေသည် ။
ခရစ်တော်ဘုရားသခင်ကိုယ်တော်တိုင်ကလည်း လူသားခြင်းမေတ္တာပြကူညီကြရန် ဤသို့ 
မိန့် မှာခဲ့ ဘူးပါသည် ။ " A new command I give you: Love one another . As I have Loved
you, so you must love one another." ( John 13:34 ) " သင်တို့ သည် အချင်းချင်း တယောက်
ကို တယောက် ချစ်ကြလော့ ။ ငါသည် သင်တို့ ကိုချစ်သည့် နည်းတူ အချင်းချင်းချစ်ကြလော့ ဟုပ
ညတ်သစ်ကိုငါပေး၏ " ဘုရားသခင်သည် လူအများတို့ ကိုအဘယ်ကဲ့ သို့ ချစ်ကြခဲ့ ပါသနည်း ၊ ချစ်
ရန်တိုက်တွန်းမိန်မှာခဲ့ ပါသနည်း ဟု ကျမ်းစာများ၌လေ့ လာကြည့် ပြန်သော် ..
( ၁ ) စွန့် ကြဲ ပေးကမ်းကူညီခြင်း
( ၂ ) စွန့် လွတ်အနစ်နာခံကူညီခြင်း
( ၃ ) စွန့် စား ကယ်တင်တော်မူခြင်း
စသည့်  စွန့်  ၃ စွန့် ကို အဓိကထားကူညီလမ်းပြ သွားကြောင်း ကြမ်းစားများတလျှောက်တွေ့ ရှိရ
ပါသည် ။
လူသားအချင်းချင်း လူမျိုးအချင်းချင်း မိမိရောက်ရှိရာ နေထိုင်ရာ မွေးဖွားရာ ပတ်ဝန်းကျင်
တွင်မိမိတပ်နိုင်သည့် ဖက်များမှ ကူညီကြရာတွင်
( ၁ ) အချိန်ပေးကူညီခြင်း
( ၂ ) ငွေပေးကူညီခြင်း
( ၃ ) အကြံ ပေးကူညီခြင်း
( ၄ ) သတိပေးကူညီခြင်း
( ၅ ) လုပ်အားပေးကူညီခြင်း
( ၆ ) ဆုတောင်း ကူ ညီခြင်း
စသည် ဖြင့် မိမိတပ်နိုင်သည့် ဖက်များမှ တပ်နိုင်သလောက် အနစ်နာခံကူညီကြခြင်းသည် မင်္ဂလာ
ရှိသော လုပ်ရပ်များဖြစ်ကြောင်း ဘာသာတရားတိုင်းက လက်ခံထားကြပေသည် ။ လူတိုင်းသည်
မပြည့် စုံ ခြင်း အလျှင်းရှိသည့် အလျှောက် တပ်နိုင်သလောက် အကောင်းမြင်ဝါဒ ဖြင့် သာ သဘော
ထားကြီး မေတ္တာပြ သဘောထားကြီး ကူညီ အနစ်နာခံကြရန် ကြိုးစားသင့် ပေသည် ။
ယနေ့ ကမ္ဘာပေါ်တွင် လူသားအများစုကလေးစားကြရသော နိုဘယ်ဆုရှင်ပုဂိုလ်ကြီးများ
ကမ္ဘာကျော်ပုဂိုလ်ကြီးများကိုအနည်းစပ်ဆုံးလေ့ လာကြည့် ကြမည် ဆိုလျှင် သူတို့ ၏ ပညာမြင့် မား
တပ်မြောက်ခြင်း ၊ ချမ်းသာကြွယ်ဝကြခြင်း ၊ သြဇာအာဏာမြင့် မား ခြင်းတို့ ကြောင့် မဟုတ်ကြပဲ
ထိုသူနှင့် ဆက်ဆိုင်သော လူအများစုအတွက် အဘယ်မျှ အနစ်နာခံ ကိုယ်ကျိုးစွန့် စွန့် စားလုပ်
ဆောင်ခဲ့ ကြသည် ဆိုသည် ဖြင့် သာအများသဘောတူတိုင်းတာ လေးစားကြလေ့ ရှိ့ ကြောင်း
တွေ့ မြင်ကြရပါသည် ။ အခြားအရည်အချင်းများကြောင့် အထင်ကြီးချင်ကြီး ကြပါလိပ်မည် ၊ ကြောက်
ရွံ့ ချင်ကြောက်ရွံ့ ကြပါလိမ့် မည် သို့ သော် နောက်ကွယ်တွင် မလေးစားတပ်ကြပါ ။ လူအများ၏
စစ်မှန်သောအလေးစားခံရတပ်မှူသည် အဘယ်မျှအနစ်နာခံခဲ့ခြင်းဖြင့် သာ တိုက်ရှိက်အချိုးကြ
လျှက်ရှိကြောင်းရိုးရှင်းစွာ တွေရပေသည် ။
သို့ သော်ထိုသူအများစုတို့ သည် အလေးစားခံခြင်၍ အနစ်နာခံပြကြခြင်းမဟုတ်ကြ
ပဲ မိမိတို့ ၏ ၀ါသနာ ၊ စေတနာ ၊ အနစ်နာ တို့ နှင့် မခံခြင်စိတ် တို့ ၏တွန်းအားများကြောင့် သာ
တဖြေးဖြေး ၀င်ရောက် ပတ်သက်လာကြရကြောင်း တွေ့ ရတပ်ပေသည် ။ ထိုအနစ်နာခံ ဦး
ဆောင်လိုစိတ်အများစုတို့ သည် ပြည်သူ အများစုအပေါ် မေတ္တာ၊ စေတနာ ထားမှူများမပေါက်
ဖွားလာတပ်ပေရာ မေတ္တာသည်သာ အမြတ်ဆုံးဖြစ်ကြောင်းတွေ့ ရပေသည် ။
" Whoever does not love does not know God, because God is Love " ( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ဟုသာဖေါ်ပြလိုပါသည်
ယနေ့ ကမ္ဘာကြီးပေါ်တွင် ဘာသာတရားတိုင်း၌ အစွန်းရောက်ဝါဒီများရှိတပ်ကြ
သလို။ အ ကောင်းအဆိုး အားနည်းချက်အားသာချက် နှင့် လူအမျိုးစုံ တို့ ကို ဒွန်တွဲ၍ဘာသာတိုင်း၌
တွေ့ ရှိနိုင်ကြပေရာဘာသာတရားအားလုံး၏ ဘုံ လေးစား ထိုက်သော တူညီသော အမြင့် မြတ်ဆုံး
သော အရာသည် ကား Love ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း ရိုးသားနိမ့် ချစွာ ဝေငှလိုက်ရပါသည် ။

" Qualities of a Leader "

" Patience, Vigilance and industry, Liberality , compassion and hope-these are the qualities
of a leader; these the qualities that should be wished for by the righteous. "

နာယကဂုဏ် ၆ ပါး

" ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ထောက်ရှူ ဤခြောက်ခု ကြီးသူ ကျင့် ဝတ်သာ ။ "




Thursday, December 18, 2008

စိတ္တဇကွန်ခြာထဲမှာ

စိတ္တဇကွန်ခြာထဲမှာ

အနည်းနှင့် အများ
အမှားနှင့် အမှန်
သဏ္ဌာန်တူကွာခြားချက်
အဖက်ဖက်ရှူ့ ဒေါင့် များနဲ့ 
အနားမညီ ဗဟုဂံကတစ်ခု ။

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။

ခြစားဖုံတက်
ရင်ကျက်ဟောင်းနွမ်း
လရောင်လမ်းမှ
မျှော်မှန်းအိမ်မက်
အတွေးနက်မည့် 
စာအုပ်တွေ ။

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

ကောင်းကင်မြေထက်
နေထွက်လ၀င်
အသွင်သဏ္ဌာန်ပြောင်း
လဟောင်းနှစ်ထပ်
လည်ပတ်နေမည့်  ကမ္ဘာမြေ ။ ။




Type the rest of your post here.

Sunday, December 14, 2008

' C '

* c ၊ ပ ၊ ဂ နှင့် ၁ *

မင်းမမှားပါ
ငါလည်း မှန်တယ်
အလည် မှာ င
ဘက်စုံ မှ ကြည့် 
ရှိသည့် သန်တန် မတူပြန်ဘူး
သူ ငယ် ချင်း ။